Main menu
HOT NEWS
adv
ရွှေစာရံဘုရားပွဲ၏ သင်္ကေတဖြစ်သော ထန်းရွက်ပုတီးနှင့် ထန်းရွက်ငါးများ ဈေးနှုန်းချိုသာ၍ ရောင်းအားကောင်း

ရွှေစာရံဘုရားပွဲ၏ သင်္ကေတဖြစ်သော ထန်းရွက်ပုတီးနှင့် ထန်းရွက်ငါးများ ဈေးနှုန်းချိုသာ၍ ရောင်းအားကောင်း

မန္တလေး မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအနီးတွင် တည်ရှိသော သမိုင်းဝင် သစ္စာဓိဌာန် ရွှေစာရံ ဘုရားပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ စ၍ လပြည့်ကျော် (၉) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သော ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ရွှေစာရံ ဘုရားပွဲ၏ သင်္ကေတ တစ်ခုဖြစ်သော ထန်းရွက်ပုတီးနှင့် ထန်းရွက်ငါးများ ဈေးနှုန်း ချိုသာ၍ ရောင်းအားကောင်းလျက် ရှိသည်။

 

‘‘ရွှေစာရံဘုရားပွဲရဲ့ အထိမ်းအမှတ်ပစ္စည်းတွေဖြစ်တဲ့ ဒီထန်းရွက်နဲ့ပြုလုပ်တဲ့ ထန်းရွက်ပုတီးတို့၊ ထန်းရွက်ငါးတို့ တခြားထန်းရွက်ပြုလုပ်ပစ္စည်းများကို ရွာမှာကိုယ်တိုင်ပြုလုပ်ရောင်းချတာပါ၊ ဈေးနှုန်းကလည်း ထန်းရွက်ပုတီးက တစ်ကုံးကို ငွေကျပ်(၂၀၀)၊ ထန်းရွက်ငါးက ငွေကျပ်(၃၀၀) မှ ငွေကျပ် (၁၅၀၀) ထိပဲ ရှိတော့ မည်သူမဆို ၀ယ်နိုင်တယ်လေ၊ လာရောက်လည်ပတ်တဲ့ ဘုရားဖူးကလည်း များပြားတယ်၊ ဈေးနှုန်းကလည်း ချိုသာတော့ ရောင်းကောင်းပါတယ်” ဟု ရွှေစာရံပွဲတော်တွင် ထန်းရွက်ပစ္စည်းများရောင်းချနေသော ဆိုင်ရှင် တစ်ဦးက ပြောကြားသည်။ 

 

“ဒီရွှေစာရံရဲ့ အထိမ်းအမှတ်ပစ္စည်းတွေ ဖြစ်တဲ့ ထန်းရွက်ပုတီး၊ ထန်းရွက်ငါးတွေ ၀ယ်ပြီး အိမ်ပြန် လက်ဆောင် ၀ယ်ရတာက အလွန်ပျော်စရာကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ဒီပစ္စည်းလေးတွေကိုင်ပြီး ပြန်သွား ရတာကိုက အပြန်လမ်းခရီးမှာ ကြည်နူးစရာကောင်းပါတယ်၊ ဒါကြောင့်ရောက်တဲ့နှစ်တိုင်း ၀ယ်ဖြစ်တယ်၊ ဈေးနှုန်းကလည်း ချိုသာတယ်လေ၊ လူကြီးရော ကလေးပါ သဘောကျတဲ့ အထိမ်းအမှတ် ပစ္စည်းလေးတွေပါ’’ ဟု မန္တလေးမြို့မှ လာရောက်လည်ပတ်၍ အဆိုပါ ပစ္စည်းများဝယ်ယူသူတစ်ဦးက ပြောပြသည်။

 

သစ္စာဓိဌာန် ရွှေစာရံစေတီတော်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်း၏ မိဖုရားတစ်ပါးဖြစ်သူ ရှမ်းမင်းသမီး စောမွန်လှ က တည်ထားခဲ့ကြောင်း မှတ်တမ်းများအရသိရပြီး ရှမ်းလူမျိုးများလာရောက်မှု များပြားသလို အညာဒေသရဲ့ ထင်ရှားသော ပွဲတော်တခု ဖြစ်သောကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိပြီး ရှမ်းပြည်နယ် ဒေသထွက်ကုန်များနှင့် ရိုးရာအစားအစာများ၊ ကလေးကစားစရာများ၊ ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ ဘူးသီးခြောက်စုဘူးများ၊ ပရဆေးမြစ်များ၊ တောင်သူများအတွက် လယ်ယာသုံး ပစ္စည်းများနှင့် အိမ်ပြန်လက်ဆောင် ပစ္စည်းများ စုံစုံလင်လင်ရောင်းချ လျက်ရှိသောကြောင်း သတင်းရရှိသည်။

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616