Main menu
HOT NEWS
adv
ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းများတွင်  တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းများတွင် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၁၈

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မတ် ၁၇ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၆၈၅ စီး၊ သွင်းကုန် ၇၇၄ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၆ စီး၊ သွင်းကုန် ၂ဝ၇ စီး ကုန်စည်များသယ်ယူပို့ဆောင် လျက်ရှိသည်။

 

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့ သောကုန်ပစ္စည်းများကို စစ်ဆေး မှုပြုလုပ်ဆောင် ရွက်လျက် ရှိရာ မတ် ၁၇ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းကတားဆီးမှုငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၂၅၁၄ သန်းခန့်)ရှိသည့်အနက် ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၁၇ ရက်တွင် မြဝတီမှ ရန်ကုန်သို့သွားရောက်မည့် ခရီးသည်တင် မှန်လုံယာဉ်များကို မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး ခဲ့ရာ ခရီးသည်၊ ပစ္စည်းများနှင့်အတူ ရောနှောသယ်ဆောင် လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Black Label 1 liter (1x12)40pkgs၊ Spy Wine 275ml (1x25) 15 pkgs ESifh Chang Beer 330ml (1x24can) 35 pkgs စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဒသမ ၅၇ သန်းခန့် တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191