Main menu
HOT NEWS
adv
အစိုးရက လိုအပ်သလို သုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်း ၂ဝဝ ချေးယူရန် လွှတ်တော် အတည်ပြု

အစိုးရက လိုအပ်သလို သုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်း ၂ဝဝ ချေးယူရန် လွှတ်တော် အတည်ပြု

ရန်ကုန်၊ မတ် ၁၈

နိုင်ငံတော်အတွက် ပြည်ထောင်စုအစိုးရက လိုအပ်သလိုသုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၂ဝဝ ကိုချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။ မတ် ၁၇ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင်ကမ္ဘာ့ဘဏ်ချေးငွေ အစီအစဉ်မှ Development Opera-tion (DPO) ချေးငွေ ဒေါ်လာသန်း ၂ဝဝ ချေးယူရေးကို ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ကမ္ဘာဘဏ်မှ DPO  ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂ဝဝ Project  ချေးငွေမဟုတ်ဘဲ နိုင်ငံ တော်ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကတာဝန်ခံကာ ပြည်ထောင်စုအစိုးရအဖွဲ့က သုံးစွဲလိုသည့်အသုံးစရိတ်များအတွက် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။


''ပြည်ထောင်စုအစိုးရအဖွဲ့က သုံးစွဲလိုတဲ့အသုံးစရိတ်များကို ခွဲဝေသုံးစွဲခြင်း၊ သုံးစွဲရန်မရှိပါက ဘတ်ဂျက်လိုငွေကိုလျော့နည်းစေရန်အတွက် အထောက်အကူပြု ခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်မယ့် ချေးငွေဖြစ်ပါတယ်။ ဒီချေးငွေဟာ နိုင်ငံတော်အတွက် ပြည် ထောင်စုအစိုးရအဖွဲ့က လိုအပ်သလိုသုံးစွဲနိုင်ရန်အတွက် ရယူခြင်း ဖြစ်ပါတယ်။ ဒီချေးငွေကို ပြည် ထောင်စုအစိုးရအဖွဲ့၏အစီအစဉ် ဖြင့် နိုင်ငံတော်အတွက် စနစ်တကျ အသုံးပြုခြင်းအားဖြင့် အကျိုးကျေး ဇူးများစွာဖြစ်ထွန်းမယ့် ချေးငွေ ဖြစ်ပါတယ်''ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။


အဆိုပါချေးငွေမှာ ဆိုင်းငံ့ကာလခြောက်နှစ်တွင် အတိုးပေးဆပ်ကာ ပြန်ဆပ်ကာလ ၃၄ နှစ်တွင် တစ်နှစ်လျှင် အရင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းပေးချေရမည်ဖြစ်ပြီး ချေးငွေ ကာလ ၃၈ နှစ်အတွင်း အတိုးအရင်းစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၃၇၅ သန်း ပေး ဆောင်ရမည်ဖြစ်သည်။ ယင်းသို့ချေးယူရန် လွှတ်တော်၏ဆန္ဒရယူရာ ထောက်ခံမဲ ၅၅၃ မဲ၊ ကန့်ကွက်မဲကိုးမဲ၊ ကြား နေမဲသုံးမဲဖြင့် ထောက်ခံမဲများ သောကြောင့် အဆိုပါချေးငွေ ချေးယူရေးကို လွှတ်တော်ကအတည် ပြုခဲ့သည်။


YM, MO

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191