Main menu
HOT NEWS
adv

နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပါဝင်ပြသမည့် မြန်မာနိုင်ငံဆိုင်ရာ ပလတ်စတစ်၊ ရော်ဘာ၊ ပုံနှိပ်ခြင်းနှင့် ကုန်ထုပ်ပိုးမှုဆိုင်ရာ စက်မှုပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၆

အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှပါဝင်ပြသမည့် မြန်မာနိုင်ငံဆိုင်ရာ ပလတ်စတစ်၊ ရော်ဘာ၊ ပုံနှိပ်ခြင်းနှင့် ကုန်ထုပ်ပိုးမှုဆိုင်ရာစက်မှုပြပွဲအား ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ ရန် ကုန်မြို့ရှိ Myanmar Event Park (MEP) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိသော စက်မှုပြပွဲများအနက် အကြီးဆုံးနှင့် ဘက်ပေါင်းစုံပါဝင်ပြသမှုအများဆုံးပြပွဲ တစ်ခုဖြစ်ပြီး ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေး၊ နည်းပညာနှင့် စားသောက်ဆိုင်ရာ စက် ပစ္စည်းပြပွဲကြီးအား ပူးတွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Read more...

မြန်မာ့ရွှေဈေး အကယ်ဒမီ တစ်ကျပ်သား ကျပ် ၈၃ဝဝဝဝ ကျော်အထိ စံချိန်တင် မြင့်တက်

ရန်ကုန်၊ ဇူလိုင် ၆

ဇူလိုင်လ ၆ ရက် နေ့လယ်ပိုင်းက ပြည်တွင်းရွှေ ဈေးနှုန်းမှာ အကယ်ဒမီရွှေတစ်ကျပ် သားလျှင်ကျပ် ၈၃ဝဝဝဝ ကျော်သို့ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်း မှသိရသည်။ ယခင် အပတ်အတွင်း အကယ် ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် ၈၂ဝဝဝဝ ဝန်းကျင်မှ လက်ရှိဇူလိုင်  ၆ ရက်တွင် ကျပ် ၈၃၄ဝဝဝ ဝန်းကျင်သို့ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များကဆိုသည်။ မြန်မာနိုင်ငံရွှေလုပ် ငန်းရှင်အသင်းအတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင်)က ''ဒီဈေးနှုန်းက တော့ စံချိန်တင်အမြင့်ဆုံးဈေးနှုန်းတစ်ခုပါပဲ။ ကမ္ဘာ့ရွှေဈေးရော၊ ပြည် တွင်းရွှေဈေးပါ စံချိန်တင်မြင့်တက်ခဲ့တာပါ''ဟု ဇူလိုင် ၆ ရက် ဒီမိုက ရေစီတူဒေးသတင်းစာသို့ပြောသည်။  

Read more...

ယခု ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု ကန်ဒေါ်လာ ၁၇၈ သန်းကျော် လျော့ကျ

ရန်ကုန်၊ ဇူလိုင် ၅

ယခုဘဏ္ဍာ နှစ်အတွင်း ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် သွင်းကုန်ပစ္စည်းများတွင် လုပ်ငန်းသုံးကုန်ကြမ်းနှင့်လူသုံးကုန်ပစ္စည်းတင်သွင်းမှုမြင့်တက်လာသော်လည်း ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းတင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၇၈ သန်းကျော် လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်ပထမသုံးလ တာကာလအတွင်း ပြည်ပနိုင်ငံများ မှပြည်တွင်းသို့ သွင်းကုန်ကန်ဒေါ် လာ သန်း ၃၄၃ဝ ကျော် တင်သွင်းခဲ့ ရာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှုမှာကန်ဒေါ်လာသန်း ၁၁၁ သန်းကျော် တိုးမြင့်လာခဲ့ပြီး လူသုံး ကုန်ပစ္စည်းတင်သွင်းမှုမှာ ကန်ဒေါ် လာ ၁၆၄ သန်းကျော်တိုးမြင့်လာခဲ့ သော်လည်း ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၇၈ သန်းကျော် လျှော့ချတင်သွင်းလာခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

Read more...

ပင်လယ် သယံဇာတ ရှားပါးမှုကြောင့် ငါးဖမ်း လုပ်သားများ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာ

သံတွဲ၊ ဇူလိုင် ၅

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ တံငါရွာများမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအနေ ဖြင့် ငါးဖမ်းဆီးရရှိမှုနည်းပါးလာခြင်းကြောင့် အခြားလုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်မှု များရှိလာကြောင်း ဒေသခံများထံမှသိရသည်။ ကမ်းဝေးငါးဖမ်းသင်္ဘောကြီးများနှင့် ထိုင်း ငါးခိုးဖမ်းသင်္ဘောများကြောင့် ဒေသခံငါးဖမ်းစက် လှေသမားများမှာ ငါး၊ ပုစွန်ရရှိမှု နည်းပါးလာသည့်အတွက် တံငါလုပ်ငန်းကို စွန့်လွှတ်ကာ သုံးဘီးကယ်ရီမောင်းနှင်မှုများရှိလာကြောင်း ဂျိတ္တော ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်ဇောက ပြောသည်။

Read more...

ချောင်းဆုံတွင် အထူးစီးပွားရေးဇုန် တည်ဆောက်နိုင်ရေး မွန်ပြည်နယ် အစိုးရနှင့် လာရောက် တွေ့ဆုံဆွေးနွေး

မော်လမြိုင်၊ ဇူလိုင် ၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) တွင် အထူးစီးပွားရေးဇုန်စီမံကိန်း တည် ဆောက်ရေးအတွက် MW Modern Development Co.,Ltd အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက် ၁ဝ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကနဦးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616