Main menu
HOT NEWS
adv
ချောင်းသာတွင် လေအား လျှပ်စစ် ၃၆ မဂ္ဂါဝပ် စတင် ထုတ်လုပ်မည် ဟုဆို

ချောင်းသာတွင် လေအား လျှပ်စစ် ၃၆ မဂ္ဂါဝပ် စတင် ထုတ်လုပ်မည် ဟုဆို

ရန်ကုန်၊ မတ် ၁၈

ချောင်းသာတွင် အကောင်အထည်ဖော်လုပ်ဆောင်မည့် လေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်ရောင်းဝယ်ရေးသဘောတူ စာချုပ်ချုပ်ဆိုခြင်းများပြီးစီးပါက စတင်နိုင်မည်ဖြစ်ကြောင်း China Three Gorges ကုမ္ပဏီ၊ မြန်မာကိုယ်စားလှယ်ရုံးမှ Chief Representative Mr. Shan Haichao ကပြောသည်။ တရုတ်နိုင်ငံ China Three Gorges International Corpora-tion  ကုမ္ပဏီနှင့် မြန်မာနိုင်ငံလျှပ်စစ် စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတို့ MoU ချုပ်ဆိုထားသည့် လေအားလျှပ်စစ်စီမံကိန်း၏ ပထမအဆင့်ကို ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအင်ဌာနနှင့် MoA စာချုပ်ချုပ်ဆိုပြီး ဖြစ်ကြောင်းနှင့် စတင်စမ်းသပ်ထုတ်လုပ်သည့်အခါတွင် ၃၆ မဂ္ဂါဝပ်ကို စတင်ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။


အဆိုပါစီမံကိန်းကိုချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြုလုပ်ရန်လျာထားပြီး ပထမဆုံးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ကီလိုမီတာ ၂ဝ ခန့် ဝေးသော ဘိုစိန်မြို့အနီးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။''သုတေသနအရ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတစ်လျှောက်မှာလေ အရင်းအမြစ်ကတခြားဒေသထက် ပိုပြီးသာတဲ့အတွက် ဒီဒေသတွေက စီမံကိန်းလျာထားတဲ့နေရာဖြစ်ပါတယ်။ အခုလောလောဆယ် ဒီစစ်ဆေးသုံးသပ်ချက်အရ တိုင်းနဲ့ပြည်နယ်လေးခုမှာရလာတဲ့ အချက်အလက်တွေအရလျာထားတဲ့ လေအားလျှပ်စစ် ၂၇ ခုရှိတယ်။ အဲဒီကထုတ်လုပ်နိုင်မယ့် လျှပ်စစ်အင်အားက ၃၇ဝဝ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ်။ချောင်းသာရဲ့လျာထားတဲ့နေရာမှာ လေအားလျှပ်စစ်က ၁၂၆ မဂ္ဂါဝပ် ဖြစ်ပါတယ်။ Report အရ စတင်စမ်းသပ်မှာက ၃၆ မဂ္ဂါဝပ်ဖြစ်တယ်''ဟု Mr.Shan Haichao ကပြောသည်။


အဆိုပါလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်လျာထားသောတိုင်း ဒေသကြီးနှင့် ပြည်နယ်လေးခုတွင် လေ၏သိပ်သည်းနှုန်းများကို ဆန်းစစ် သော စက်ရှစ်ခုထားရှိကာအချက်အ လက်ကောက်ယူခြင်း၊ နှုန်းထားများနှင့် ရာသီဥတုသိရှိရန်စသည့် လုပ်ငန်းများ ကိုလုပ်ဆောင်ပြီးစီးပြီဖြစ်ကာ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသို့ ၂ဝ၁၄ ခုနှစ် Report တင်ပြခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါစစ်ဆေးသုံးသပ်ချက်အရ တိုင်းနှင့်ပြည်နယ်လေးခုတွင်ရလာသော အချက်အလက်များအရ လျာထားသော လေအားလျှပ်စစ်ထုတ် လုပ်မည့်နေရာ ၂၇ ခုရှိပြီး ထုတ်လုပ်နိုင်မည့်လျှပ်စစ်အင်အားက ၃၇ဝဝ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း Mr.Shan Haichao က ပြောသည်။


MTZ

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191