HOT NEWS
Main menu
adv
ငြိမ်းချမ်းရေးတံခါးသာ ဖွင့်ထားပါ

ငြိမ်းချမ်းရေးတံခါးသာ ဖွင့်ထားပါ

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းသည် ကမ္ဘာပေါ်၌ သက်တမ်းအရှည်ကြာဆုံးဟု ဆိုနိုင်သည်။ အစိုးရအဆက်ဆက်တွင် နိုင်ငံတော်အကြီးအကဲများက ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကြိုးစားအား ထုတ်ခဲ့ကြသည်။ သို့တိုင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေးမရရှိဘဲ တပ်မတော်နှင့် လက်နက်ကိုင်တိုင်း ရင်းသား အဖွဲ့များမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

အစိုးရအဆက်ဆက်တွင် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေး စားပွဲဝိုင်းပေါ်သို့ ရောက်ရှိရန် ကြိုးစားအားထုတ်ခဲ့သဖြင့် ငြိမ်းချမ်း ရေးမရရှိသော်လည်း လက်နက်ကိုင်အဖွဲ့များကို သူပုန်၊ ပြည်တွင်း သောင်းကျန်းသူ အဖျက်သမား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း စသည် ဖြင့် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

၁၉၅၅ ခုနှစ် ဖဆပလ အစိုးရလက်ထက်တွင်းလည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ် အိမ်စောင့်အစိုးရ လက်ထက်တွင်လည်းကောင်း၊ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင်လည်းကောင်း၊ ၁၉၈ဝ ပြည့်နှစ် မဆလအစိုးရ လက်ထက်တွင်လည်းကောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတအစိုးရလက်ထက်တွင် လည်းကောင်း၊ ၂ဝ၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် သမ္မတဦးထင်ကျော် လက်ထက်တွင်လည်းကောင်း ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

မဆလအစိုးရလက်ထက်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရဘက်မှ အဓိကဦးတည်ဆွေးနွေးခဲ့သဖြင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ပျက်ခဲ့ရသည်။ နဝတအစိုးရလက်ထက်တွင် လက် နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အဓိက မဆွေးနွေးဘဲ အပစ်အခတ်ရပ်စဲရေးကို အဓိက ဆွေးနွေးခဲ့သည်။ ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၁၇ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရယူနိုင်ခဲ့သည်။

သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်မှတ်မရေး ထိုးနိုင်ခဲ့သော်လည်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယခု နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လက်ထက်တွင် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၃၁ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ သို့သော် ယင်း ငြိမ်းချမ်းရေးညီလာ ခံကြီးတွင် MNDAA, TNLA, AA လက်နက်ကိုင်အဖွဲ့များမှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ သော်လည်း ယခင် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေး ထိုးသည့် အဖွဲ့ရှစ်ဖွဲ့မှအပ နောက်ထပ် အသစ်ထပ်မံ လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

ယခုအခါ မြောက်ပိုင်း ပူးပေါင်းမဟာမိတ်အဖွဲ့အဖြစ် MNDAA, TNLA, AA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းကို အကြမ်းဖက် တိုက်ခိုက်ရာမှ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယနေ့ တိုင်ပင် ဖြစ်သည်။

ယင်းသို့ တပ်မတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံတွင်တစ် နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် အလှမ်းကွာ ဝေးသွားပြီဟု စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိသည်။

ယင်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီသို့ အလျင်အမြန် ပြန်လည်ရောက်ရှိလာစေရန် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အားထုတ်ကြိုးပမ်း၍ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးထား နိုင်ရန် ဖလားဝါးနယူးစ်ဂျာနယ်မှ တိုက်တွန်းအပ်ပေသည်။


အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

FacebookG+TwitterRSS