HOT NEWS
Main menu
adv

သရက်သီး တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်၍ ဈေးကွက်ချဲ့ထွင်မည်

ရန်ကုန်

မြန်မာ့သရက်သီးများကို အရည်အသွေးပိုင်းမြှင့်တင်၍ ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ ''သရက်သီးကို အလုံးလိုက်မသွားဘူး။ အနှစ်လုပ်ပြီးပို့မှာ၊ မနှစ်ကလဲပို့တယ်၊ ဒီနှစ်လဲပက်ကင်စည်သွတ်ဘူးနဲ့ ပမာဏများများ ပို့နိုင်ဖို့နဲ့ သရက်သီးအခြောက်တွေပါ ပို့နိုင်ဖို့ စီစဉ်နေပါတယ်။ ဈေးကွက်လည်း ဒီထက်ပိုကျယ်ပြန့်အောင် ဆောင်ရွက်မယ်။ လောလောဆယ် ဈေးကွက်သစ်အနေနဲ့ ရုရှားကို ရည်မှန်းပါတယ်''ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more...

မြင့်တက်နေသည့် ကြက်သွန်နီ ဈေးနှုန်းများ ပုံမှန်ဈေးနှုန်းသို့ ပြန်ရောက်နိုင်တော့မည်

ရန်ကုန်

ပြည်တွင်း၌ လတ်တလောမြင့်တက်နေသည့် ကြက်သွန်နီဈေးနှုန်းမှာ ယခု ဖေဖော်ဝါရီ တတိယပတ်အတွင်း ပုံမှန်ပြန်လည်ရောက်ရှိသွားနိုင်မည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီး နှံစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌဦးခင်ဟန်က ပြောသည်။ ''ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက တစ်ရက်ကို ကားအစီးရေ ၂ဝ အဝင် ရှိနေရင် ရန်ကုန်လူဦးရေ စားသုံးမှုအတွက် လောက်ငှပါတယ်။ အခုက တစ်နေ့ကို ကားအစီး၃ဝ လောက် ပြန်ဝင်နေပါပြီ။ တချို့အိန္ဒိယ- မြန်မာ နယ်စပ် တမူးကနေ ကြက်သွန် စမ်းသပ်တင်သွင်းတဲ့သူတွေလည်းရှိပါတယ်။ နောက် သီတင်းပတ်လောက်ဆို ဈေးက ပုံမှန်ပြန်ဖြစ်သွားမှာပါ''ဟု ပြောသည်။

Read more...

တန်ဖိုးနည်း တိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာ

ရန်ကုန်

အိမ်ခြံမြေ ဈေးကွက်အတွင်း ယခင်က တိုက်ခန်းအငှားဈေးကွက်သာ ပိုမိုများ ပြားသော်လည်း ယခုအခါ တန်ဖိုးအသင့်အတင့်နှင့် တန်ဖိုးနည်းအခန်းများ အငှားထက် အရောင်းအဝယ် ပိုမိုဖြစ်ထွန်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။  ''တိုက်ခန်းတွေကတော့ မရမ်းကုန်းမြို့ နယ်ဘက်က သုံးလွှာ၊ လေးလွှာလောက်တွေဆို ကျပ်သိန်း ၃၅ဝလောက်ကစတဲ့ အခန်း တွေရှိတော့ အဲဒီဘက်တွေ အဝယ်လိုက်လာတယ်။ ငှားရမ်းခက တစ်လကို တစ်သိန်းခွဲ အနည်းဆုံးဆိုတော့ ရေရှည်အတွက်အဆင် မပြေကြဘူး။ လက်ထပ်ပြီး တကယ်နေထိုင်ဖို့ လာဝယ်တဲ့သူတွေများပါတယ်''ဟု ဝါရင့်အိမ် ခြံမြေအကျိုးဆောင် ဦးချစ်က ပြောသည်။

Read more...

မြနန်းစံကျော် ရွှေနန်းတော်သို့ ပြည်တွင်း ပြည်ပဧည့်သည် နေ့စဉ် ၁၃ဝဝ ခန့် လာရောက် လေ့လာ၊ ကမ္ဘာလှည့် ခရီးသည်များတွင် ဥရောပနိုင်ငံများမှ အများဆုံး ပါဝင်

မန္တလေး၊ ဖေဖော်ဝါရီ ၁၅

မန္တလေး နန်းတွင်းရှိ မြနန်းစံကျော်ရွှေနန်း တော်ကြီးသို့ နေ့စဉ်လာရောက်လည် ပတ်သူဦးရေ ၁၃ဝဝ ရှိသည့်အနက် ကမ္ဘာလှည့်ခရီးသည်အများစုမှာ ဥ ရောပနိုင်ငံများမှ အများဆုံးဖြစ် ကြောင်း သိရသည်။

Read more...

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်ရန် စီစဉ်နေ၊ အမြန်လမ်းမကြီးအဆင့် ဆောင်ရွက်သွားမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းသစ် ဖောက်လုပ်ရန်စီစဉ် နေပြီး အမြန်လမ်းမကြီးအဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။ လတ်တလောတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအဆင် ပြေချောမွေ့စေရန် မန္တလေး-မူ ဆယ်လမ်းမကြီးကို လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အပြီးဆောင်ရွက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

Read more...
adv

adv

FacebookG+TwitterRSS