Main menu
HOT NEWS
adv
အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး-အင်ဖာကုန်သွယ်မှုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး-အင်ဖာကုန်သွယ်မှုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ မတ် ၂၀လေးလကျော် ကြာပိတ်ထားခဲ့သည့် အိန္ဒိယ-မြန်မာ နယ်စပ် တမူး-မိုးရေး-အင်ဖာ ကုန် သွယ်မှုလမ်းကြောင်း ယနေ့ မတ် ၂၀ မှစတင်ကာ ပြန်လည်ဖွင့်ခဲ့ကြောင်း ကလေး-တမူး-ကလေးဝနယ်စပ် ကုန်သည်များအသင်းမှ သိရသည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ် စပ်ရှိ အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ် အတွင်း နေထိုင်လျက်ရှိသော အိန္ဒိယ လူမျိုးချင်း လူမျိုးရေးပဋိပက္ခများဖြစ် ပွားခဲ့ခြင်းကြောင့် ယမန်နှစ် နှစ်ကုန် ပိုင်းမှစတင်ကာ အဆိုပါ တမူး-မိုး ရေး-အင်ဖာကုန်သွယ်မှုလမ်းကြောင်း အား ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

ကလေး-တမူး-ကလေးဝနယ် စပ်ကုန်သည်များအသင်းမှ ဒုတိယအတွင်းရေးမှူး ဦးခင်မောင်တင်က ""တမူး-မိုးရေး-အင်ဖာလမ်း ကြောင်းကိုပိတ်ထားတာလေးလ ကျော် ငါးလလောက်ကြာမြင့်နေပြီ။ဒေသစားသောက်ကုန်တချို့နဲ့ ကုန်ပစ္စည်းအနည်းငယ်သာ တင်ပို့လို့ရ တယ်။ ကုန်ပစ္စည်းအများကြီးကို အိန္ဒိယဘက်ကို ပို့လို့မရဘူး။ ဒါ ကြောင့် ချင်းတောင်-ရိဒ်ကုန်သွယ် လမ်းကြောင်းက ပြောင်းပြီးတင်ပို့နေရပေမယ့် ဒီနေ့ကစပြီးတမူး-မိုးရေး-အင်ဖာလမ်းကြောင်းကို မဏိပူရ်ပြည်နယ် အနိုင်ရပါတီဖြစ်တဲ့ ဘီဂျေပီပါတီက ဖွင့်ပေးခဲ့တဲ့အတွက် ကုန်သွယ်မှုတွေပြန်လုပ်ကိုင်လို့ရပါပြီ။ ရိဒ်ကနေပို့နေရတဲ့ ကုန်ပစ္စည်းတွေလည်း တမူး-မိုးရေး- အင်ဖာလမ်းကြောင်းကနေ ပြန် လည်တင်ပို့နေကြပါပြီ""ဟု မတ် ၂၀ က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မြန်မာနိုင်ငံသည် အိန္ဒိယဈေး ကွက်သို့ ပို့ကုန်တတိယအများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး ယခုဘဏ္ဍာ နှစ် မတ် ၁၀ ရက်အထိနှစ်နိုင်ငံ ကုန် သွယ်မှုတွင် တမူးကုန်သွယ်ရေးစခန်း မှ ပို့ကုန်ကန်ဒေါ်လာ ၃၆ ဒသမ ၄၇၇သန်း၊ သွင်းကုန်ကန် ဒေါ်လာ ၉ ဒသမ ၆၈၃ သန်းဖြင့် စုစုပေါင်း ကန်ဒေါ်လာ ၄၆ ဒသမ ၁၆ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်ဘဏ္ဍာ နှစ်ကာလကထက် ကန်ဒေါ်လာ ၆ ဒသမ ၁၆၇ သန်း ပိုမိုကုန်သွယ် မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဦးခင်မောင်တင်က ""မနှစ်က ဘဏ္ဍာနှစ်ထက်ကုန်သွယ်မှုပိုလာ တယ်ဆိုပေမယ့် ကုန်သွယ်မှုလမ်း ကြောင်း လေးလကျော်လောက် ပိတ်ထားတာဖြစ်တဲ့အတွက် သတ် မှတ်လျာထားချက်ကိုတော့ မပြည့် မီနိုင်လောက်ဘူး။ ပိတ်ဆို့မှုတွေ သာမရှိခဲ့ရင် ပို့ကုန်ပမာဏက ယခုထက်ပိုမိုရရှိနိုင်ပါတယ်။အခုတမူး- မိုးရေး-အင်ဖာကုန်သွယ်မှုလမ်း ကြောင်းကို ပြန်ဖွင့်ပေးခဲ့ပေမယ့် လက်နက်ကိုင်တွေက မကျေနပ်ရင် မကျေနပ်သလို ပိတ်နိုင်တဲ့အတွက်မြန်မာအစိုးရအနေနဲ့ ပါတီအ ပြောင်းအလဲမှာ အနိုင်ရပါတီသစ်နဲ့တွေ့ဆုံညှိနှိုင်းပြီး နှစ်နိုင်ငံကုန် သွယ်မှုလမ်းကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းအောင်၊ နယ် စပ်ဒေသဖွံ့ဖြိုးတိုးတက်လာအောင် တွန်းအားပေးဆောင်ရွက်ပေးစေလိုပါတယ်""ဟု ပြောသည်။

ယင်းအပြင် တမူးမြို့နယ်အ တွင်း နေထိုင်လျက်ရှိသော ပြည်သူ များ၏ လုံခြုံရေး၊ နယ်မြေအေးချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် တားဆီးကာကွယ်ထိန်းသိမ်းရန် အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်းနေရာများ၌ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မပြုရန် တားမြစ် အမိန့်ကို ဇန်နဝါရီလအတွင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့တိုင်ရုပ် သိမ်းခြင်း မရှိသေးကြောင်းသိရ သည်။

TEEP
#Democracytoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191