Main menu
HOT NEWS
adv
ရခိုင်အရေး သတင်းတုများကို ကန့်ကွက်ရှုတ်ချ

ရခိုင်အရေး သတင်းတုများကို ကန့်ကွက်ရှုတ်ချ

မြန်မာမာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင် တောဒေသတွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲစခန်းများနှင့် ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် နယ်ခြားစောင့်ရဲစခန်း ၃ဝ အား ဗျွှဗ အစွန်းရောက် အကြမ်းဖက်သမား အုပ်စုများက ဝင်ရောက်တိုက် ခိုက်ပြီး ဒေသခံတိုင်းရင်းသားများအား အကြောင်းမဲ့ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။

ယင်းတို့၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယင်းအတွက် ဒေသခံတိုင်းရင်းသားများသည် နေရပ်စွန့်ခွာ၍ ဘေးအန္တရာယ်ကင်း ရှင်းသည့် ပြည်တွင်းမှ ဒုက္ခသည်စခန်းများ၊ အစိုးရက စောင့်ရှောက်မှုပေးသည့် ကယ် ဆယ်ရေးစခန်းများသို့ သွားရောက်ခိုလှုံနေကြရသည်။

သို့သော်  ARSA အစွန်းရောက် အကြမ်းဖက်သမား အုပ်စုများသည် ကမ္ဘာ့ ကုလသမဂ္ဂညီလာခံ ကျင်းပမည့်အချိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ရခိုင်အစီရင်ခံစာ ထွက်ပေါ်လာချိန်နှင့် တိုက်ဆိုင်၍ ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသသို့ ဝင်ရောက်တိုက် ခိုက်ပြီး ဒေသခံတိုင်းရင်းသားများအား သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှိုဖျက်ဆီး ခြင်းတို့အပြင် မိမိတို့၏ နေအိမ်များကိုပါ ကိုယ်တိုင်မီးရှို၍ နေရပ်စွန့်ခွာတိမ်းရှောင် သူများအဖြစ် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း စသည်တို့ကိုပြုလုပ်၍ သတင်း တုများဖန်တီးကာ နိုင်ငံတကာသတင်းဌာနများသို့ ပေးပို့ခြင်း၊ ဆိုရှယ်မီဒီယာများတွင် တင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အထင်ရှားဆုံးမှာ တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ် Surah Abraham ဆိုသူက မြန်မာနိုင်ငံရခိုင် ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသတွင်ဖြစ်ပွားသည့် ဗျွှဗ အစွန်းရောက် အကြမ်းဖက်သမားများ၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် သတင်းနှင့်ပတ်သက်၍ သတင်းဓာတ်ပုံဟောင်း လေးပုံဖြင့် သတင်းတုဖန်တီးကာ တွစ်တာစာမျက်နှာတွင် တင်ခဲ့သည်။ ပထမဦးဆုံး ဓာတ်ပုံတစ်ပုံမှာ လူသေအလောင်းများပုံဖြစ်ပြီး ယင်းပုံသည် ၂ဝ၁၆ ခုနှစ်တွင် ချင်း တွင်းမြစ်တွင်း၌ အောင်စိုးမိုးကျော် (၂) စက်လှေမှောက်စဉ်က ဓာတ်ပုံကိုလည်း ကောင်း၊ ဒုတိယဓာတ်ပုံမှာ သစ်ပင်တွင် ကြိုးချည်ထားသည့်ပုံသည် ၂ဝဝ၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ဒေသခံများ၏ပုံကို ရိုက်တာသတင်းဌာနမှ ရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်းကောင်း၊ တတိယဓာတ်ပုံမှာ မိခင်သေဆုံးသဖြင့် ကလေးငယ်တစ်ဦး ငိုနေသည့်ပုံသည် ၁၉၉၄ ခုနှစ် ရဝမ်ဒါအရေးအခင်းတွင် ရိုက်ကူးထားသည့် ပူလစ် ဇာသတင်းဓာတ်ပုံဆုရ ပုံကိုလည်းကောင်း၊ စတုတ္ထဓာတ်ပုံမှာ ရေထဲတွင် လူအများ သွားလာနေသည့်ပုံသည် ၂ဝ၁၃ ခုနှစ် နီပေါနိုင်ငံတွင် ရေကြီးစဉ်က ဓာတ်ပုံဟောင်း များကိုအသုံးပြု၍ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်နေသယောင် သတင်းတု အဖြစ် လုပ်ကြံဖန်တီး၍ တွစ်တာစာမျက်နှာတွင် တင်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ကန့်ကွက်မှုကြောင့် ယင်း၏ တွစ်တာတွင် ဖော်ပြထားသည့် သတင်းနှင့်ဓာတ်ပုံများကို ပြန်လည်ဖျက်သိမ်းခဲ့သည်။  ထိုနည်းတူ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ စနစ်တကျ ဖန်တီးရိုက် ကူးထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို သတင်းတုများအဖြစ် နိုင်ငံတကာသတင်း ဌာနများသို့ ပေးပို့ရာမှ ယင်းသတင်းဌာနများမှ သတင်းတုများကို သတင်းအဖြစ် ထုတ်လွှင့်ဖော်ပြခဲ့ကြသည်။ သတင်းဖြန့်ချိရေး အတတ်ပညာကို အလွဲသုံးစားပြုကာ ဝါဒဖြန့်ခဲ့ကြသည်။

ယင်းသတင်းအတုများကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအချို့နှင့် ဘာသာတူနိုင်ငံများမှ မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအား လူမျိုးတုံးသတ်ဖြတ်နေသယောင်၊ ညှဉ်းပန်းနှိပ်စက်နေသယောင်၊ နိုင်ငံတွင်းမှ ထွက်ခွာသွားစေရန် မောင်းထုတ်နေသ ယောင်၊ အကြမ်းဖက်သတ်ဖြတ်နေသယောင် သတင်းမှန်အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ သတင်းမှန်များသည် သတင်းမှားများဖြစ်စေ၍ သတင်းမှားများက သတင်းမှန်အဖြစ် နေရာယူခဲ့ကြသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အုပ်စု၏ ဒေသခံများအပေါ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ရုံမျှမက နေအိမ်များကို ဖျက်ဆီး၊ မီးရှို့ခဲ့ကြသည်မှာ သတင်းအမှန် များပင်ဖြစ်သည်။

ယင်းအတွက် နိုင်ငံတကာရှိ သတင်းဌာနအချို့မှ ပုံနှိပ်ထုတ်ဝေသည့် သတင်း စာများ၊ ရုပ်မြင်သံကြား သတင်းဌာနများနှင့် အွန်လိုင်းမီဒီယာ သတင်းဌာနအချို့မှ ရေးသားထုတ်လွှင့်သည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွား နေသည့် သတင်းများကို ရေးသားထုတ်လွှင့်ဖော်ပြရာတွင် သတင်းမှန်များကို ရေး သားဖော်ပြထုတ်လွှင့်ခြင်းမပြုဘဲ သတင်းတု၊ သတင်းမှားများကိုသာ ထုတ်လွှင့်ဖော် ပြနေသည်ကို အထူးသတိပြုသင့်သည်။

ယင်းသတင်းတု သတင်းမှားများသည် နိုင်ငံတော်အစိုးရ၏ပုံရိပ်အား ထိခိုက် စေရုံသာမက ပြည်သူလူထု၏ အကျိုးစီးပွားကိုပါ ထိခိုက်နစ်နာ ဆုံးရှုံးစေနိုင်သဖြင့်  သတင်းတု သတင်းမှားများအား ထုတ်လွှင့်ဖြန့်ချိနေသည့် နိုင်ငံတကာသတင်းဌာန အချို့အား ရန်ကုန်တိုင်းမ်ဂျာနယ်မှ ကန့်ကွက်ရှုတ်ချပါကြောင်း ရေးသားဖော်ပြအပ် ပေသည်။

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191