Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

မက္ကဆီကို ထောင်ဆူပူမှုဖြစ်၊ ထောင်သားကိုးဦး သေဆုံး

မက္ကဆီကိုစီးတီး၊ သြဂုတ် ၁၁ 

မက္ကဆီကိုထောင်တစ်ခုတွင် သြဂုတ် ၁ဝ ရက်၌ ပြိုင်ဘက်ဂိုဏ်း အချင်းချင်း ဓားဖြင့်ထိုး၊ တုတ်များ ဖြင့်ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ ထောင် သားကိုးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။ ဤသည်မှာ မက္ကဆီကိုထောင်များ၌ နောက်ဆုံးအကြမ်းဖက်မှုဖြစ်ကြောင်း ဆင်ဟွာသတင်းက ရေးသားလိုက်သည်။

Read more...

ဗင်နီဇွဲလား သမ္မတ မာဒူရိုက အမေရိကန် သမ္မတ ထရန့်နှင့် တိုက်ရိုက် ဆွေးနွေးပြောဆိုလို ဟု ပြောကြား

ကာရာကတ်စ်၊ သြဂုတ် ၁၁

ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကို လပ်စ်မာဒူရိုက ၎င်းအနေဖြင့် ပိတ်ဆို့မှုများချမှတ်ထားသော အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ပုဂ္ဂိုလ်ရေးအရတွေ့ဆုံကာ ကန့်ကွက်စကားပြောကြားမည်ဟု သြ ဂုတ် ၁ဝ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်ဟု သြဂုတ် ၁၁ ရက် သတင်းများအရ သိရှိရသည်။

Read more...

ကင်ညာရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် လေးဦးသေဆုံး

နိုင်ရိုဘီ၊ သြဂုတ် ၁ဝ

ကင်ညာ ရွေးကောက်ပွဲတွင် သမ္မတ Uhuru Kenyatta ၏ ပါတီက မဲအသာရရန်မဲလိမ်၊ မဲခိုးမှုပြုလုပ်သည်ဟု အတိုက်အခံပါတီက စွပ်စွဲ ပြောကြားပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်သော အကြမ်းဖက်မှုကြောင့် လေးဦးသေဆုံးခဲ့သည်ဟု သြဂုတ် ၁ဝ ရက်တွင် အာဏာပိုင်များက ပြောသည်။ အတိုက်အခံခေါင်းဆောင် Raila Odinga က သြဂုတ် ၉ ရက် တွင် အာဏာရပါတီက ရွေးကောက်ပွဲ ကနဦးရလဒ်ကို ငြင်းပယ်လိုက်သဖြင့် ရွေးကောက်ပွဲအငြင်းပွားမှုများနှင့် အတိုက်အခံအင်အားကောင်း သော ဒေသများတွင် ဆန့်ကျင်ဆန္ဒ ပြမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ရိုဘီ မြို့ပြင် မာသာရီမြို့နယ်တွင် ဆန္ဒပြသူများကို ရဲကအကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသွားသူနှစ်ဦးသည် ရဲလုံခြုံ ရေးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားသဖြင့် ရဲကပစ်ခတ်တားဆီး ခဲ့ရခြင်းဖြစ်သည်ဟု နိုင်ရိုဘီမြို့နယ် ရဲမှူး Japheth Koome ကပြောသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191