အောင်လံ၊ အောက်တိုဘာ ၁၈

 

မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်တွင် ကြက်သွန်နီဈေးနှုန်း များမှာ ယခင်နှစ်ထက်ပိုမိုမြင့် တက်နေကြောင်း အောင်လံမြို့ နယ် မြို့မဈေးကြီးကြက်သွန်နီအ ရောင်းဆိုင်များမှသိရသည်။ ''ဒေသထွက်ကြက်သွန်နီက အဝင်နည်းတာရယ်၊ ကြက်သွန်နီ လှောင်လက်တွေမှာ ကုန်ပစ္စည်း လက်ကျန်မရှိတော့ ဈေးမြင့်တက် နေတာပါ။ ဒီနှစ်က ကြက်သွန်နီ ဈေးက အရင်နှစ်ကထက်ပိုပြီး ဈေး မြင့်နေပါတယ်''ဟု အောင်လံမြို့ မဈေးကြီးကြက်သွန်နီအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

ပြည်တွင်းစပါးများ ပြည်ပသို့ တရားမဝင် ထွက်ရှိနေမှုများကြောင့် ရေရှည်တွင် ဆန်စက်လုပ်ငန်းများရပ်တန့်သွားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပြော ကြားသည်။ ဆန်စက်များရပ်တန့်နိုင်သည့်အပြင် စပါးကြိတ်ခွဲရာမှထွက်ရှိလာသည့် စပါးခွံ၊ ဆန်ကွဲနှင့် ဖွဲနုများမရရှိနိုင်တော့သည့်အတွက် တိရစ္ဆာန်အစာထုတ်လုပ်မှုကဏ္ဍ အတွက်လည်း နစ်နာမှုများရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းကသုံးသပ် ပြောသည်။ ဒေါက်တာစိုးထွန်းက ''စပါးကို ပြည်ပကို တရားဝင်တင်ပို့ခွင့် မရှိပါဘူး။ စပါးတွေ ပြည်ပကိုထွက်မယ်ဆိုရင် ဆန်စက်လုပ်ငန်းတွေ ရပ်တန့်မယ့်အပြင် အခြားဆန်စပါးနဲ့ပတ်သက်တဲ့ကဏ္ဍတွေလည်း ထိခိုက်မှုတွေရှိလာနိုင်လို့ ပြည်ပကို စပါးထက်ဆန်ကိုပဲတင်ပို့တာ အ ကောင်းဆုံးပဲဖြစ်ပါတယ်။ အသင်းချုပ်အနေနဲ့ကတော့ ပြည်ပကို စပါးတရားမဝင်ထွက်နေတာမျိုးမဖြစ် အောင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကိုတင်ပြထားပါတယ်''ဟု ပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ (CTUM) မှ ဆုံးဖြတ်ချက်ချထားသည့် တစ်နေ့လုပ်ခ ကျပ် ၆၆ဝဝ သတ်မှတ်နိုင်ရေး ကြိုးစားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း CTUM ဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။  အောက်တိုဘာ ၁၇ ရက်က ရန်ကုန်မြို့  Orchid Hotel တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂကပြုလုပ်သည့် ''အနည်းဆုံးအခ ကြေးငွေဆိုင်ရာ CTUM သဘော ထားထုတ်ပြန်ချက်'' သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

ပြည်ပမှဆေးဝါးတင်သွင်းခွင့်ရရန် လျှောက်ထားမှုကြာမြင့်သဖြင့် ဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှုကြုံတွေ့ရဟု လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့ပြီး ကြန့်ကြာမှုမှာဝန်ကြီးဌာန ကြောင့်မဟုတ်ဘဲ ဆေးဝါးကုမ္ပဏီများက အချက်အလက်မပြည့်စုံ သောကြောင့်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။ အောက်တိုဘာ ၁၇ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုးက ပြည်ပမှတင်သွင်းသောဆေးများအတွက် တင်သွင်းခွင့်ရရန်ကြာ မြင့်ချိန် လျော့နည်းအောင်ဆောင်ရွက်ပေးနိုင်မှု၊ တရားဝင်တင်သွင်း သောဆေးဝါးများ၏ စံချိန်စံညွှန်း နှင့် အာနိသင်လျော့နည်းခြင်းများ တွေ့ရှိပါက မည်သို့အရေးယူခြင်း၊ ပြည်ပကုမ္ပဏီများကို တရားစွဲဆိုခြင်း ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းမှုတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

ကမ်းနားလမ်းတွင် ဖော်ဆောင်ထားသည့် ညဈေးတွင် လာရောက်ရောင်းချခြင်း မရှိသည့် ဈေးသည်တစ်ရာကျော်ထံမှ ရောင်းချခွင့် လက်မှတ်များ ပြန်လည်သိမ်းယူထားပြီဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့၏အဓိကအချက်အချာကျသည့်လေးမြို့နယ်ရှိကမ်းနားလမ်းတစ်လျှောက် ဖော်ဆောင်ထားသည့်ညဈေးကို နိုဝင်ဘာ ၂၃ ရက်ကစတင်ဖွင့်လှစ်ပေးခဲ့ပြီး ဈေးသည် ၁၆ဝဝ ခန့်ကို နေရာချထား ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

မတ္တရာ၊ အောက်တိုဘာ ၁၆

 

မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးကျေးရွာရှိ ဆည် တော်ကြီးရေလှောင်တမံမှ ရေ ပြည့်မှတ်ကိုကျော်လွန်နေသည့်အတွက် ရေပိုများထုတ်လွှတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုနှင့်စိုက်ပျိုးမြေဧက ၁၇၉၇ ဧကအတွင်းသို့ ရေဝင်ရောက်နစ် မြုပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။  မန္တလေးမြို့နှင့်အနီးတစ်ဝိုက် မြို့များတွင် အောက်တိုဘာ ၁၁ ရက် ညနေပိုင်းမှစတင်၍ မိုးရေ ချိန် ၅ ဒသမ ၁၆ လက်မအထိ စံချိန်တင်ရွာသွန်းခဲ့သည့်အတွက် ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှုများပြားခဲ့သ ဖြင့် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်မှတ် ၄၁၉ ဒသမ ၅ ပေကို ကျော်လွန်ခဲ့သည့်အတွက် အောက်တိုဘာ ၁၄ ရက် ညပိုင်းတွင် ရေများကို စတင်လွှတ်ချခဲ့ခြင်း ဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

၂ဝ၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့် မူဝါဒအသစ်တွင် ဘယ်မောင်းကားများ တင်သွင်းခွင့်ပြုမည်ဖြစ်သော ကြောင့် ကားဈေးကွက်အပြောင်းအလဲဖြစ်လာနိုင်ကြောင်း မော်တော်ယာဉ်အသိုင်းအဝိုင်းက သုံးသပ်ပြောကြားလိုက်သည်။ ၂ဝ၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒအသစ်ကို မော် တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ် ရေးကော်မတီမှ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်တွင် လူစီးမော် တော်ယာဉ်၊ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များအပါအဝင်ယာဉ်အများစုကို ပြည်တွင်းသို့တင်သွင်းရာတွင် ၂ဝ၁၄ ခုနှစ်မှ၂ဝ၁၈ ခုနှစ်အတွင်းထုတ်လုပ်ထားသော ဘယ်မောင်းမော်တော်ယာဉ်များသာတင်သွင်းရမည်ဖြစ်သည်။

 

မော်လမြိုင်၊ အောက်တိုဘာ ၁၅

 

မွန် ပြည်နယ်၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်(Citi zen's Budget)  စာစောင်များချ ပြရှင်းလင်းပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် ၁ဝ နာရီခွဲတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

 

Page 2 of 11