Main menu
HOT NEWS
adv
စစ်ဆေးခြင်းနှင့် အရေးယူခြင်း

စစ်ဆေးခြင်းနှင့် အရေးယူခြင်း

မြန်မာနိုင်ငံတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ရှိသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခန့်ထားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တာဝန်ဖြစ်သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ၄င်းအားတာ ဝန်ပေးအပ်ထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်နိုင်ရန် ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၊ စာရင်းစစ်ရုံးအဆင့်ဆင့်ရှိ စာရင်းစစ် အရာရှိများ တာဝန်ပေးအပ်ခြင်းခံရ သူများနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းမှာ စာရင်းစစ်ဆေးခြင်းဆိုင်ရာ သမားရိုးကျလုပ်ငန်းစဉ် များပင်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါ ပြဋ္ဌာန်းချက်တွင် ဟာကွက်ပျော့ကွက်များ ရှိနေ သည်။ ယင်းအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ကပြည် ထောင်စု စာရင်းစစ်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ဇူလိုင် ၃ ရက်က အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေတွင် ဟာကွက် ဖြစ်နေသည့် အစိုးရဌာနများ၏ အခြားဘဏ္ဍာရငွေ အရ အသုံးဆိုင်ရာ စာရင်းများကို လိုအပ်ပါက စစ်ဆေးခြင်းအ ချက်အား ဖြည့်စွက်ရန် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်း ဥပဒေကြမ်းတွင် လိုအပ်ပါကဆိုသည့် စကားရပ်အစား ''ဘဏ္ဍာနှစ်အလိုက် စစ်ဆေးခြင်း'' စကားရပ်နှင့်အစား ထိုးသင့်သည်။

အစိုးရဌာနများ၏ အခြားဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စာရင်းများတွင် ပြည်တွင်းမှ ရငွေများနှင့် ပြည်ပနိုင်ငံ ငွေကြေးများ ပါဝင်နေသည့်အတွက်ဖြစ်သည်။ ယင်းအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ပုံမှန်စစ်ဆေးဆောင် ရွက်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ပျောက် ဆုံးမှု လျော့နည်းသက်သာစေနိုင်ပေသည်။

ထို့အတူ ဥပဒေအရ အစစ်အဆေးခံမည့် အဖွဲ့အစည်းများ၊ ရုံးများ၊ လုပ်ငန်းခွင်များ၊ စက်ရုံများ၊ ယင်းတို့ ၏ဥပစာများ၊ အဆောက်အအုံအတွင်း ဝင်ရောက်စစ် ဆေးခြင်းနှင့် အစစ်ဆေးခံရမည့်သူများ အနေဖြင့် စီမံကိန်း၊ စီမံချက်၊ လုပ်ကိုင်ပုံနည်းစနစ်၊ စာချုပ်စာတမ်းများ၊ လူစာရင်းများ၊ ငွေစာရင်းများ၊ ပစ္စည်းစာရင်းများ၊ အစီရင်ခံစာများ၊ စာရင်းစာအုပ်များ၊ ပြေစာများနှင့် အခြား စာရွက်စာတမ်းများ တောင်းခံစစ်ဆေးခြင်းတို့မှာ စာရင်း စစ်လုပ်ငန်းများ၏ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များပင်ဖြစ်သည်။

အထူးသဖြင့် အစိုးရဌာနများ၏ အခြားဘဏ္ဍာငွေရသုံးဆိုင်ရာ စာရင်းအင်းများတွင် စစ်ဆေးခြင်း၊ နိုင်ငံ တော်ပိုင် ရေ၊ မြေ၊ လေထု၊ သယံဇာတများအား အသုံးပြုရန် ချုပ်ဆိုသည့် စာချုပ်များ၊ အစိုးရနှင့် အကျိုးတူဆောင်ရွက်သည့် ဖက်စပ်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ အပါအဝင် မည်သည့်လုပ်ငန်းမျိုးမဆို လိုအပ်ပါက စာ ရင်းစစ်ဆေးခြင်းအား ခွင့်ပြုရန် ဥပဒေနှင့်အညီဆောင် ရွက်ထားရန် လိုအပ်သည်။ ထို့အတူ အစိုးရဌာနများသည် ရရန်ရှိငွေနှင့် ပစ္စည်းများ၊ ပေးရန်ရှိငွေနှင့် ပစ္စည်းများပြည့် စုံမှန်ကန်ခြင်း ရှိမရှိ စသည်တို့ကိုပါ စစ်ဆေးရန် လိုအပ် သည်။ အရေးယူဆောင်ရွက်ရန် လိုအပ်သည်။

ယင်းအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပြင် ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၊ ပြည် သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တို့မှ အဆင့်ဆင့် အတည်ပြုကာ နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးအ တည်ပြု ပြဋ္ဌာန်းနိုင်ပါရန် ရန်ကုန်တိုင်းမ်ဂျာနယ်မှ တိုက် တွန်းရေးသားအပ်ပေသည်။


အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191