Main menu
HOT NEWS
adv
ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်သစ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များ သာမက ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုပါ လုပ်ကိုင်ခွင့်ပေးမည်

ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်သစ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များ သာမက ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုပါ လုပ်ကိုင်ခွင့်ပေးမည်

ရန်ကုန်၊ မတ် ၂၀

လက်ရှိ ရှိနေ သော စက်မှုဇုန်အဟောင်းများမှာ အရည်အသွေးနိမ့်ကျမှုကြောင့် စက်မှုဇုန်အသစ်များကို ထပ်မံဖော်ထုတ် သွားမည်ဖြစ်ကာ အဆိုပါဇုန်များတွင် ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပမှရင်းနှီးမြှုပ်နှံသူများကိုပါ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးကျော် ဝင်းက ပြောကြားလိုက်သည်။ မတ် ၁၈ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ''လက်ရှိ ရှိနေတဲ့ စက်မှုဇုန် တွေ၊ စီးပွားရေးဇုန်တွေ၊ Special Economic Zone  တွေကို ပြန်သုံး သပ်တဲ့အခါကျတော့ လွန်ခဲ့တဲ့နှစ် တော်တော်များများကတည်းက ဒီဟာတွေကို အကောင်အထည် ဖော်လာခဲ့တယ်။ အကောင်အထည် ဖော်လာခဲ့တဲ့အချိန်တွေမှာလည်း စပြီးတော့ အကောင်အထည်ဖော် တည်ဆောက်ကတည်းကိုက One Establish မဖြစ်ခဲ့ဘူး။ One Organize  မဖြစ်ခဲ့ဘူး။ စက်မှုဇုန် တွေဟာ အရည်အသွေးနိမ့်ကျနေတယ်။ အဲ့ဒီတော့ လက်ရှိ ရှိနေတဲ့ စက်မှုဇုန်အဟောင်းတွေကို အရည်အသွေးပြန်လည်မြှင့်တင်ဖို့ဆိုရင် အင်မတန်ခက်ခဲတယ်။ ဒါကြောင့် ကျွန်တော်တို့ စက်မှုဇုန်အသစ်တွေကို ထပ်မံပြီးတော့တိုးချဲ့ဖော်ထုတ်သွားဖို့ရှိပါတယ်''ဟု ပြောကြားခဲ့သည်။  အသစ်ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်များတွင် ယခင်ဖော်ထုတ်ခဲ့သော စက်မှုဇုန်အဟောင်းများမှ ရင်းနှီးမြှုပ်နှံသူများကို ပါဝင်ခွင့်ပေးသွားမည်ဖြစ်ပြီး အသစ်ရင်းနှီးမြှုပ်နှံမည့်သူများကိုလည်း ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ထပ်မံဖော်ထုတ် မည့် စက်မှုဇုန်အသစ်များတွင်Developer များကိုလည်း သေချာစိစစ် သွားမည်ဖြစ်ပြီး အမှန်တကယ်လုပ် ကိုင်နိုင်စွမ်းရှိသော လုပ်ငန်းကိုသာ Developer  အဖြစ်လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။


''ကျွန်တော်တို့ အတွေ့အကြုံအရ ဘာဖြစ်လဲဆိုရင် Developer ပဲ။ စက်မှုဇုန်တစ်ခုကို Developer  လုပ်မယ်ဆိုပြီးတော့ ကိုယ်တကယ် လုပ်နိုင်စွမ်းမရှိဘဲ အခွင့်အရေးကို ရအောင်ယူတယ်။ ပြီးတော့လာပြီး ရင်းနှီးမြှုပ်နှံမှုရှိလား။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ခေါ်ပြီး တော့ ကျွန်တော်တို့ နေရာပေးပြီးတော့ Develop လုပ်တယ်ဆိုတာဟာ နည်းလမ်းမမှန်ပါဘူး။ Developer ပိုင်း မှာဆိုရင်လည်းပဲ Consortium ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် Develop  လုပ်ချင်ရင် တကယ်လုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ပေးသွားမှာပါ။ ဒါပေမဲ့ အရင်လိုသူများအရင်းအနှီးကို ကိုယ့်အရင်းအနှီးအ ဖြစ် Develop  လုပ်တဲ့စနစ်ကိုတော့ ကျွန်တော်လက်ခံသွားမှာ မဟုတ်ပါဘူး။ တကယ်လုပ်နိုင်ရမယ်။ သတ် မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ Develop လုပ်နိုင်ရမယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ အသစ်ဖော်ထုတ်မည့် စက်မှုဇုန်များတွင် ပြည်တွင်းမှ ပုဂ္ဂလိကလုပ်ငန်းရှင်များသာမက၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကိုပါ ပါဝင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။            

PP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191