Main menu
HOT NEWS
adv
7th July သမိုင်းအမှန်ကို ရှာဖွေပါ

7th July သမိုင်းအမှန်ကို ရှာဖွေပါ

မြန်မာ့သမိုင်းတွင် 7th July အရေးအခင်းသည် ရန်ကုန်တက္က သိုလ်၏ အဓိပတိလမ်းမကြီးနှင့် သမဂ္ဂ အဆောက်အအုံ မြက်ခင်းပြင်တွင် သွေးစွန်းသော နေ့တစ်နေ့ဟု ဆိုနိုင်သည်။

အင်္ဂလိပ် အစိုးရလက်ထက်က ဗိုလ်အောင်ကျော် သွေးစွန်းခဲ့သည့် နေ့ရက်သည် လည်း မြန်မာ့သမိုင်းတွင် မေ့ဖျောက်မရသကဲ့သို့ 7th July နေ့သည် လည်း ထိုနေ့မှစ ယနေ့တိုင် မေ့ပျောက်မရနိုင်သည့် အထိမ်းအမှတ် နေ့အဖြစ် ရှိနေသည်။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တွင် 7th July နေ့ကို ရသည့်နည်းနှင့် ကျင်းပခဲ့သည့် ကျောင်းသားထုတစ်ရပ် လုံး၏ မေ့မရနိုင်သော နေ့တစ်နေ့အဖြစ် တည်ရှိခဲ့သည်။

သို့သော် 7th July နေ့ ဖြစ်ပေါ်လာရခြင်း အကြောင်းကိုမူ သေသေချာချာ ဂဃနဏ မသိရှိကြသည်က အမှန်ပင်ဖြစ်သည်။ 7th July နေ့သည် အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နင်းမှု ကြောင့် တက္ကသိုလ်ကျောင်းသားများ အသက်သေဆုံး သွေးမြေကျ ခြင်းကြောင့် ဖြစ်ပေါ်လာသည်လား၊ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက် အအုံ ဖောက်ခွဲဖြိုခွဲ၍ ဖြစ်ပေါ်လာသည်ဆိုသည့်အချက်ကို အများ အားဖြင့် ကွဲကွဲပြားပြား သိရှိနားလည်ခြင်း မရှိသည်ကို တွေ့ရသည်။

7th July အစ မတ် ၃ ရက်ကဟု ဆိုရမည်ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် နိုင်ငံတော်အာဏာကို စစ်တပ်က အာဏာသိမ်းပြီးနောက် မတ် ၃ ရက်တွင် တော်လှန်ရေးကောင်စီ အား ဆန့်ကျင်သည့် 'စစ်တပ်ကအာဏာသိမ်းခြင်းကို ကန့်ကွက်ရှုတ်ချကြ' စာတမ်းခေါင်းစဉ်ပါ စာရွက်များကို စတင်ဖြန့်ဝေခဲ့ကြသည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအပါအဝင် တက္ကသိုလ်ကောလိပ် အသီးသီးရှိ ကျောင်းသားများ သမဂ္ဂအသီးသီးက စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီအား ဆန့် ကျင်ကန့်ကွက်ခဲ့ကြသည်။ ကျောင်းသားများနှင့်အတူ တိုင်းရင်းသား အဖွဲ့အချို့လည်း ပါဝင်ခဲ့သည်။

ထိုစဉ်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန်ရေး ကောင်စီအား ဆန့်ကျင်သည့် ကျောင်းသားများအား အမြစ်ပြတ်ချေ မှုန်းရန် လျှို့ဝှက် မဟာဗျူဟာချမှတ်ခဲ့သည်ဟု ဆိုသည်။ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ကိုလည်း ဗိုလ်ချုပ်ကြီးနေဝင်းက သူ၏ဆရာ ဦးကာကို ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ် နောက်တိုးဆောင်စည်းကမ်းချက်များ ချမှတ်ခဲ့သည်။ ရန်ကုန်ခရိုင်အ တွင်း တန်းမြင့်ကျောင်းထွက် စာမေးပွဲကို ဖျက်သိမ်းခဲ့သည်။ ယင်းစည်း ကမ်းချက်များနှင့် တန်းမြင့်ကျောင်းထွက် စာမေးပွဲဖျက်သိမ်းခြင်းမှာ ကျောင်းသားထု၏ မကျေနပ်စိတ်ကို ပိုမိုနှိုးဆွပေးရာရောက်စေသည်။

ယင်းအတွက် ဇူလိုင် ၆ ရက်ညတွင် ရန်ကုန်တက္ကသိုလ် ပရိဝုဏ် ရွှေဘိုဆောင်မှ စတင်ဆန္ဒပြသည်။ ဇူလိုင် ၇ ရက်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကြီးမှူး၍ ကျောင်းသားများသမဂ္ဂ အဆောက်အအုံကြီးတွင် အစည်းအဝေး ကျင်းပခဲ့ကြသည်။ ယင်းအ စည်းအဝေးတွင် တင်းကျပ်သောစည်းကမ်းများ ပယ်ဖျက်ပေးရန် တောင်း ဆိုခဲ့ကြသည်။ အစည်းအဝေးပြီး၍ လူစုခွဲချိန်ရောက်မှ ပုလိပ်များ ရောက်ရှိလာကာ တကသဥက္ကဋ္ဌ ဗဆွေလေး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)ခေါင်းဆောင် ကိုသက်နှင့် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ ယင်းဖြစ်ရပ်ကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အ ဆောက်အအုံတွင် ထပ်မံစုဝေးကာ ဆန္ဒပြခဲ့ကြသည်။ တက္ကသိုလ် ဝင်ပေါက် တံခါးကြီးကိုလည်း ပိတ်လိုက်သည်။

ဗိုလ်မှူးကြီးစိန်လွင် ဦးစီးသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ပေါက်တံခါးကို ကားနှင့်တိုက်ဖွင့်ကာ မန္တလေးဆောင်ပေါ်မှ ဆန္ဒ ပြကျောင်းသားများကို ပစ်ခတ်သည်။ အဓိပတိလမ်းပေါ်ရှိ ကျောင်း သားများကို သေနတ်နှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားကျောင်းသူ ၂ဝဝ ခန့်သေ၍ ၄ဝဝ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်သက်သေ များက ဆိုသည်။ တော်လှန်ရေးကောင်စီအစိုးရကမူ ကျောင်းသား ၁၅ ဦးသေဆုံး၍ ၂၃ ဦး ဒဏ်ရာရသည့်သတင်း ထုတ်ပြန်ခဲ့သည်။

နာက်တစ်နေ့နံနက် ၅ နာရီ မိနစ် ၃ဝ ခန့်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဆောက်အအုံကို ဖောက်ခွဲဖျက် ဆီးပစ်သည်။ 7th July နေ့ ဖြစ်ပေါ်လာခြင်းက ထိုနေ့တွင် ကျောင်းသားများ သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသည်မှာ အမှန်ဖြစ်သော်လည်း သေဆုံးသူ အရေအတွက်နှင့် ဒဏ်ရာရရှိသူအရေအတွက် ကွဲလွဲမှု သမိုင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်ရန် ဖလားဝါးနယူးစ်ဂျာ နယ်မှ တိုက်တွန်းရေးသားအပ်ပေသည်။

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191