Main menu
HOT NEWS
adv
ရန်ကုန် အိမ်ခြံမြေ ဈေးကွက် လက်ရှိအချိန်ထိ အရောင်းအဝယ် အေးစက်နေ

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် လက်ရှိအချိန်ထိ အရောင်းအဝယ် အေးစက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ယခု ၂ဝ၁၇ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်များ ပုံမှန်အတိုင်း ပြန်လည်ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လက်ရှိအချိန်အထိအရောင်းအဝယ်များ အေးစက်နေဆဲဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေအသိုင်းအဝိုင်းထံမှ သိရသည်။

 

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်ခဲ့သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ရန်ကုန်တွင် မြေဈေးများ တဖြည်းဖြည်းကျဆင်းအောင် လုပ် ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးယင်းအချက်ကြောင့်လည်းအိမ်ခြံမြေ ဈေးကွက်အပေါ်သက်ရောက်မှုများရှိလာနိုင်ပြီး ဈေးကွက်တွင်လည်းအိမ်ခြံမြေ ဈေးနှုန်းများကျဆင်းလာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒု-ဥက္ကဋ္ဌဦးသန်းဦးက''အခု တောင်မှ အိမ်ခြံမြေဈေးတွေက တအိအိနဲ့ကျလာတာ။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကဈေးထက်ကို ၃ဝ ရာခိုင်နှုန်းလောက်ကျလာခဲ့တယ်။ အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်ဖြစ်ရင်တောင် တော်တော်လေးရှားလိမ့်မယ်။ ဈေးကလည်းဒီထက်မက ဆက်ကျဖို့လည်းရှိတယ်။ သေချာတာကတော့အရင်တုန်း ကလိုမျိုးသွက်သွက်လက်လက်နဲ့တော့ ဈေးကွက်မဖြစ်နိုင်လောက်တော့ဘူး။ အိမ်ခြံမြေဝယ်မယ့်သူတွေကလည်း အစိုးရရဲ့မူဝါဒတွေ ပေါ်လစီတွေကိုပဲ စောင့်ကြည့်နေရတဲ့အခြေအနေမှာပဲ ဒီဈေးကွက်ကလည်း အေးသွားလိမ့်မယ်''ဟု ဖေဖော်ဝါရီ ၂၆ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။


ယခု ဖေဖော်ဝါရီလကုန်တွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တရားဝင်ကြေညာထားခဲ့သော်လည်း ယင်းစီမံကိန်းကြောင့် အိမ်ခြံမြေဈေးကွက်အပေါ်တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုမှာ ချက်ချင်းဖြစ် ပေါ်လာနိုင်ဖွယ်မရှိကြောင်းလည်း သုံးသပ်မှုများရှိသည်။ စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဥပဒေအကြံပေးလုပ်ငန်းမှ ဦးစိုင်းခွန်နောင်က''ကြည့်မြင်တိုင်တစ်ဖက် ကမ်းမြို့သစ်စီမံကိန်းစရင်လည်း ချက်ချင်းကြီးတော့ ဘာမှဖြစ်လာဦးမှာမဟုတ်ဘူး။ မြို့သစ်ကလည်း ဧက ၃၃ဝဝဝ ဆိုတော့တအားကြီးတယ်။ ချက်ချင်းလက်ငင်းကြီးတော့ အိမ်ခြံ မြေဈေးကွက်အပေါ် ဘာမှသက် ရောက်ဦးမှာတော့ မဟုတ်သေးဘူး'' ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။ မြို့သစ်စီမံကိန်းများနှင့် မြေဈေး လျော့ကျအောင် လုပ်ဆောင်သွား မည်ဟူသော သတင်းများကြောင့် မြေဈေးများကျဆင်းလာနိုင်သော်လည်း ရန်ကုန်မြို့တွင်းရှိ မြေဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းလာနိုင်ခြင်းမရှိကြောင်းလည်း သုံးသပ်မှုများရှိသည်။


ခိုင်မာလာအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှဒေါ်ခင်ခင်သက်က ''မြို့သစ်စီမံကိန်းတွေကလည်း နောင်ငါးနှစ် လောက်မှ စတင်အသက်ဝင်လာနိုင်မှာ ဖြစ်တယ်။ နောက်ပြီးတော့ ဈေးကွက်ထဲမှာအရောင်းအဝယ်ဖြစ်တယ်ဆိုတာ ကလည်း Location ပ်ါမူတည်ပြီးမှ အရောင်းအဝယ်က အဖြစ်များတဲ့အတွက်ရန်ကုန်မြို့တွင်းမှာရှိနေတဲ့မြေဈေး ကတော့ကျလာနိုင်စရာအကြောင်း တော့မရှိဘူး။ အခုချိန်မှာတော့ ဈေးကွက်ကအေးနေတယ်။ သင်္ကြန်ပြီးတဲ့အထိ ဆက်အေးနေမှာကတော့ ကျိန်း သေတယ်။ သင်္ကြန်ပြီးသွားတဲ့အချိန်မှာ နောက်ဘဏ္ဍာနှစ်ရောက်ပြီဖြစ်တဲ့အတွက်လည်း အခွန်တို့တခြားဟာတွေနဲ့ပတ်သက်တဲ့မူဝါဒတွေကလည်းစတင် အကျိုးသက်ရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်ကျရင်တော့တစ်ချက်စောင့်ကြည့်ရမယ်''ဟုပြောသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းသည် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခု နှစ်အထိ အရောင်းအဝယ်အများဆုံးအနေအထားတစ်ရပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး အိမ်ခြံမြေဈေးနှုန်းများမှာလည်း အမြင့်ဆုံးအနေအထားတစ်ရပ်အထိရောက်ရှိခဲ့ကြောင်း သိရသည်။

PP

#democracytdoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616