Main menu
HOT NEWS
adv
သီလဝါ အထူးစီးပွားရေးဇုန်တွင် ဒေသနှင့် ကိုက်ညီသည့် ဓာတ်မြေသြဇာများကို ထုတ်လုပ်သွားမည် ဟုဆို

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဒေသနှင့် ကိုက်ညီသည့် ဓာတ်မြေသြဇာများကို ထုတ်လုပ်သွားမည် ဟုဆို

ရန်ကုန်၊ မတ် ၂၀

သီလဝါအထူးစီးပွားရေးဇုန် တွင် ပြည်တွင်းဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ဓာတ်မြေသြဇာများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(MAPCO)မှ သိရသည်။ 

 

အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံမှ MITSHU ကုမ္ပဏီ၊ ပင်ရင်းဂျာမနီနိုင်ငံမှ မလေးရှားအခြေစိုက် BEHN MAYER ကုမ္ပဏီနှင့် MAPCO တို့ ပူးပေါင်းကာ Agri First Company Limited (AFC)  အနေဖြင့် သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပို ရေးရှင်းမှဒါရိုက်တာ ဦးသောင်းဝင်းက ''အခု ပြည်ပက ဓာတ်မြေသြဇာတွေတင်သွင်းနေပေမယ့် ပြည်တွင်းမြေအနေအထားနဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာ စမ်းသပ်ဖို့လိုအပ်တယ်။ နေရာဒေသအလိုက် မြေကြီးအမျိုးအစားက ကွဲပြားမှုရှိတယ်။ အဲဒါကို ပြည်တွင်းမှာစမ်းသပ်ထုတ်လုပ်မှ အဆင်ပြေမယ်။ နောက်တစ်ခုက ပြည်တွင်းမှာ လိုအပ်ချက်ကအ ရမ်းမြင့်တဲ့အတွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေး နိုင်အောင်ရည်ရွယ်ကာ အခုစီမံကိန်းကိုဆောင် ရွက်တာပါ'' ဟု မတ် ၁၉ ရက်ကပြောသည်။


စက်ရုံတည်ဆောက်မှုကို ယခုမတ်လအတွင်း စတင်ကာ လာမည့်ဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ကာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။  စီမံကိန်းတွင် MAPCO အနေဖြင့် ရှယ် ယာ ၄ဝ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်းဓာတ်မြေသြဇာထုတ်လုပ်မှုလိုအပ်ချက် ဖြည့်ဆည်းရန်နှင့် သွင်းကုန်အစားထိုး ပြည်တွင်း ထုတ်လုပ်မှုတိုးစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

AK

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616