Main menu
HOT NEWS
adv
Mask တပ်ခြင်းသည် ရာသီတုပ်ကွေးရောဂါ ကာကွယ်ရန် မှန်ကန်သည့်နည်းလမ်းမဟုတ်

Mask တပ်ခြင်းသည် ရာသီတုပ်ကွေးရောဂါ ကာကွယ်ရန် မှန်ကန်သည့်နည်းလမ်းမဟုတ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ အဖြစ် တက်ရောက်ကုသနေသည့် သံသယ ရာသီ တုပ်ကွေးရောဂါလူနာ ၁၂ ဦး၏ နှာခေါင်းတို့ဖတ် (Nasopharyngeal Swab)ရယူပြီး အမျိုးသား ကျန်းမာရေးဆိုင် ရာ ဓာတ်ခွဲမှုဆိုင်ရာ ဗဟိုဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ ရရှိသော ဓာတ်ခွဲစစ်ဆေးချက် အဖြေများအရ လူနာသုံး ဦးတွင်  Seasonal Influenza A (H1N1) pdm 2009- Positive ဖြစ်ကြောင်း ထပ်မံ စစ်ဆေးတွေ့ရှိရသည်။

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၂ ဦးအနက်မှ ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇူလိုင် ၂၁ ရက် ည ၈ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စတင် ဆေးရုံ တက်ရောက်ကုသခဲ့ပြီး ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီ တွင်လည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ၂၉ နှစ်အရွယ် ကိုယ် ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် ပြင်းထန်အဆုတ်ရောင် ရောဂါဖြင့် တက်ရောက်ခဲ့ရာ ရောဂါပြင်းထန်သဖြင့် ရန် ကုန်ပြည်သူ့ဆေးရုံကြီးသို့ မွန်းတည့် ၁၂ နာရီတွင် လွှဲ ပြောင်းခဲ့ပြီး မွန်းလွဲပိုင်းတွင်လည်းကောင်း ပြင်းထန်အဆုတ် ရောင်ရောဂါဖြင့် သေဆုံးခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု လာရောက်ခံယူသူ လူနာနှစ်ဦး ယနေ့ ဇူလိုင် ၂၅ ရက်တွင် ကွယ်လွန်သွားကြောင်း၊ သေဆုံးသူ နှစ်ဦးမှာ ဆေးရုံသို့ ထပ်မံရောက်ရှိလာသည့် လူနာများဖြစ်ပြီး ကုသ မှုခံယူနေဆဲ လူနာသုံးဦးထဲမှ မဟုတ်ကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီးတွင် H1N1 ဖြင့် ကုသမှုခံယူနေသူ နှစ်ဦးမှာ မြောက်ဥက္ကလာပမြို့နယ်မှ ဦးစိုးနိုင်၊ ဧရာဝတီ တိုင်းဒေသကြီး အသုတ်မြို့နယ်နေ မဖြိုးဖြိုးသွင်တို့ဖြစ်သည်။ ဦးစိုးနိုင်မှာ ဇူလိုင် ၈ ရက်မှစ၍ နှာစေး၊ ချောင်းဆိုးနှင့် ဖျားနာခြင်း လက္ခဏာများ ခံစားခဲ့ရပြီး ဇူလိုင် ၁၅ ရက်တွင် ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှူခက်ခဲခြင်း လက္ခဏာ များကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကုသမှုခံယူနေ ခြင်းဖြစ်ပြီး မဖြိုးဖြိုးသွင်မှာ ဇူလိုင် ၆ ရက်မှစ၍ နှာစေး၊ ချောင်းဆိုးနှင့် ဖျားနာခြင်းလက္ခဏာများ ခံစားခဲ့ရပြီး ဇူလိုင် ၁၉ ရက်တွင် ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှူ ခက်ခဲ ခြင်းကြောင့် ပုသိမ် အထွေထွေရောဂါ ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ရာ လူနာအ ခြေအနေမှာ စိုးရိမ်ရသည့်အတွက် အထူးကြပ်မတ်ဆောင် တွင် ကုသလျက်ရှိသည်။ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသူတစ်ဦးမှာ ပျဉ်းမနား မြို့နယ် ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နောက် ဆုံးနှစ် ကျောင်းသူ ၂၂ နှစ်ဖြစ်သည်။

ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါ ကု ဆေးရုံသစ်ကြီး၌ တက်ရောက်ကုသဆဲ လူနာသုံးဦး၏ အခြေအနေမှာ တိုးတက်ကောင်းမွန်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီ တုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009)ဖြစ်ပွားမှုနှင့်ပတ်သက်၍ အထူးဦးစားပေးကာ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ် ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
H1N1 ဗိုင်းရပ်စ်ပိုးလက္ခဏာများမှာ တုပ်ကွေးရောဂါ ဖြစ်သည့်အတွက်ကြောင့် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲ၊ နှာ စေး၊ ချောင်းဆိုး ခြင်းဖြစ်တတ်သည်။ ရောဂါပြင်းထန်လာ ပါက နမိုးနီးယားဟုခေါ်သည့် အဆုတ်ရောင်ရောဂါ ဖြစ် တတ်သည်။ အဆုတ်ရောင်ရောဂါ ဖြစ်လာမည့် ရောဂါ လက္ခဏာများမှာ အဖျားကြီးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အ သက်ရှူကျပ်ခြင်းများ ဖြစ်တတ်သည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009)ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖြစ်ပွားသူ အားလုံးတွင် သေဆုံးမှုနှုန်းမှာ ဝ ဒသမ ဝ၂ ရာခိုင်နှုန်းခန့် သာရှိပြီး ရောဂါပြင်းထန်၍ ဆေးရုံတက်ရောက် ကုသခံယူ ရသူများတွင် ၄ ဒသမ ၅၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း အမေရိကန် CDC မှ ထုတ်ပြန်ထားသည့် သတင်းအချက် အလက်များအရ သိရှိရသဖြင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ကြောင့်ကြစရာ မလိုအပ်ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ရာသီတုပ်ကွေးရော ဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာ ဆောင်ရွက်သွားရန်နှင့် တုပ်ကွေးဆန်သော ရောဂါလက္ခ ဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်း မာရေးဌာနများသို့ ချက်ချင်းကုသမှုခံယူရန် လိုအပ်ကြောင်း နှိုးဆော်ထားသည်။

ရောဂါပိုးမကူးစက်စေရန် နှာခေါင်းစည်း (Mask) တပ်ထားခြင်းသည် ရောဂါကို ကာကွယ်နိုင်ရန် ထိရောက် မှု မရှိကြောင်း သိရသည်။ ထိရောက်မှုရှိစေရန် ရောဂါပိုး မဝင်ရောက်နိုင်သည့် N-95 Mask ကို တပ်ဆင်နိုင်သော် လည်း Mask တပ်ခြင်းသည် ရာသီတုပ်ကွေးရောဂါ (Sea- sonal Influenza A (H1N1) pdm 2009)ကို ကာကွယ် ရန် မှန်ကန်သည့်နည်းလမ်းမဟုတ်ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ်မှ သတိပေးရေးသားအပ်ပေသည်။

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191