Main menu
HOT NEWS
adv

အခွန်စနစ်နှင့် ယဉ်ပါးရေးမှတစ်ဆင့် အခွန်ယဉ်ကျေးမှု ထွန်းကားရေး

၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်ပိုင်း ပြန်လည်စတင်တဲ့ လွှတ် တော်အစည်းအဝေးမှာ အခွန်နှင့် ဘဏ္ဍာရေးအကြောင်း ကို ဦးစားပေး ဆွေးနွေးခဲ့ကြတယ်။ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းကိုလည်း အများပြည်သူ လေ့လာသိရှိ၊ အကြံပြုနိုင်ဖို့ ဖော်ပြပေးလာကြတယ်။ ဒါကြောင့် ပြည်သူတွေကြားမှာ အခွန် အကြောင်း၊ ဘဏ္ဍာငွေ ရရှိမှုနှင့် အစိုးရဘတ်ဂျက် အစရှိတာတွေ ကို ယခင်ကထက်ပိုပြီး စိတ်ဝင်စားမှု မြင့်တက်လာကြတယ်။

Read more...

အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် တိုက်ကြီးမြို့နယ်တွင် ကျပ်သန်း၂ဝဝ ခန့် ဆုံးရှုံးခဲ့

ရန်ကုန်

မတ် ၁၃ရက် ည ၉နာရီဝန်းကျင်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် တိုက်ကြီးမြို့နယ်တွင် ကျပ်၁၉၅ ဒသမ ၁ သန်းဆုံးရှုံးခဲ့သည်ဟု တိုက်ကြီးမြို့ မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်(၂)မှ လွှတ်တော် ကိုယ်စားလှယ်ဦးလွင်မင်းစိုးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။ ''ဆုံးရှုံးသွားတာတော့ ၁၉၅ ဒသမ ၁ သန်းပါ။ နောက်ပြီး ပြိုကျတဲ့အိမ်တွေက တစ်လုံးက ရှေးဟောင်းအိမ်၊ နှစ်လုံးက တိုက်ခံအိမ်နဲ့ ရဲတန်းလျားဟောင်းသုံးလုံး ပျက်စီးသွားတယ်။ စေတီပုထိုးတွေလဲပါတယ်''ဟု ဦးလွင်မင်းစိုးက ပြောသည်။

Read more...

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ပဲမျိုးစုံ တင်ပို့မှုမြင့်တက် ခဲ့ခြင်းကြောင့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ နီးပါး ပိုမိုရရှိ

ရန်ကုန်၊ မတ် ၁၅

လက်ရှိဘဏ္ဍာနှစ်အတွင်း လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန်နှင့်ပဲမျိုးစုံတင်ပို့မှု သိသိသာသာ မြင့်တက်ခဲ့သည့်အတွက် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာသန်း ၃ဝဝ နီးပါးပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။ 

Read more...

မြန်မာဘက်မှ မီဇိုရမ်ဘက်သို့ တင်ပို့မည့် ကွမ်းသီးများ အိတ်ရေ သိန်းချီသောင်တင်နေ၍ ကုန်သည်များ အခက်ကြုံနေရ

ရိခေါဒါရ်၊ မတ် ၁၅

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ရွာဖြစ်သည့် ဇိုခေါထာရ် (ဇသု့တေအ့မေ) ရွာရှိ ပြည်သူများနှင့် ကုန်တင်ကုန်ချအသင်းများအကြား သဘောထားကွဲလွဲမှုပြဿနာကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ရိခေါဒါရ်နယ်စပ် ဂိတ်ပေါက်မှ အိန္ဒိယဘက်သို့ တင်ပို့ နေသော ကွမ်းသီးများမှာတင်ပို့နိုင် ခြင်းမရှိဘဲ ရိခေါဒါရ်မြို့တွင် သောင် တင်နေ၍ ကွမ်းသီးကုန်သည်များ အခက်ကြုံနေရကြောင်း သိရသည်။ 

Read more...

ပုဂ္ဂလိက ရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့် ချပေးရန် ကုမ္ပဏီငါးခု အမည်စာရင်းကို မတ်လကုန်ပိုင်း၌ ထုတ်ပြန်ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

နေပြည်တော်၊ မတ် ၁၅

အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမဆောင်ဘေးရှိ ထမင်းစားဆောင်ခန်းမကြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သောဆောင်ရွက်ဆဲ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များဆွေးနွေးတင်ပြခြင်းကို မတ် ၁၄ ရက် နေ့လည် ၁ နာရီ လွှတ်တော် အစည်းအဝေးအပြီး၌ကျင်းပ ပြုလုပ်ခဲ့သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616