Main menu
HOT NEWS
adv
ရန်ကုန်တွင် ကားလမ်း ပိတ်ဆို့မှုပြဿနာ ပြေလည်ရေး မိုးပျံရထား ပြေးဆွဲရန် စီစဉ်နေဟု ပြည်ထောင်စုဝန်ကြီး ဆို

ရန်ကုန်တွင် ကားလမ်း ပိတ်ဆို့မှုပြဿနာ ပြေလည်ရေး မိုးပျံရထား ပြေးဆွဲရန် စီစဉ်နေဟု ပြည်ထောင်စုဝန်ကြီး ဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်မြို့ အတွင်းတွင် ကားလမ်းပိတ်ဆို့မှုပြဿနာများ ပြေလည်စေရေးအတွက် မိုးပျံရထားပြေးဆွဲ မှုကို စီစဉ်ဆောင်ရွက်နေကြောင်း ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသန့်စင်မောင်က သတင်း ထောက်များအား ပြောကြားလိုက်သည်။ ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒသမမြောက်နေ့အစီအစဉ်အပြီးတွင် မိုးပျံ ရထားကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများ၏မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


''ဂျပန်ကဝန်ကြီးနဲ့ ကျွန်တော်တိုင်ပင် ထားတာရှိတယ်။ ရန်ကုန်ကနေ မင်္ဂလာဒုံ လေဆိပ်ကိုဖြတ်ပြီးတော့ ဟံသာဝတီလေဆိပ်အထိ လေယာဉ်ဆိုက်ချိန် အချိန်ကိုက်ဖြစ် အောင်လုပ်ဖို့ တိုင်ပင်ထားတယ်။ အချို့ မြို့တွင်းဖြတ်ပြေးတဲ့ရထားတွေက မြေပေါ်လည်းသွားတယ်။ သူရဲ့ ပထဝီဝင်အနေအထားရ သွားရပါတယ်။ အဲဒါဆို အတိုင်းအတာတစ်ခုအထိ ကားကျပ်တာသက်သာမယ်။ ဒါကြီးက ချက်ချင်းကြီး အများကြီးတော့ မဖြစ်နိုင်ဘူး'' ဟု ပြောကြားခဲ့သည်။


''ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြေအောက်ရထားပြေးဆွဲမှုကို ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ဒီအစီအစဉ်သည် ကုန်ကျစရိတ်အလွန်များပြားနေ သောကြောင့် ပြည်သူများနှင့်လိုက်လျောညီ ထွေမှုရှိမရှိ၊ ငွေရေးကြေးရေးအရ လိုက်လျောညီထွေမှု ရှိ၊ မရှိတို့ကို အင်ဂျင်နီယာဆာ ဗေးများကို လုပ်ဆောင်နေတယ်။ အရေးကြီးတာက တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် တကယ်ရောအကျိုးရှိမှာလား။ အဲဒီဟာလုပ်ဖို့ဟာက အရမ်းကိုဈေးကြီးတာ၊ မြေပြင်ပေါ်မှာ တစ်ကျပ်ဆို၊ လေထဲမှာတစ်ဆယ်၊ မြေအောက်မှာတစ်ရာ၊ ဆယ်ဆကွာတယ်''ဟု ပြည်ထောင်စုဝန်ကြီးဦးသန့်စင် မောင်က ပြောသည်။ ယင်းအပြင်ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းလေးခုကို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

MP

#democracytdoay

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616