Main menu
HOT NEWS
adv
အမှန်တရားကို လက်ခံနိုင်မှသာ ခရီးစဉ်တိုင်း ကျေနပ်မှုရှိမည်

အမှန်တရားကို လက်ခံနိုင်မှသာ ခရီးစဉ်တိုင်း ကျေနပ်မှုရှိမည်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်အဖြစ် ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ဝ ရက်မှ ဇူလိုင် ၂၁ ရက်အထိ လာရောက်သည့် ခရီးစဉ်အတွင်း ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရှမ်းပြည်နယ် လားရှိုးမြို့၊ နမ္မတူမြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ နေပြည်တော်သို့ သွားရောက် ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အရပ်ဘက်အဖွဲ့အ စည်းများနှင့် တွေ့ဆုံခဲ့သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အ ရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် ခရီး စဉ်ကာလအတွင်း ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်-မောင်တောမြို့၊ လားရှိုး အကျဉ်းထောင်၊ စစ်ဘေးရှောင်စခန်းများ၊ ကရင်ပြည်နယ် မြိုင်ကလေးစက်ရုံသို့ သွားရောက်ခဲ့သည်။

 နေပြည်တော်ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ ဇူလိုင် ၂၁ နေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများ ကာကွယ် တိုးမြှင့်ရေးကိစ္စများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်နေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်၊

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးအ စီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီက ဇူလိုင် ၂၁ ရက် ညနေပိုင်းက ချက်ထရီယံဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် လုပ်ဆောင် ချက်များသည် ယခင်အစိုးရနှင့် ကွာခြားမှုမရှိကြောင်း၊ ယခုအစိုးရ လက်ထက်မှာ သုံးခေါက်ရောက်သော်လည်း ဘာမှ ထူးခြားချက်မရှိ ကြောင်း၊ ယခင်အစိုးရလက်ထက်က လုပ်ဆောင်ချက်များနှင့် ယခု အစိုးရ လုပ်ဆောင်ချက်များ သိပ်မကွာကြောင်း၊ အကန့်အသတ်၊ ပိတ်ပင်မှုများ ယခင်အတိုင်း ရှိနေဆဲဖြစ်ကြောင်း၊ ယခုခရီးစဉ်နှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင် ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် ယခုခရီးစဉ် နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် နှုတ် ဖြင့် တင်သွင်းမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် မတ်လတွင် စာဖြင့်တင်သွင်းရ မည်ဖြစ်ကြောင်း မစ္စယန်ဟီးလီက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် သမ္မတဦးသိန်းစိန်လက်ထက် က မြန်မာနိုင်ငံသို့ သုံးကြိမ်၊ ယခု သမ္မတဦးထင်ကျော်လက်ထက်တွင် သုံးကြိမ်ရောက်ခဲ့ပြီး တစ်ကြိမ်မျှ ကျေနပ်မှုမရှိကြောင်းပြော ဆိုခဲသည်။ ယခင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံသို့ ရောက်ရှိကြသည့် ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူများသည်လည်း ခရီးစဉ်တိုင်းကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ယင်းအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီအား ခရီးစဉ် တိုင်း ကျေနပ်မှုရှိစေရန် မြန်မာနိုင်ငံသူ နိုင်ငံသားများက အမှန်တရား ကို မျက်ကွယ်ပြုကာ ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် မစ္စယန် ဟီးလီအနေဖြင့် အမှန်တရားကို လက်ခံနိုင်မှသာ ခရီးစဉ်တိုင်းကျေနပ် မှုရှိမည်ဖြစ်ကြောင်း ဖလားဝါးနယူးစ်ဂျာနယ်မှ အသိပေးရေးသားအပ် ပေသည်။                                            

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191