Main menu
HOT NEWS
adv

မြန်မာနိုင်ငံ နယ်စပ်တွင် အကြီးမားဆုံး ဖြစ်သော တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ရေး မိုင်းလား ဈေးကွက်ကို ပိတ်သိမ်းမည်

ရန်ကုန်၊ ဇွန် ၉

မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် အကြီးမားဆုံး တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေး ဈေးကွက်ဖြစ်နေသည့် မိုင်းလားဒေသဈေးကွက်ကို ပိတ်သိမ်းနိုင်ရန်စီစဉ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင် က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဇွန် ၉ ရက်ကပြောကြားလိုက်သည်။ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းလားမြို့ သည် မြန်မာနိုင်ငံနယ်စပ် ဒေသများတွင် တရားမဝင်တော ရိုင်းတိရစ္ဆာန်ရောင်းဝယ်နေသည့် အကြီးမားဆုံးဈေးကွက်တစ်ခုဖြစ် ကြောင်းသိရသည်။

Read more...

ရန်ကုန် ကားဈေးကွက်တွင် တက္ကစီအပ်ကားနှင့် စလစ်ဈေးနှုန်းများ အနည်းငယ်မြင့်တက်

ရန်ကုန်၊ ဇွန် ၈

ရန်ကုန်ကားဈေးကွက်တွင် တက္ကစီအပ်ကားဈေးနှုန်းများနှင့် စလစ်ဈေးနှုန်းများ  အနည်းငယ်မြင့်တက်နေကြောင်း ရန်ကုန်အ ခြေစိုက် ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှသိရသည်။ တက္ကစီအပ်ကားများ၏ဈေး နှုန်း မှာ ယခင်က ကျပ် ၇၆ သိန်းမှ လက်ရှိတွင် ကျပ် ၈၂သိန်းအထိ မြင့်တက်နေပြီး တက္ကစီစလစ်၏ ဈေး နှုန်းမှာ ယခင်က ကျပ်သိန်း ၈ဝ မှ လက်ရှိတွင် ကျပ်သိန်း ၉ဝ အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

Read more...

ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စိစစ်ရန် အဖွဲ့ဝင် ၁၁ ဦးဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ်ကို ဖွဲ့စည်း

ရန်ကုန်၊ ဇွန် ၈

အစိုးရသစ်လက်ထက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစိစစ်ရန်အတွက် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အသစ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ  ဇွန် ၇ ရက် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် ၄၃/၂ဝ၁၆ ဖြင့် အဆိုပါ  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌ အဖြစ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းကဆောင်ရွက်သွားမည်ဖြစ်သည်။

Read more...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တစ်နေ့ယာဉ်ဖြတ်သန်းခ ကျပ်သိန်း ၅ဝဝ နီးပါးရရှိ လက်ရှိ အစိုးရသစ်လက်ထက်တွင် ဂိတ် ၁၆၁ ဂိတ်၌ ယာဉ်ဖြတ်သန်းခ အခွန်ကောက်ခံမှု ဖြေလျှော့ပေးခဲ့သဖြင့် ဝင်ငွေ နှစ်ဘီလီယံ နီးပါးလျော့သွားခဲ့ဟု ဆို

ရန်ကုန်၊ ဇွန် ၈

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ် သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအပေါ် ယာဉ်ဖြတ်သန်းခ အခွန်ကောက်ခံမှုမှ တစ်နေ့လျှင် ကျပ်သိန်း ၅ဝဝ နီးပါးရရှိနေကြောင်း ဆောက် လုပ်ရေးဝန် ကြီးဌာနမှ သိရသည်။ ဇွန် ၇ ရက်က နေပြည်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှ နေ့စဉ်မော်တော်ယာဉ် စီးရေ တစ်သောင်းနီး ပါးဖြတ်သန်းလျက်ရှိရာ ယင်းမော်တော်ယာဉ်များအပေါ် ယာဉ်ဖြတ်သွားလာမှုအ ပေါ်ဖြတ်သန်းခကောက်ခံမှုမှရရှိခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြော ကြားခဲ့ ခြင်းဖြစ်သည်။

Read more...

မြန်မာ့ သရက်သီးများ ကိုရီးယားနိုင်ငံသို့ လစဉ် တန်ချိန် ၂ဝ ခန့် တင်ပို့မည်

ရန်ကုန်၊ ဇွန် ၇

ယခုဇွန်လမှစ တင်ကာ မြန်မာ့သရက်သီးများကို  ကိုရီးယားနိုင်ငံသို့ လစဉ်တန်ချိန် ၂ဝခန့် တင်ပို့သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ ယင်းသို့တင်ပို့ရာ၌ စိန်တလုံး သရက်သီးများကိုသာ ကနဦးတင်ပို့ သွားမည်ဖြစ်ပြီး လာမည့်နှစ်များ တွင် စိန်တလုံးသရက်သီးအပြင် တခြားသော သရက်သီးများကိုလည်း တိုးချဲ့တင်ပို့ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616