Main menu
HOT NEWS
adv

ရွှေဘိုဒေသ၌ နွေစပါးဈေး ကျဆင်းနေမှု၊ စိုက်ပျိုးစရိတ် ချေးငွေ မရရှိမှုတို့ကြောင့် လယ်သမားများ အခက်အခဲတွေ့နေစဉ် စပါးဈေး ပြန်လည်မြင့်တက်လာ

ရွှေဘို၊ ဇူလိုင် ၃၁

ရွှဘိုခရိုင်ဒေသ၌ သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါးဧက ၂၆၇၂၁၆ ကျော် စိုက်ပျိုးခဲ့ရာမှ အောင်မြင်ဖြစ်ထွန်း ရင့်မှည့်လာ၍ နွေစပါးများ လှိုင်လှိုင်ရိတ်သိမ်းနေမှုကြောင့် စပါးများပေါများလာကာ ဝယ်ယူမည့်သူ မရှိလောက်အောင် စပါးဈေးကျဆင်းနေရာမှပြန်လည်၍ ဈေးမြင့်တက်လာကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

Read more...

ချင်းပြည်နယ် ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ်များ စတင်တည်ဆောက်ရန် စီစဉ်နေ

ရန်ကုန်၊ ဇူလိုင် ၃၁

ချင်းပြည်နယ် ဟားခါးမြို့တွင် အဆင့်မြင့်ဟိုတယ်များစတင်တည်ဆောက်ရန် စီစဉ်နေ ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် မြေနေရာလေ့လာမှုများကိုပြုလုပ်ထားပြီးဖြစ်ကာ အနည်းဆုံး ဟိုတယ်နှစ်လုံးကို စတင်တည် ဆောက်သွားရန်စီစဉ်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဟားခါးမြို့ပြဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာနဝန်ကြီးဦးဆလိုင်းအိုက်ဇက်ခင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဇူလိုင်၃၁ရက်ကပြောသည်။ ဦးဆလိုင်းအိုက်ဇက်ခင်က ''ကျွန် တော်တို့တည်ဆောက်ဖို့ စတင်စစ် ဆေးနေပါပြီ။ စစ်ဆေးပြီးရင်တော့ ခွင့်ပြုပေးသွားမှာပါ။ ဟားခါးမြို့မှာ ပဲတည်ဆောက် သွားမှာပါ။ ဟိုတယ် တစ်လုံးကိုမြေဧကငါးဧကလောက် ပေးဖို့တော့စီစဉ်ထားပါတယ်''ဟု ပြောသည်။

Read more...

အနည်းဆုံး လုပ်ခ သတ်မှတ်ချက် ကျပ် ၃၆ဝဝ ကို တိုးမြှင့်နိုင်ရန် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီမှ ဆောင်ရွက်မည် ဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၁

အနည်းဆုံးလုပ်ခသတ်မှတ်ချက်ကျပ် ၃၆ဝဝ ကိုထပ်မံတိုးမြှင့်နိုင်ရေးအတွက်  ပြည်တွင်းပြည်ပအလုပ်သမားရေးရာ ကော်မတီမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ ''ကျွန်တော်တို့ကော်မတီအနေနဲ့ အနည်း ဆုံးအခကြေးငွေဥပဒေအရ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေနဲ့ အလုပ်သမားတွေရဲ့  စားဝတ်နေရေးအဆင်ပြေဖို့အတွက် နှုန်းထားတိုးပေးဖို့လိုအပ်နေတယ်။ ဥပဒေမှာလည်း နှစ်နှစ်တစ်ကြိမ် ပြောင်း လဲသတ်မှတ်နိုင်တယ်လို့ပါတယ်။ ဒါကြောင့် ဥပဒေအရ လုပ် ဆောင်ပေးသွားမယ်'' ဟု  ပြည်တွင်း ပြည်ပအလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက ဇူလိုင် ၃၁ ရက်တွင် ပြောသည်။

Read more...

ယခုနှစ်တွင် CLMV နိုင်ငံများသို့ ပြည်ပ ဧည့် ၂၄ သန်းကျော် ဝင်ရောက်မည်ဟု မျှော်မှန်း

ရန်ကုန်၊ ဇူလိုင် ၃၁

ယခုနှစ်အတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်  ဗီယက်နမ်သို့ နိုင်ငံတကာခရီးသွား ဧည့် ၂၄ သန်းကျော်အထိဝင်ရောက် လာမည်ဟု CLMV ခေါင်းဆောင်များက မျှော်မှန်းထားကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် ပထမငါးလအတွင်း CLMV နိုင်ငံများသို့ ပြည်ပဧည့် ၁ဝ သန်းကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ယင်းကဲ့သို့မျှော်မှန်းထားသည့်အတွက် ကိုးရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တွင် လေးနိုင်ငံသို့ နိုင်ငံတကာ ဧည့် ၂၈ ဒသမ ၅ သန်းကျော်ရောက်ရှိမည်ဟု လေးနိုင်ငံမှ အကြီးအကဲများက မျှော်မှန်းထား ကြောင်း သိရသည်။

Read more...

မင်းဘူး ခုတင် (၂ဝဝ) ဆံ့ဆေးရုံကြီးတွင် အချဉ်ပေါင်းနှင့် အသုပ်မျိုးစုံရောင်းချနေသော ဈေးသည်များကို ခေါ်ယူသတိပေးတားမြစ်

မင်းဘူး၊ ဇူလိုင် ၃ဝ - မင်းဘူးခရိုင် မင်းဘူးမြို့ ခုတင်(၂ဝဝ) ဆံ့ဆေးရုံ ကြီးတွင် ကူးစက်မြန်ပြင်းထန် ဝမ်း ပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာ ကွယ်ရေးကော်မတီဖွဲ့ကာ ဆေးရုံ ဝင်းအတွင်း အချဉ်ပေါင်းမျိုးစုံနှင့် အသုပ်မျိုးစုံရောင်းချနေသော ဈေး သည်များအား ခေါ်ယူသတိပေး တားမြစ်ခဲ့ကြောင်း သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191