HOT NEWS
Main menu
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်မှ မြန်မာ-ဂျပန်နှစ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၄ဝ ခန့်ခေါ်ယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မြန်မာ-ဂျပန်နှစ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် အထွေထွေဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ စခန်းသွင်းလေ့ကျင့်မှုအစီအစဉ် (IDFC) မှ ၂ဝ၁၈ ခုနှစ်တွင် နှစ်နိုင်ငံမှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အယောက် ၄ဝ ခန့်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ International Development Field Camp for Myanmar and Japan outh Leaders အစီအစဉ်သည် ဂျပန်နှင့်မြန်မာလူငယ်များအကြား နှစ်နိုင်ငံယဉ်ကျေး မှုဖလှယ်နိုင်ရန်၊ ကိုယ်ပိုင်အရည်အသွေးများတိုးတက်လာရန်၊ ခေတ်နှင့်အညီဖြစ်ပျက်နေသော ကမ္ဘာ့အရေးများကို လူငယ်များအကြားဆွေးနွေးနိုင်ရန်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ် ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်က စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်သည့် အဆိုပါစခန်းသွင်းလေ့ကျင့်မှုအစီ အစဉ်ပိတ်ပွဲအခမ်းအနားမှသိရသည်။

Read more...

နိုင်ငံအနှံ့မှ အကျဉ်းသားများ၏ စားစရိတ် တစ်ရက်လျှင် ကျပ်သိန်း ၄၆ဝ ကျော်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ထောင်တွင်းရောက် အကျဉ်းသားများ၏ စားစရိတ်အဖြစ် နိုင်ငံတော်ဘတ်ဂျက်မှ တစ်ရက်လျှင် အနည်းဆုံး ကျပ် ၄၆၂ သိန်းကျော် သုံးစွဲနေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)  ၏ စစ်တမ်းအရသိရသည်။ အထက်ပါကုန်ကျငွေမှာ အကျဉ်းသားများအတွက် စားစရိတ် သီးသန့်ဖြစ်ပြီး အခြားသော ဝန်ထမ်းစရိတ်၊အထွေထွေ၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုများ အတွက်ကုန်ကျစရိတ် မပါသေးကြောင်း AAPP မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။

Read more...

ရန်ကုန်တွင် ၂ဝ၁၆ က ဖမ်းဆီးမိသည့် လိုင်စင်မဲ့ ကား ၁ဝဝ ကျော်ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယမန်နှစ်က ဖမ်းဆီးရမိခဲ့သည့် လိုင်စင်မဲ့မော်တော် ယာဉ် ၁၂၂ စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်းအမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ''လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးတယ်။ ကညနမှာသေချာအောင်ပြန် စိစစ်ပြီး သေချာပြီဆိုရင်နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းဆည်းတယ်''ဟု အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂ဝ ရက်တွင် ပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS