Main menu
HOT NEWS
adv
Cyber Law ရေးဆွဲပြဋ္ဌာန်းသင့်ပြီ

Cyber Law ရေးဆွဲပြဋ္ဌာန်းသင့်ပြီ

ကွန်ပျူတာနည်းပညာနှင့် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာမှာ ၂၁ ရာစုအ စောပိုင်းကာလမှစတင်၍ တစ်ဟုန်ထိုးတိုးတက်လာသည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကမ္ဘာကြီးသည် ရွာတစ်ရွာကဲ့သို့ပင် ထင်မှတ်မှားလောက်အောင် သတင်းအချက်အလက် ပေးပို့မှု၊ ဆက်သွယ်ဖမ်းယူမှု တို့မှာ မြန်ဆန်လှသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးကွန်ရက်များတွင် ဆက်သွယ်အသုံးပြုသူတိုင်းသည် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်များကို စက္ကန့်မ ခြား၊ မိနစ်မခြား သိရှိနိုင်ကြပြီဖြစ်သည်။

 ကွန်ပျူတာနည်းပညာနှင့် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြု၍ နိုင်ငံတ ကာရှိ အစိုးရများ၏ လုပ်ငန်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ် ရုံများ၊ ကုမ္ပဏီများ၊ နိုင်ငံတကာ ကော်ပိုရေးရှင်ကြီးများ၊ ဘဏ်များ၊ ဆေးရုံများ အစရှိသည်တို့တွင် ယင်းတို့လုပ် ငန်းများတွင် ထဲထဲဝင်ဝင် အသုံးပြုလျက်ရှိသည်။ ယင်းအ တွက် သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ငန်းဆောင်ရွက် မှု ပိုမိုမြန်ဆန်လာသည်၊ တွင်ကျယ်လာသည်၊ လုပ်ငန်းအ လိုက် အောင်မြင်မှုများစွာ ရရှိလျက်ရှိသည်။

 ကွန်ပျူတာနည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ယင်းနည်းပညာ၏ ဟာကွက်ပျော့ကွက်များအပေါ် အခြေခံ ၍ လုံခြုံရေးချိုးဖောက်မှုများအပြင် ဆိုက်ဘာတိုက်ခိုက် မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 ယနေ့မြန်မာနိုင်ငံတွင် ကွန်ပျူတာနည်းပညာနှင့် သ တင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အ သုံးပြု၍ အစိုးရအဖွဲ့လုပ်ငန်းများအပါအဝင် ဘဏ်လုပ်ငန်း များ၊ ကုမ္ပဏီလုပ်ငန်းများ၊ စက်ရုံလုပ်ငန်းများ၊ သတင်း ဖြန့်ချိရေးလုပ်ငန်းများ စသည်တို့တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီဖြစ်သည်။ ယင်းအတွက် မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးသည် အရေးကြီးလာပြီဖြစ်သည်။

 မြန်မာနိုင်ငံတွင် ကွန်ပျူတာနည်းပညာနှင့် သတင်း အချက်အလက်နည်းပညာ စတင်အသုံးပြုသည့်အချိန်မှ စတင်၍ ယနေ့အချိန်အထိ ဆိုက်ဘာတိုက်ခိုက်မှုအကြိမ် ပေါင်းများစွာ တိုက်ခိုက်ခံရဖူးသည်။ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှု အန္တရာယ်များ မကြာခဏကြုံရဖူးသည်။ ကြီး မားသော ပျက်စီးဆုံးရှုံးမှုများ မခံရသော်လည်း သတင်း အချက်အလက် ဆက်သွယ်ရေးဆိုင်ရာကိစ္စများ ပြတ်တောက် ခဲ့ရဖူးသည်။ ဘဏ်များတွင် ဆိုက်ဘာလုံခြုံကောင်းမွန်မှု ကြောင့် ဆိုက်ဘာတိုက်ခိုက်မှုမခံရသော်လည်း ATM သို့သော ငွေထုတ်စက်များတွင် နည်းပညာအားနည်းချက် ကြောင့် လိမ်လည်ငွေထုတ်ယူမှုပြဿနာများ စတင်ဖြစ် ပေါ်လျက်ရှိသည်။

မကြာသေးမီရက်ပိုင်းအတွင်း နိုင်ငံတကာတွင် နိုင်ငံ ပေါင်း ၁၅ဝ ခန့်တွင် ဆိုက်ဘာတိုက်ခိုက်မှုခံရသူ နှစ်သိန်း ကျော်ခံခဲ့ရသည်ဟု နိုင်ငံတကာ သတင်းဌာနများတွင် ဖော် ပြလျက်ရှိသည်။ ယင်း ဆိုက်ဘာ တိုက်ခိုက်ခံရမှုများမှာ မိုက္ကရိုဆော့ဖ်၏ ဝင်းဒိုးများ အားနည်းချက်ကို အသုံးပြု၍ ယင်းစက်များနှင့် ချိတ်ဆက်ထားသည့် စက်များအားလုံး တိုက်ခိုက်ခံခဲ့ရသည်။ မိုက္ကရိုဆော့ဖ်၏ ထုတ်ပြန်ချက်အရ ယခု ဆိုက်ဘာတိုက်ခိုက်မှုမှာ အလွန်ပြင်းထန်ကြောင်း သိ ရသည်။

 မြန်မာနိုင်ငံတွင်လည်း ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ရန် နည်းပညာကျွမ်းကျင်သူများ ပေါ်ထွက်နေပြီဖြစ်သည်။ ယင်း နည်းပညာကျွမ်းကျင်သူများမှာ လူငယ်များဖြစ်ပြီး နိုင်ငံ အတွင်း၌ ဆိုက်ဘာတိုက်ခိုက်မှု မပြုလုပ်ကြသော်လည်း ဆက်သွယ်ရေးနည်းပညာ အသုံးပြုကာ ကုမ္ပဏီ ၂ဝဝ ခန့် တွင် ဆိုက်ဘာလုံခြုံရေးကို ချိုးဖောက်၍ ဝင်ရောက်နိုင်ခဲ့ ကြသည်။ ယင်းတို့မှ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်သည့် နည်းပညာနှင့် ဆိုက်ဘာတိုက်ခိုက်မှု နည်းပညာများကိုအ သုံးချလာခဲ့လျှင် နိုင်ငံတွင်း၌ပင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ စွာ ခံရနိုင်ဖွယ်ရှိပေသည်။

 ယင်းအတွက် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ် ကာ ကွယ်နိုင်ရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုခံရပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာစံမီသည့် Cyber Law တစ်ရပ် ရေးဆွဲပြဋ္ဌာန်းသင့်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

 အယ်ဒီတာ

#Editorial

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616