Main menu
HOT NEWS
adv

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ်ကို ယခုလအတွင်း ဖွဲ့စည်းမည်

ရန်ကုန်၊ ဇွန် ၆

ယခုဇွန်လအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ်ကို ဖွဲ့စည်းနိုင်မည်ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။ ဇွန် ၆ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ''U.S. Myanmar Commercial Relations: The Next Phase'' ကွန်ဖရင့်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ဦးအောင် နိုင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးအခွင့်အရေးများ ပေးအပ်ရန်နှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အမေရိကန် ကုန်သည်များအသင်း မှ အကြံပြုချက် ကြေညာစာတမ်း ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၆

အမေရိကန်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်း နှီးမြှုပ်နှံမှုများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအား ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးအပ်ရန်နှင့် အရေးယူပိတ်ဆို့မှုများအား ရုပ် သိမ်းပေးရန် အကြံပြုထားသည့် စီးပွားရေးမူဝါဒဆိုင်ရာ ကြေညာစာတမ်းကို အမေရိကန် ကုန်သည်အသင်းမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ အမေရိကန်-မြန်မာစီးပွားရေးမူဝါဒဆိုင်ရာ ကြေညာစာတမ်းကို ဇွန် ၆ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ''U.S. Myanmar Commercial Relations: The Next Phase '' ကွန်ဖရင့်တွင် အမေရိကန်ကုန်သည် အသင်းအရှေ့တောင်အာရှညွှန်ကြားရေးမှူး Mr. John Goyer ကတင်ပြခဲ့ရာ အမေရိကန် နိုင်ငံ၏ International Economic  Emergency Powers Act ဥပဒေအရ မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းထားသည့် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန်အကြံပြုထားပြီး အခွန်သက်သာကင်းလွတ်ခွင့်အပါအဝင် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးအပ်ရန်နှင့်နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုအပြင် နည်းပညာနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုများပေးအပ်ရန်အတွက်ပါ တိုက် တွန်းထားကြောင်း သိရသည်။

Read more...

မြန်မာ့မီးရထား လုပ်ငန်းက အိန္ဒိယ ရထားခေါင်းတွဲ ၁၈ တွဲ ဝယ်ယူ၊ လူစီးများသော ရထားလမ်းပိုင်းများတွင် ထည့်သွင်းပြေးဆွဲ သွားမည်

ရန်ကုန်၊ ဇွန် ၅

ကန်ဒေါ်လာ ၁ဒသမ ၈သန်းတန်ဖိုးရှိသည့် အိန္ဒိယနိုင်ငံထုတ် ရထားခေါင်းတွဲ ၁၈ တွဲကို မြန်မာ့မီးရထားလုပ်ငန်းက ဝယ်ယူထားကြောင်း သိရသည်။ ယင်းကဲ့သို့ဝယ်ယူနိုင်ရန် မြန်မာ့မီးရထားလုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးဆောင်ရွက် ရေးကုမ္ပဏီ (RITES)တို့ လက် မှတ်ရေးထိုးထားကြောင်း သိရသည်။  မြန်မာ့မီးရထားလုပ်ငန်း တိုင်း (၇)သွားလာရေးလုပ်ငန်းမှ မန်နေ ဂျာဦးကျော်စိုးလင်းက ''အိန္ဒိယနိုင်ငံ ကနေစက်ခေါင်းတွဲ၁၈ခေါင်း ဝယ် ထားပါတယ်၊ မရောက်သေးပါဘူး၊ ရောက်ရင် လူစီးများတဲ့ရထားလမ်း ပိုင်းတွေမှာ ထည့်သွင်းပြေးဆွဲပေး မှာပါ''ဟု ဇွန်၅ရက်ကဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောသည်။

Read more...

ပျဉ်းမနားရှိ ကုန်စိမ်းဈေးသည် ၁၄ဝဝ ကျော်ကို တစ်ဦး ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သိန်းပေါင်း ၁၄ဝဝ ကျော်ပေးလှူ

နေပြည်တော်၊ ဇွန် ၅

နေပြည်တော် ပျဉ်းမနားမြို့ရှိ ကုန်စိမ်းဈေး ဈေး ၁၁ ခုမှ ဆင်းရဲနွမ်းပါးသူ ကုန်စိမ်းဈေး သည် ၁၄ဝဝ ကျော်ကို တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သိန်းပေါင်း ၁၄ဝဝ ကျော် ထောက်ပံ့ကူညီလှူဒါန်းမှုကို ပျဉ်းမနား မြို့ ဘောဂဝတီရပ်ကွက်ရှိ စိုးလျှပ်စစ်ဖောင်ဒေးရှင်းအေး ငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာ အားကစားခန်းမဆောင်တွင် ဇွန် ၅ ရက် မွန်းလွဲ ၂ နာရီကပြုလုပ်ခဲ့ ကြောင်း သိရသည်။  ပျဉ်းမနားမြို့ရှိ ကုန်စိမ်းဈေး ဈေး ၁၁ ခုဖြစ်သည့် ပျဉ်းမနားမြို့မ ဈေး၊ အလံကိုးစင်းဈေး၊ တောင်သာ ဈေး၊ ကံဦးဈေး၊ ခလရ ၈၅ စစ်တပ် ဈေး၊ ပေါင်းလောင်း ၁ ရပ်ကွက် (၉) လမ်းဈေး၊ ဥဗုဒ္ဓေါဈေး၊ ပန်းခင်း ဈေး၊ အာဟာရသုခဈေး၊ ယုဇနဈေး၊ ရွာကောက်ရပ်ကွက် ဘိုးမင်းခေါင် လမ်းမှ အိုးဘိုလမ်းထိပ်ထိ ပျံကျကုန် စိမ်းဈေးတို့ရှိ ဈေးဗန်းဈေးသည် ၁၄၂၅ ဦးမှာ တစ်ဦးလျှင် ကျပ်တစ် သိန်းစီရရှိခဲ့ကြသည်။

Read more...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အင်းလေလံရောင်းချရန် အင်း ၆ဝ သာကျန်ရှိ

ရန်ကုန်၊ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းလေလံရောင်းချရန် အင်း ၆ဝ သာကျန်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းလေလံရောင်းချပွဲများကို ဧပြီလနှင့် မေလအတွင်း နှစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး အင်း ၁၅၂ အင်း လေလံတင်ရောင်းချရာမှ ၉၂ အင်းရောင်းချခဲ့ရပြီး နိုင်ငံတော်အခွန် ငွေကျပ်သိန်းပေါင်း ၂၈၂၅ ဒသမ ၉၈ သိန်းကျော်ရရှိခဲ့ကြောင်းနှင့် အင်းလေလံရောင်းချပွဲများတွင် ထပ်မံရောင်းချရန်အင်း ၆ဝ သာကျန်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191