Main menu
HOT NEWS
adv
နေပြည်တော်တစ်ဝန်း နွေစပါး ဖုံးလွှမ်းတော့မည်

နေပြည်တော်တစ်ဝန်း နွေစပါး ဖုံးလွှမ်းတော့မည်

နေပြည်တော် မတ် ၁၈

မြန်မာနိုင်ငံတွင် စပါး၊ ကြံ၊ ရော်ဘာ၊ ဝါ၊ ဆေးရွက်ကြီး၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်၊ နှမ်း၊ မြေပဲ၊ နနွင်းတက်၊ ငရုတ်ကောင်းစသည့် သီးနှံစုံစိုက်ပျိုးကြပြီး စိုက်ပျိုးရန် ရေကိုလည်း ဆည်မြောင်း၊ တာတမံ၊ မြစ်ရေတင်၊ ချောင်းမြောင်းများမှ ရေကိုသွယ်ယူ၍ စိုက်ပျိုးကြသည်။ တောင်သူလယ်သမားများသည် မိုးစပါးပြီးလျှင် နွေစပါးကို ဆက်လက်စိုက်ပျိုးကြသည်။ နွေစပါး စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ပျိုးထောင်ရေး ဆည်မြောင်းတာတမံများမှ မြောင်းများဖြင့် ရေအလုံအလောက် ပေးဝေရသည်။

ယခုနှစ်တွင် နေပြည်တော်အတွင်းရှိ တပ်ကုန်း မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ လယ်ဝေးမြို့နယ်များရှိ ဆည်ကန်အလိုက် နွေစပါး ၁၅ဝ၈၇ ဧက စိုက်ပျိုးကြမည်ဖြစ်သည်။ နေပြည်တော် မြို့နယ်များရှိ ဆင်သေတမံ၊ ငလိုက်တမံ၊ ရေဆင်းတမံ၊ ပေါင်းလောင်းတမံ၊ ကင်းသာတမံ၊ မုန်းရေထိန်းတမံ၊ ဆင်လူးငန်းစပ်ကန်၊ တောင်ပြိုတမံ၊ သဲဖြူတမံ၊ ချောင်းမငယ်တမံ၊ အေလာကန်၊ ဖောင်းလောင်း တမံများရှိ မြောင်းမကြီး၊ မြောင်းလက်တံများမှရေသွယ်၍ စိုက်ပျိုးကြမည်ဖြစ်သည်။ ဤကဲ့သို့ နွေစပါးစိုက်ပျိုးရာတွင် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တွင်းရှိ ပေါင်းလောင်းရေတမံမြောင်း လက်တံ ၃၅ မြောင်းအတွင်း ပါဝင်သည့်ကျေးရွာအုပ်စု ၁၇ အုပ်စုတွင်းရှိ ကျေးရွာများမှ လယ်သမားများအား ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ စိုက်ပျိုးရေပေးဝေခဲ့ရာ ပေါင်းလောင်းဆည်ရေသောက်လယ်ယာမြေမှ နွေစပါး ဧက ၆၈၈ဝ စိုက်ပျိုးကြမည်ဖြစ်သည်။ နေပြည်တော်အတွင်းပါဝင်သည့် ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်အတွင်းပါဝင်သည့် ငလိုက်တမံ မြောင်းမကြီး၊ လက်တံမြောင်း ၁၃ မြောင်းမှ ကျေးရွာအုပ်စု ၁၁ အုပ်စုရှိ ကျေးရွာများအား မတ် ၂၅ ရက်မှစ၍ ရေပေးဝေသွားမည်ဖြစ်ရာ နွေစပါးဧက ၃၂၈ဝ စိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။

 

တပ်ကုန်းမြို့နယ်တွင်ပါဝင်သည့် ဆင်သေရေလှောင် တမံလက်ဝဲမြောင်း၊ လက်ယာမြောင်း၊ မြောင်းလက်တံ ၁၇ ခုမှ နွေစပါးစိုက်ပျိုးရန် ကျေးရွာအုပ်စု ခုနစ်အုပ်စုအတွက် ဇန်နဝါရီလလယ်မှစ၍ ပျိုးထောင်ရေပေးဝေမည်ဖြစ်ပြီး လယ်ဧက ၃ဝဝဝ တို့တွင် နွေစပါးစိုက်ပျိုးကြ မည်ဖြစ်သည်။ ၂ဝ၁၆-၂ဝ၁၇ ခု နေပြည်တော်အတွင်းရှိ ဆည်ကန်အလိုက် နွေစပါးစိုက်ပျိုးရာတွင် တပ်ကုန်းမြို့နယ် ကင်းသာတမံမှ ၈၅ ဧက၊ မုန်းရေထိန်းတမံမှ ဧက ၁ဝဝ၊ ဆင်သေတမံ ကွေ့ကြီးကျေးရွာမှ ၁၁၉ ဧက၊ ကင်းသာတမံ ကြို့ကုန်းကျေးရွာမှ ၃၁ ဧက၊ မုန်းရေထိန်းတမံ မကျီးကုန်း ကျေးရွာမှ ဧက ၆ဝ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးရာတွင် ဥတ္တရသီရိမြို့နယ်၌ ပါဝင်သည့် ဆင်လူးငန်းစပ်ကန်မှ ဧက ၅ဝ၊ တောင်ပြိုတမံမှ ၅၄ ဧကနှင့် ဖောင်းလောင်းတမံမှ ၃ဝ၆ ဧကစိုက်ပျိုး ကြမည်ဖြစ်သည်။ ထိုနည်းတူ လယ်ဝေးမြို့နယ်တွင် ပါဝင်သည့် သဲဖြူတမံမှ ဧက ၃ဝဝ၊ ချောင်းမငယ်ရေလှောင်တမံမှ ၁ဝ၁၇ဧကနှင့် အေလာကန်မှ ၁၅ဧက စိုက်ပျိုးကြမည် ဖြစ်သည်။

 

ယခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပါဝင်သည့် မြို့နယ်များမှ နွေစပါးကို မြို့နယ်အလိုက် စိုက်ပျိုးကြမည်ဖြစ်ရာ နွေစပါးဧက ၁၅၈၈၇ ဧက စိုက်ပျိုး မည်ဖြစ်သဖြင့် နေပြည်တော်တစ်ဝန်းလုံး နွေစပါးဖုံးလွှမ်း နိုင်မည်ဖြစ်သည်။ နွေစပါးစိုက်ပျိုးရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မိမိမြို့နယ်အတွင်းရှိ မြောင်းကြီးများ၊ လက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး၊ ချောင်းဖျားမြောင်းဖျားအထိ ရေရောက်ရှိရန် စိစစ်တူးဖော်ပြုပြင်လျက်ရှိသည်။ မြောင်းအလိုက် ရေပေးမည့်ရက်၊ ရေရောက်မည့်နေရာ၊ ရေမရောက်ပါက မြောင်းအလိုက်မြောင်းခေါင်းများ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် အပြည့်အစုံကို မြောင်းအလိုက် ပိုစတာများ ချိတ်ဆွဲထားသည်ဆို၏။ ဆည်မြောင်းဌာနက ရေပေးမြောင်းများ၊ ရေသွယ်မြောင်းများ ပြုပြင်ပေးသည့်နည်းတူ တောင်သူလယ်သမားများကလည်း လယ်ကြားမြောင်းများအား မိမိအသိစိတ်ဓာတ်ဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ပြုပြင်ပေးပါက တောင်သူများအတွက် ပိုမိုအကျိုးရှိလာနိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

 

ကိုတောင်သူ(မိတ္ထီလာ)

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191