ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ခွင့်ပြုမိန့်နှင့်အတည်ပြုမိန့်ရယူခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့် လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာ ၁ဝ ရက်တွင် အမိန့် ကြေညာစာအမှတ်-၈၄/၂ဝ၁၇ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

မိုးရွာသွန်းမှုများကြောင့် ကြက်သွန်စိုက်ခင်းအချို့ ပျက်စီးမှုများရှိသည့်အတွက် ရန်ကုန်တွင်ကြက်သွန်နီဈေး အနည်းငယ်ပြန်မြင့်တက်နေကြောင်း ရန်ကုန်ကြက်သွန်နီဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိကြက်သွန်နီလက်ကား ဈေးကွက်အတွင်း ပထမတန်းစား ကြက်သွန်နီတစ်ပိဿာလျှင် ၇၅ကျပ် ခန့်တက်နေပြီး လတ်ကြီးနှင့်လတ် သန့်အမျိုးအစားတို့သည် တစ်ပိဿာလျှင် ကျပ်၅ဝနှုန်း မြင့်တက်နေ ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရသည်။

 

ညောင်ဦး၊ အောက်တိုဘာ ၉

 

မန္တလေးတိုင်းညောင်ဦးမြို့နယ် ကျေး လက်တောရွာများတွင် ယခုရက်ပိုင်း အတွင်းသဘာဝမှိုအများဆုံးတွေ့ရှိ သော်လည်း စိုက်ပျိုးရေးမှိုထက် သဘာဝမှိုဈေးနှုန်းမြင့်တက်လျက်ရှိ ကြောင်း သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၉

 

ရန်ကုန် မြို့၏ အများပြည်သူသယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရာတွင် နောက်ထပ်ခြေလှမ်းသစ်များအဖြစ် မြို့ပတ်ရထားစနစ်အဆင့် မြှင့်တင်ခြင်းနှင့် ရေကြောင်းသယ် ယူပို့ဆောင်ရေး ကွန်ရက်စနစ်ဖော် ဆောင်ခြင်းတို့ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Oxford Bus-iness Group(OBG) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ ကြောင်း သိရသည်။

 

နေပြည်တော်၊ အောက်တိုဘာ ၉

 

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တ ရာယ်ကြောင့် နှစ်စဉ်နိုင်ငံ ဂျီဒီပီ၏ ၃ဝ ရာခိုင်နှုန်းခန့် ဆုံးရှုံးနစ်နာလျက် ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်န ရီဗန်ထီးယူက ပြောကြားလိုက်သည်။ အောက်တိုဘာ ၉ရက်က နေ ပြည်တော် သင်္ဂဟဟိုတယ်တွင်ကျင်းပသည့် မြန်မာနိုင်ငံဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် မိတ်ဆက်ပွဲအခမ်းအနား အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

တာချီလိတ်၊ အောက်တိုဘာ ၈

 

ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ်အတွင်း တရားမဝင်ရွှေတူး ဖော်မှုများအား မကြာခဏကွင်း ဆင်းစစ်ဆေးအရေးယူနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် တရားမဝင်ရွှေတူး ဖော်မှုမြို့နယ်ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့ကိုဖွဲ့စည်းကာ ရွှေလုပ်ကွက်များကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၈

 

တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးက စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗဟိုချုပ်ကိုင်မှုစနစ်များကိုလျှော့ချပြီး သက်ဆိုင်ရာအစိုးရများကို လုပ်ပိုင်ခွင့် ပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။ ''ပြည်ထောင်စုအစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ တွေရဲ့လုပ်ဆောင်မှုမှာ ရှေ့ကိုမရောက်တော့ဘဲ တိုင်းပြည်ရဲ့စီးပွားရေးပိုမိုကျဆင်းလာနိုင်ပြီး တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်အတွက် ဥပဒေနဲ့ နည်းဥပဒေတွေ ပြဋ္ဌာန်းဖို့လိုအပ်တယ်''ဟု ဝန်ကြီးဦးဇော် အေးမောင်က ပြောသည်။

 

 

ရန်ကုန်၊ အောက်တိုဘာ ၈

 

ကန်ဒေါ်လာရှစ်သန်းကျော် ရင်းနှီးမြှုပ်နှံမှုဖြင့် အနောက်တိုင်း ဆေးဝါးစက်ရုံသစ်ကို ရွှေပေါက်ကံစက်မှုဇုန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားဆေးမျိုးစုံကို ပြည်တွင်း၌သက်သာစွာနှင့် အပြည့်အဝဝယ်ယူသုံးစွဲသွားနိုင်စေရန် ရည်ရွယ်ကာ BPI ကဲ့သို့သော အနောက်တိုင်းဆေးဝါးစက်ရုံကို ရွှေပေါက်ကံစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးလမ်းနှင့် အင်းဝလမ်းထောင့်တွင် ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း ရွှေပေါက်ကံစက်မှုဇုန်ဥက္ကဋ္ဌဖြစ်ပြီး အဆိုပါ ဆေးဝါးစက်ရုံကိုထူထောင်မည့် Silver Shine International Co.,ltd(SSI) ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဖေလှိုင်က ပြောသည်။

 

Page 5 of 11