Main menu
HOT NEWS
adv
ပြည်ပလုပ်သားပို့ အေဂျင်စီ လိုင်စင်ကြေး ကျပ်သိန်း ၅ဝဝ ကို ကျပ်သိန်း ၁၅ဝ အဖြစ် လျှော့ချပေးရေး အေဂျင်စီ ၁ဝဝ ကျော် စာတင် တောင်းဆို

ပြည်ပလုပ်သားပို့ အေဂျင်စီ လိုင်စင်ကြေး ကျပ်သိန်း ၅ဝဝ ကို ကျပ်သိန်း ၁၅ဝ အဖြစ် လျှော့ချပေးရေး အေဂျင်စီ ၁ဝဝ ကျော် စာတင် တောင်းဆို

ရန်ကုန်၊ မတ် ၁၈

အစိုးရမှတိုးမြှင့် သတ်မှတ်လိုက်သည့် ပြည်ပလုပ်သား ပို့အေဂျင်စီလိုင်စင်ကြေး ကျပ်သိန်း ၅ဝဝ ကို ကျပ်သိန်း ၁၅ဝ အဖြစ် လျှော့ချပေးရေး အေဂျင်စီ ၁ဝဝ ကျော်မှ စာတင်တောင်းဆိုထားကြောင်း သိရသည်။ ယင်းသို့လိုင်စင်ကြေးလျှော့ချပေးရန်အပြင် အာမခံကြေးငွေပေးသွင်းရမည့်အချိန်ကာလကိုလည်း သုံးလမှ ခြောက်လသို့တိုးမြှင့်ပေးရန်နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) မှ အမှုဆောင် ၁ဝ ဦး နှင့် အေဂျင်စီ ၁ဝ ခုမှ ကိုယ်စားလှယ်တို့ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခွင့်ရရှိရေးအတွက် မတ်လ ဒုတိယပတ်တွင် စာတင်တောင်းဆိုထားခြင်းဖြစ်ကြောင်း မတ် ၁၇ ရက်က MOEAF မှ သိရသည်။


''မတ် ၁ဝ ရက်တုန်းက ဝန်ကြီးဆီ အဲဒီအချက်တွေကို စာတင် တောင်းဆိုခဲ့တယ်။ အဲဒီနောက်ပိုင်းတော့ တောင်းဆိုစာနဲ့ပတ်သက်ပြီး ဘာမှအကြောင်းမပြန်သေးဘူး။ အေဂျင်စီတွေမှာ ဈေးကွက်ပျက်နေ ပြီ''ဟု MOEAF မှအထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောသည်။ လက်ရှိတွင် ပြည်ပလုပ်သားပို့ အေဂျင်စီဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံဘက်မှ အလုပ်ခေါ်စာများကျဆင်းနေသလို မလေးရှားနိုင်ငံသို့လည်း လုပ်သားစေလွှတ်ခွင့်ပိတ်ခံထားရပြီး ဂျပန်နိုင်ငံသို့လည်း လုပ်ငန်းစဉ်ကြာမြင့်မှုတို့ကြောင့် လုပ်သားအနည်းစုသာပို့နိုင်ပြီး ပြည်ပလုပ်သား ဈေးကွက်ပျက်နေကြောင်း၊ ယင်းသို့ ဖြစ်နေချိန်တွင် အေဂျင်စီအာမခံကြေး တိုးကောက်ခြင်းကြောင့် အေဂျင်စီများအနေဖြင့် အခက်အခဲများစွာဖြစ်ရသဖြင့် ထိုသို့တောင်းဆိုခြင်းဖြစ် ကြောင်း MOEAF မှသိရသည်။


ပြည်ပလုပ်သားပို့ အေဂျင်စီများ အစိုးရထံအာမခံတင်ထားရသည့်ငွေကြေးကို ကျပ်သိန်း ၅ဝဝ အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီး သုံးလအတွင်းပေးသွင်းရန်နှင့် တိုးမြှင့်သတ်မှတ်ငွေကို မတ်လမှ မေလကုန်အထိ သုံးလအတွင်းပေးသွင်းရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြန်မာပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများထံ မတ် ၆ ရက်က အသိပေးအကြောင်းကြားစာပေးပို့ထားခြင်း ဖြစ်ကြောင်းသိရသည်။

 

ZCH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191