HOT NEWS
Main menu
adv
သရက်သီး တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်၍ ဈေးကွက်ချဲ့ထွင်မည်

သရက်သီး တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်၍ ဈေးကွက်ချဲ့ထွင်မည်

ရန်ကုန်

မြန်မာ့သရက်သီးများကို အရည်အသွေးပိုင်းမြှင့်တင်၍ ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ ''သရက်သီးကို အလုံးလိုက်မသွားဘူး။ အနှစ်လုပ်ပြီးပို့မှာ၊ မနှစ်ကလဲပို့တယ်၊ ဒီနှစ်လဲပက်ကင်စည်သွတ်ဘူးနဲ့ ပမာဏများများ ပို့နိုင်ဖို့နဲ့ သရက်သီးအခြောက်တွေပါ ပို့နိုင်ဖို့ စီစဉ်နေပါတယ်။ ဈေးကွက်လည်း ဒီထက်ပိုကျယ်ပြန့်အောင် ဆောင်ရွက်မယ်။ လောလောဆယ် ဈေးကွက်သစ်အနေနဲ့ ရုရှားကို ရည်မှန်းပါတယ်''ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


စိန်တစ်လုံးနှင့် ရင်ကွဲသရက် အမျိုးအစားများမှ ထုတ်လုပ်ရရှိသော သရက်အနှစ်၊ သရက်ခြောက် ထုတ်ကုန်ပစ္စည်းများအား ရုရှား၊ ထိုင်း၊ ကိုရီးယား၊ ဒူဘိုင်းစသည့် နိုင်ငံများအား တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအနေအထားထက် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။  လက်ရှိ ပြည်တွင်းမှထွက်ရှိသော သရက်သီးများကို တရုတ်-မြန်မာနယ်စပ် မူဆယ်ဂိတ်ဈေးကွက်သို့ အဓိကထားတင်ပို့လျက်ရှိပြီး၊ ဟောင်ကောင်၊ ဒူဘိုင်း၊ မလေးရှားစသည့် နိုင်ငံများကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။


သရက်သီး ပြည်ပတင်ပို့ရာတွင် အလုံးလိုက် တင်ပို့ပါက စိုက်ပျိုးရာတွင် ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်ထားကြောင်း အသိအမှတ်ပြု(GAP)လက်မှတ်လိုအပ်ပြီး ကုန်ချောထုတ်လုပ်မှုလောက် ဈေးမရကြောင်း၊ ထို့ကြောင့် ရေရှည်အကျိုးဖြစ်နိုင်မည့် တန်ဖိုးမြှင့် ထုတ်ကုန်ကိုသာ တင်ပို့နိုင်ရန် အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) သရက်စိုက်ပျိုးသူများအသင်းမှ ဒုဥက္ကဋ္ဌဦးမြင့်ဦးကဆိုသည်။  မြန်မာနိုင်ငံတွင် သရက်မျိုးပေါင်း ၂ဝဝ ကျော်ရှိပြီး၊ ၁၉၁ မျိုးစိုက်ပျိုးကာ ပြည်ပတင်ပို့မှုတွင် စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ပတ္တမြား ငမောက်စသည့် သရက်သီးမျိုးများသာတွင် ကျယ်လျက်ရှိကြောင်း သိရသည်။

ဖြူသစ်လွင်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS