Main menu
HOT NEWS
adv
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးရုံးခွဲ ဖွင့်လှစ်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးရုံးခွဲ ဖွင့်လှစ်

ရန်ကုန်၊ မတ် ၂၀ ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ မကွေးတိုင်းဒေသကြီး ဦးစီးရုံးခွဲအား ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများနှင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခြင်းကို မိမိတို့တိုင်းဒေသ ကြီးအတွင်းမှာပင် ဆောင်ရွက်နိုင် တော့မည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

မတ် ၂၀ ရက်ကပြုလုပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၏ မကွေးတိုင်းဒေ သကြီးဦးစီးရုံးခွဲဖွင့်ပွဲအခမ်းအနား တွင် မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာအောင်မိုးညိုက ပြော ကြားခဲ့ခြင်းဖြစ်သည်။

""စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက် တိုင်းဒေသကြီးအစိုးရမှာ လုပ်ပိုင်ခွင့်များရှိလာပြီဖြစ်ပြီး တိုင်း ဒေသကြီးအတွင်းမှာရှိသော ကုမ္ပဏီ၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များမှ လိုအပ်သော ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီများဖွဲ့စည်းမှတ်ပုံတင်ခြင်းလုပ်ငန်းများအား ယခုဖွင့်လှစ်သောဌာနမှ အဆင် ပြေချောမွေ့စွာဆောင်ရွက်ပေး ပါရန် တိုက်တွန်းပါတယ်""ဟု ဒေါက်တာ အောင်မိုးညိုက ပြောသည်။

လက်ရှိအသစ်ပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည် နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ များအဖြစ် တာဝန်ယူဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ငါးသန်း(သို့) မြန်မာငွေကျပ် သန်း ၆၀ဝ၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား စိစစ်ခွင့်ပြုပေးနိုင်တော့မည်ဖြစ်ရာ အဆိုပါရုံးခွဲအနေ ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စိစစ်ခွင့်ပြုရာတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးသည် ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊ အာလူး၊ ကြက်သွန်စသည့် သီးနှံမျိုး စုံနှင့် သစ်သီးဝလံများ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချလျက်ရှိပြီး တိုင်း ဒေသကြီးဖွံ့ဖြိုးရေးအတွက် စွမ်းအင် လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လာ မည့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ရုံးခွဲဖွင့် လှစ်ထားခြင်းမရှိသေးသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရုံးခွဲ များအား ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

TN
#Democracytoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191