Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

မော်စကို ဆန္ဒပြပွဲတွင် အတိုက်အခံခေါင်းဆောင် အပါအဝင် ဆန္ဒပြသူ ရာပေါင်းများစွာ ဖမ်းဆီးခံရ

မော်စကို၊ မတ် ၂၈

အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်ပြီးဆန္ဒပြပွဲတွင် မတ် ၂၆ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် အတိုက်အခံခေါင်းဆောင် Alexei Navalny အပါအဝင် အစိုးရနှင့်သဘောထားကွဲလွဲ သူရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မတ် ၂၇ ရက် သတင်းများအရသိရသည်။



မတ် ၂၆ ရက် ဆန္ဒပြပွဲကို လူပေါင်း ၇ဝဝဝမှ ၈ဝဝဝအတွင်း ပူးပေါင်းပါဝင်ခဲ့ပြီး ယခုနှစ်ပိုင်းအတွင်း အစိုးရ၏ခွင့်ပြုချက်မရဘဲပြုလုပ်သော အကြီးမားဆုံးဆန္ဒပြပွဲတစ်ခုဖြစ်သည်။ ၂ဝ၁၈ခုနှစ် သမ္မတရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်နေသော အတိုက်အခံခေါင်းဆောင် Navalny ကိုချီတက်ဆန္ဒပြနေစဉ် ရဲကဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဆန္ဒပြသူများက ရဲကားကိုတားဆီးပိတ်ပင်ပြီး ၎င်းကိုလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ အတိုက်အခံခေါင်းဆောင် Navalny က မော်စကိုမြို့လယ် Tverskaya  လမ်းပေါ်ဆက်လက်ချီ တက်ဆန္ဒပြရန်တွစ်တာမှ ရေးသားလှုံ့ဆော်ခဲ့သည်။ အစိုးရဝေဖန်ရေး ဆရာများအပါအဝင် သဘောထားကွဲလွဲသူများနှင့် ဆန္ဒပြသူ ၅ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း မော်စကိုရဲတပ်ဖွဲ့က ပြောသည်။ စိန့်ပီတာစဘတ်မြို့တွင် အစိုးရ၏ ဆန့်ကျင်ဆန္ဒပြသူ ၄ဝဝဝကျော်စုဝေး၍ ဆန္ဒပြခဲ့ပြီး တက်ကြွလှုပ်ရှားသူ ၁၃ဝ ကိုဖမ်းဆီးထားကြောင်းသိရသည်။


ရုရှားဝန်ကြီးချုပ် Dmitry Medvedev သည် အကျိုးအမြတ်မယူ သောအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် အိမ်ခြံမြေအင်ပါယာတစ်ခုကို ထိန်းချုပ်ထားသည့် စွပ်စွဲချက်ထွက်ပေါ်လာပြီး အစိုးရထိပ်တန်းအရာရှိများ၏ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်အရေးယူပေးရန် လမ်းပေါ်ထွက်ဆန္ဒပြ ရခြင်းဖြစ်သည်ဟုNavalny  ကပြောသည်။ ယင်းစွပ်စွဲချက်နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ယခုအချိန်အထိ တုံ့ပြန်ဖြေရှင်းခဲ့ခြင်းမရှိချေ။ ''ကျွန်တော်တို့ကိုလိမ်လည်ဖို့ သူတို့ကကြိုးစားနေကြတယ်။ ဒါကြောင့် ကျွန်တော်တို့တစ်ခုခုတုံ့ပြန်ဖို့လိုတယ်'' ဟု ၂၃နှစ်အရွယ် ဆန္ဒပြသူ Sergei Timofeyev ကပြောသည်။ မတ် ၂၆ ရက်တွင် အတိုက်အခံခေါင်းဆောင် Navalny ကိုဖမ်းဆီး သွားပြီးခွင့်ပြုချက်မရဘဲ စုဝေးဆန္ဒပြ ခြင်းနှင့် အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုဖြင့် တရားစွဲဆိုခံရနိုင် ကြောင်း၊ ၎င်းကို ၁၅ ရက်အထိ ဖမ်းဆီးချုပ်နှောင်ထားနိုင်ကြောင်း Navalny တည်ဆောက်ထားသော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဖောင်ဒေးရှင်း FBK ကပြောသည်။


''သူခိုးတွေက ဒီလိုနည်းလမ်းနဲ့သူ တို့ကိုယ်သူတို့ကာကွယ်လိမ့်မယ်ဆိုတာနားလည်ပါတယ်။ ဒါပေမဲ့လူတိုင်းကို မဖမ်းနိုင်ပါဘူး။ အကျင့်ပျက်ခြစားမှု ကိုဆန့်ကျင်တဲ့ လူသန်းပေါင်းများစွာရှိပါတယ်''ဟု Navalnyက ပြောသည်။ အသက် (၄ဝ) အရွယ်ရှေ့နေ Navalay သည် ၂ဝ၁၃ခုနှစ်တွင် မော်စကိုမြို့တော်ဝန်အဖြစ်ဝင်ရောက်ရွေး ချယ်ခံခဲ့ပြီး လာမည့်သမ္မတရွေးကောက် ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။ သို့သော် ရုရှားအစိုးရက ၎င်းကိုယခုနှစ်ပိုင်းအတွင်း ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီလတွင် ငွေကြေးအလွဲသုံးစားမှုဖြင့် တရားစွဲဆိုခဲ့သည်။


Ref; AFP

#democracytoday

Read more...

မော်စကို ဆန္ဒပြပွဲတွင် အတိုက်အခံခေါင်းဆောင် အပါအဝင် ဆန္ဒပြသူ ရာပေါင်းများစွာ ဖမ်းဆီးခံရ

မော်စကို၊ မတ် ၂၈

အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်ပြီးဆန္ဒပြပွဲတွင် မတ် ၂၆ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် အတိုက်အခံခေါင်းဆောင် Alexei Navalny အပါအဝင် အစိုးရနှင့်သဘောထားကွဲလွဲ သူရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မတ် ၂၇ ရက် သတင်းများအရသိရသည်။

Read more...

ပရော်ဖက်ရှင်နယ် ကစားသမားကောင်း တစ်ဦးအဖြစ် ဒီဖိုး သက်သေပြခဲ့ကြောင်း အင်္ဂလန်နည်းပြ မှတ်ချက်ပြု၊ ဆယ်ကျော်သက် ကစားသမား တစ်ဦးကဲ့သို့ စွမ်းဆောင်ရည် မြင့်မားခဲ့ဟု လယ်လာနာချီးကျူး

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်သည် လစ်သူယေးနီးယားအသင်းအား အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ဝါရင့်တိုက်စစ်မှူးဒီဖိုးအား ချီးကျူးပြောကြားမှုများပြုလုပ်ခဲ့ပြီး ပရော်ဖက်ရှင်နယ်ပီသသည့် စီနီယာကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း၊ အသင်းရဲ့တိုက်စစ်အတွက် အားရစရာအကောင်းဆုံးနေ့ရက်ဖြစ်ခဲ့ကြောင်း ပွဲအပြီးတွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616