HOT NEWS
Main menu

ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က NRPC သို့ ကျပ်သိန်း ၂ဝဝဝ လှူ ဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် ကျပ်သိန်း ၂ဝဝဝ ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါပေးအပ်လှူ ဒါန်းခြင်းကို ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၇ ရက်ကပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆော င်ကော်မတီ အစည်းအဝေးတွင် ငြိမ်းချမ်းရေးရန်ပုံငွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဝန်ကြီးများ လစာငွေ ၂၅ ရာခိုင်နှုန်းကို လစဉ်စုဆောင်းခဲ့သည့်အနက်မှ ကျပ်သိန်း ၂ဝဝဝ လှူဒါန်းရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS