ရန်ကုန်၊ ဒီဇင်ဘာ ၁၀- တရုတ် နှင့် အိန္ဒိယ ကြက်သွန်နီတို့ အား တရားဝင် ၀ယ်ယူတင် သွင်းခွင့် လိုင်စင်လျှောက်ထား ခွင့်ကို ဆောင်းကြက်သွန်နီ ပေါ်ချိန်အထိ ခွင့်ပြုပေးထား ကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၉

 

ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရေးသည် စီးပွားရေးကောင်းမှဖြစ်မည် ဖြစ်ပြီး စီးပွားရေးကဏ္ဍသည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ တစ်ပြေးတည်းဖြစ်ရမည်ဟု ကုန်သည်စက်မှုအသင်းချုပ်၏ စီးပွားရေး အကြံပေး ဦးမြင့်က အကြံပြုပြော ကြားလိုက်ကြောင်းသိရသည်။ ဒီဇင်ဘာ ၉ ရက်က ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည် စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီလာခံ ၂ဝ၁၇ ၌ ပြောကြားခြင်းဖြစ်သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၉

 

နိုင်ငံဂုဏ်သိက္ခာရှိရှိ တောင့်တင်းခိုင်မာစွာရပ်တည်နိုင်ရန် စီးပွားရေးတိုး တက်မှုသည် အရေးကြီးပြီး၊ လူငယ်အင်အားနှင့် စီးပွားရေးအင်အား ပေါင်းပြီး နိုင်ငံကိုဖွံ့ဖြိုးတိုးတက် အောင်လုပ်ကြရမှာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။  ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက နေပြည်တော် MICC-2  တွင် ပြုလုပ်သည့် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းမှ ကြီးမှူးကျင်းပသည့် 2th Myanmar Entrepreneurship Summit 2017  အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၉

 

၂၀၁၈-၂၀၂၀ ပြည့်နှစ်သက်တမ်းအတွက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးအချို့ပါ ဝင်သည့် နာယကအဖွဲ့နှင့်အတူ အသစ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကို ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ ရှိ ပန်ဒါဟိုတယ်တွင်ပြုလုပ်ခဲ့သည်။  ၂၀၁၅-၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းတွင်ပါဝင်ခဲ့သည့် အလုပ်အမှုဆောင်များက နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးနောက် ၂၀၁၈-၂၀၂၀ တွင် ပါဝင်ဆောင်ရွက်မည့် နာယကအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များကို ပြန်လည်ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး၊ ဒီဇင်ဘာ ၈

 

မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများအဆင့်မြှင့်တင်နိုင်ရန် ကုန်ကျစရိတ်များပြားနိုင်သကဲ့သို့ ဘတ်ဂျက်လိုအပ်ချက်များလည်းရှိနေသော ကြောင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား နှစ်ရှည်စီမံကိန်းဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက်နံနက် ၁ဝ နာရီကကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ် တော်၊ အဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့)မှ သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၈

 

နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်-အာဆီယံစီးပွား ရေးကောင်စီမှ Senior Vice President နှင့် Regional Managing Director  ဖြစ်သူ သံအမတ်ကြီး Michael Michalak  ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၈

 

တရုတ်နှင့် အာဆီယံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ဆွေးနွေးကြသည့် ဒုတိယအကြိမ်မြောက် China-ASEAN Entrepreneurs Forum ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပလျက်ရှိသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၇

 

ဒုတိယအကြိမ် လုပ်ခတိုးမြှင့်သတ်မှတ်နိုင်ရေး အနည်းဆုံးအခကြေးငွေ ဖိုရမ်ကို ဒီဇင်ဘာ ၂၃ရက်တွင် ရန်ကုန်၌ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။  အဆိုပါဖိုရမ်ကို ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ကာ ပညာရှင်များ၊ အလုပ်ရှင်များ၊ အလုပ်သမားများ၊ အလုပ်သမား အဖွဲ့ချုပ်များ၊ ILO ၊ လွှတ်တော် ၊ CSO များ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း၊ အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီမှ သိရသည်။

Page 3 of 32