Main menu
HOT NEWS
adv

ရန်ကုန်ပဲတီစိမ်း ကွာလတီကျဆင်းမှုကြောင့် ယခင်နှစ် အလားတူကာလထက် တစ်အိတ်လျှင် ကျပ် ၃ဝဝဝဝကျော်ထိ ကျဆင်းနေဟုဆို

ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်း ဒေသကြီးမှ ထွက်ရှိသော ပဲတီးစိမ်း မှာကွာလတီကျဆင်းမှုကြောင့် ယခု နှစ်ပဲတီစိမ်းဈေးနှုန်းထက် တစ်အိတ် လျှင် ကျပ်၃ဝဝဝဝ ကျော်လျော့နည်း နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်း ကုန်သည်အသင်း မှ သိရသည်။ ယခင်နှစ် ဧပြီလအတွင်း ပဲတီစိမ်း (ပိဿာ ၆ဝ)တစ်အိတ် ကျပ်၁၄ဝဝဝဝ ဝန်းကျင်ရှိခဲ့သော်လည်း ယခုနှစ် ဧပြီ လအတွင်း ပဲတီစိမ်း(ပိဿာ၆ဝ) တစ် အိတ် ကျပ်၁ဝဝဝဝဝ မှ၁ဝ၅ဝဝဝ ဝန်းကျင်သို့ ကျ ဆင်းခဲ့သည်။ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ''ရန်ကုန်တိုင်းမှာဆိုရင် ပဲတီစိမ်းက ခရမ်းသုံးခွကထွက်တဲ့ ခရမ်းရွှေဝါဆိုရင် အရည်အသွေးကောင်းတော့ အရင်နှစ်က ဈေးရ တယ်။ ဒါပေမဲ့ ဒီ နှစ်မှာ အပူချိန်မြင့်တဲ့အတွက် ပဲမှာ အဝါပေါက်များပြီး ကွာလတီကျသွား လို့ ဈေးမရတာပါ''ဟု ဆိုသည်။

Read more...

သစ်ထုတ်လုပ်မှုရပ်ဆိုင်းမည့်ကိစ္စကို အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးမှသာ ဆုံးဖြတ်သွားမည်

ရန်ကုန်၊ မေ ၁

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည့်ကိစ္စကို အလုပ်ရုံဆွေး နွေးပွဲကျင်းပပြီးမှသာ ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာ နညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားလိုက်သည်။ လက်ရှိအချိန်တွင် သစ်ထုတ် သင့်မထုတ်သင့်ကိစ္စများနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်နေမှုများနှင့်ပတ်သက်ပြီး ဒီမိုကရေစီတူဒေး သတင်းစာ၏ မေ ၁ ရက်က ဆက်သွယ်မေးမြန်းမှုအပေါ် အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်းဖြစ် သည်။ ဒေါက်တာညီညီကျော်က ''သစ်ထုတ်လုပ်မှုရပ်ဆိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်။ အကျေအလည်ဆွေးနွေးကြမယ်။ ဆွေးနွေးပြီးမှသာဆုံးဖြတ်သွားမှာပါ''ဟု ပြောသည်။ အဆိုပါအလုပ် ရုံဆွေးနွေးပွဲကို မေလဒုတိယပတ်အတွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

Read more...

မင်းလှ၊ သရက် ရေနံမှော်များတွင် ရေနံအထွက်နှုန်းနည်းလာ ရေနံဈေးပါကျဆင်းသဖြင့် လာရောက်လုပ်ကိုင်သူနည်းပါး

မင်းလှ၊ မေ ၁

မကွေးတိုင်းဒေသကြီး မင်းလှ၊ သရက်ဒေသရှိ ရေနံ မှော်လုပ်ကွက်များအတွင်း ယခုအခါ ရေနံထွက်ရှိမှုနည်းလာကာ ရေနံစည်ဈေးနှုန်းမှာလည်း ကျဆင်းနေသဖြင့် ရေနံမှော်များတွင်လာရောက် ရင်းနှီးလုပ်ကိုင်သူနည်း ပါးနေပြီဖြစ် ကြောင်း ရေနံမှော်လုပ်ကွက်အတွင်းမှ သိရသည်။ ရေနံမှော်အတွင်း ယခင်ကရေ နံတစ်စည်လျှင် ကျပ်ရှစ်သောင်းဝန်း ကျင်ရှိခဲ့ရာမှ သင်္ကြန်မတိုင်မီကာလကပင် ဈေးနှုန်းများကျဆင်းလာကာ ယခုအ ခါ ရေနံတစ်စည်ကျပ်ငါး သောင်းဝန်းကျင်သာရှိတော့ကြောင်း သိရသည်။

Read more...

နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ဘဏ်လုပ်ငန်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟုဆို

ရန်ကုန်၊ မေ ၁

နယ်စပ်ဒေသများ တွင်လုပ်ကိုင်ဆောင်ရွက်နေသည့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဘဏ်လုပ်ငန်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တာချီလိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သော တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်း၏ကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ်ကုန်သွယ်မှုပမာဏ ထက်လျော့နည်းကျဆင်းခဲ့ပြီး လျာထားချက်ကို ပြည့်မီခြင်းမရှိခဲ့ ကြောင်းနှင့်ကုန်သွယ်မှုတိုးမြင့်လာစေရန်ပို့ကုန်၊ သွင်းကုန်ဆောင်ရွက် ရာ၌သက်ဆိုင်ရာဌာနများ၏ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ ထောက်ခံချက်ရယူရ သည့်ကိစ္စများအားထပ်မံ ဖြေဆောင်ရွက်နိုင်ရေးနှင့် နယ်စပ် ဒေသများတွင် Money Changer များဆောင်ရွက်ပေးနိုင်ရေး၊ ဘဏ်လုပ်ငန်းစနစ်တိုးတက်ဆောင်ရွက် ပေးနိုင်ရေးတို့အတွက် မြန်မာနိုင်ငံ တော်ဗဟို ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့နှင့်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

Read more...

အများပြည်သူအား တိုက်ရိုက်အကျိုးပြုမည့် ဖွံ့ဖြိုးမှုကို ရက် ၁ဝဝ စီမံကိန်းတွင် ပြသနိုင်ရန် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန်၊ မေ ၁

စက်မှုဝန်ကြီးဌာနအနေဖြင့် ရက် ၁ဝဝ စီမံကိန်းအတွင်း အများပြည်သူအား တိုက်ရိုက်အကျိုး ပြုစေနိုင်သော သိသာထင်ရှားသည့် ဖွံ့ဖြိုးမှုများကို ပြသနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးခင်မောင်ချိုက ထုတ်ဖော်ပြောကြားလိုက်သည်။  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မေ ၁ ရက်က စက်မှု ဝန်ကြီးဌာန၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများဖွံ့ ဖြိုးရေးဗဟိုဌာနတွင် အသေးစားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နေမှုများနှင့် အကူအညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616