Main menu
HOT NEWS
adv
မဟာသင်္ကြန်ပွဲတော် မြူးရွှင်ပျော်မြူး ကြည်နူးသာယာ  ချမ်းမြေ့ကြပါစေ

မဟာသင်္ကြန်ပွဲတော် မြူးရွှင်ပျော်မြူး ကြည်နူးသာယာ ချမ်းမြေ့ကြပါစေ

လတန်ခူးပေမို့
အလှူထူးပါဘိ
မြမြဖူးရယ်တဲ့
ခိုင်ရွှေဝါ။


         ဦးကြော့

ဦးကြော့ရေးဖွဲ့သည့်အတိုင်း တန်ခူးလ အခါ သမယတွင် ပိတောက်ပန်းများ ပွင့်လေ့ရှိ သည်။ သင်္ကြန်ကာလ အခါသမယတွင် ပိတောက်ပန်းများ တိုက်တိုက်ဆိုင်ဆိုင် ပွင့်လေ့ရှိသည်။ ငုဝါပန်းတို့နှင့်အပြိုင် ရွှေဝါရောင်ပိတောက်ပန်းတို့ ဖူးပွင့်ဝေဆာမှုမှာ လတန်ခူး ၏ အမှတ်သင်္ကေတ ပုံရိပ်တစ်ခုဟု ဆိုနိုင်သည်။ ပိတောက် တွေ ရွှေရည်လူးတဲ့ လတန်ခူးဟုပင် တင်စားခေါ်ဝေါ်ကြ ပေသည်။

တန်ခူးလကို ရှေးအခါက ထန်းခူးဟုခေါ်သည်။ ယင်း နောက် တန်းခူး၊ တာကူးဟု အသီးသီး ခေါ်ဆိုရေးသား ဖွဲ့ဆိုခဲ့ကြသည်။ တန်ခူးလသည် နေ့နှင့်ည ညီမျှသည်။ နေ့တာ၊ ညတာ တူညီသည့်လ ဖြစ်သဖြင့် ထူးခြားသည့် လဖြစ်သည်။

ရှေးခေတ် ရှေးအခါ တန်ခူးလဘွဲနှင့် ပန်းပိတောက် တို့ စာဆိုရှင်တို့က အနုအရွ အလှအပများဖြင့် မတူညီ သော ပျို့၊ လင်္ကာတို့ဖြင့် ရေးသားဖွဲ့ဆိုခဲ့သည်။ ထို့အတူ တန်ခူးအလှကို မြူြး<ွကသာယာလာစေရန် တေးရိုး၊ တေး ဘွဲ့၊ မှာတမ်း၊ လေပြည်၊ ညည်းချင်း၊ ပျို့၊ ကဗျာတို့ဖြင့် စာပန်းချီ ချယ်သခဲ့ကြသည်။
တန်ခူးလသင်္ကြန်နှင့် ပတ်သက်သည့် ရှေးမှတ်တမ်း များအရ ပုဂံခေတ်၊ နရသီဟပတေ့မင်း လက်ထက်ကစ တင်ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။ ယင်းနောက် ပုဂံ ခေတ်မှသည် ရတနာပုံခေတ် နောက်ဆုံးမင်းဆက်အထိ သင်္ကြန်ကျခဲ့ကြသည်ဟု ဆိုသည်။

ရှေးခေတ်က သင်္ကြန်ကာလတွင် အမွေးနံ့သာများပါ ရေကို သပြေခက်နှင့် ရေပက်တမ်း ကစားခဲ့ကြသည်။ သင်္ကြန် ကာလ ရေကစားခြင်းသည် နှစ်ဟောင်းမှ အညစ်အကြေး များ နှစ်သစ်သို့ ပါမလာစေရန် အတာရေဖြင့် ဆေးကြော သည်ဟု ပြောစမှတ်ပြုကြသည်။ ယခုအခါ ခေတ်ရေစီး နှင့်အတူ စီးမျောလိုက်ပါရင်း သင်္ကြန်ကာလ ရေပက်တမ်း ကစားရာမှ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားကြသည်။ အရက်သေစာ သောက်စားထားသဖြင့် အချို့ ထိခိုက်ဒဏ် ရာရရုံမျှမက သေကျေသည်အထိ ဖြစ်ကြသည်။ မော်တော် ယာဉ် တိုက်ခိုက်မှု၊ တိမ်းမှောက်မှုတို့ကြောင့် ထိခိုက်ဒဏ် ရာရခြင်းအပြင် သေကျေပျက်စီးသည်အထိ အန္တရာယ်များ လှသည်။

သင်္ကြန်တွင် အပျော်ကျူးသူ အချို့မိသားစုများ တန် ခူးဒဏ်ရာကြောင့် စိတ်သောကရောက်ခဲ့ကြရသည်။ ဘဝ အတွက် သင်္ကြန်ဒဏ်ရာ ဒဏ်ချက်တို့က တစ်သက်တာ အမှတ်ရသည်အထိ ခံစားခဲ့ကြသည်။ ယင်းအတွက် မဟာ သင်္ကြန် ပွဲတော်ကာလ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစေရန် ရည်သန်၍သာ ရေပတ်ကစားကြရန် လိုပေမည်။

မဟာသင်္ကြန်ပွဲတော် ပြီးသည်နှင့် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူသည့် အခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံ သားအားလုံး ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်း မာချမ်းသာစေကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဆုမွန် ကောင်း တောင်းအပ်ပေသည်။

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616