HOT NEWS
Main menu
adv
ရခိုင်ပြည်နယ် ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဂျပန်နိုင်ငံက သင်္ဘောသုံးစင်း ကူညီမည်

ရခိုင်ပြည်နယ် ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဂျပန်နိုင်ငံက သင်္ဘောသုံးစင်း ကူညီမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်တွင် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံမှ သင်္ဘောသုံးစင်း အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှသိရသည်။ အဆိုပါသင်္ဘောသုံးစင်းအနက် တစ်စင်းသည် ယခုနှစ်မတ်လတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကာ ကျန်သင်္ဘောများမှာ ယခုနှစ်ကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အထွေထွေမန်နေဂျာ ဦးမောင် မောင်လွင်က ''ရခိုင်က ရေလမ်းကြောင်း အသုံးပြုတာများတာကြောင့် ရခိုင်အတွက်ရည်ရွယ်ပြီး ဂျပန်နိုင်ငံက သင်္ဘောသုံးစင်း အကူအညီ ပေးမှာဖြစ်ပါတယ်။ သုံးစင်းမှာ နှစ်စင်းက အသုံးပြုပြီးသားဖြစ်ပေမယ့် အသစ်နီးပါးလောက် ကောင်းပါတယ်။ တစ်စင်းကတော့ အသစ်တည် ဆောက်ပြီး ပေးမှာဖြစ်ပါတယ်။ အသုံးပြုပြီးသား နှစ်စင်းမှာ တစ်စင်းက မတ်လမှာရောက်ရှိမှာဖြစ်ပြီး တစ်စင်းက မေလမှာ ရောက်ရှိမှာ ပါ။ အသစ်တည်ဆောက်ပြီးပေးမယ့်သင်္ဘောကတော့ ၂ဝ၁၈ ခုနှစ်မှာ ရောက်ရှိလာမှာဖြစ်ပါတယ်''ဟု ဖေဖော်ဝါရီ ၁၆ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။


အဆိုပါရခိုင်ပြည်နယ်အတွင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရပ်နားထားသည့်ရေလမ်းကြောင်း ခရီးစဉ်တချို့ကို ယင်းဂျပန်နိုင်ငံမှ သင်္ဘောများရောက်ရှိပါက ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဦးမောင်မောင်လွင်က ''ရခိုင်မှာ သင်္ဘောတစ်စင်းနစ်မြုပ်ပြီးနောက် ပိုင်းသင်္ဘောတွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးတာတွေကြောင့် ပြေးဆွဲမှုရပ် လိုက်တာတွေရှိတယ်။ တောင်ကုတ်လမ်းကြောင်းကို ခဏရပ်နား ထားရတယ်။ ရပ်နားထားတဲ့လမ်းကြောင်းတွေကို ဂျပန်က သင်္ဘော တွေရောက်လာရင် အသုံးပြုပြီး ပုံမှန်ပြန်ပြေးဆွဲပေးသွားမှာပါ''ဟု ပြောသည်။ ဂျပန်နိုင်ငံအနေဖြင့် ပန်းဆိုးတန်း-ဒလကူးတို့ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိ ချယ်ရီ (၁)၊ ချယ်ရီ (၂)၊ ချယ်ရီ(၃) ကူးတို့သင်္ဘောသုံးစင်းကိုလည်း ၂ဝ၁၄ ခုနှစ်က လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

TEEP

#democracytdoay

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS