Main menu
HOT NEWS
adv
နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက် မကဲစေလို

နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက် မကဲစေလို

ဒီဘက်နားဆီက အရိပ်သစ်ကို ပျံသန်းကူးခတ်ဖို့ အင် အားမရှိတော့ပြီထင့်။ အတောင်ညောင်းသွားဟန်တူ သော တပေါင်းဆိုသည့် ငှက်ကလေးက ဟိုမှာဘက် အပင်ထက်တွင် ခိုနားကျန်ရစ်သည်။ လတန်ခူး၏ ပုရစ်ဖူး နုသစ်တို့က နွေနေပူအောက်တွင် မိုးကိုမျှော်လျက် ငိုက် မြည်းနေကြသည်။ မိုးသစ်ပါမှ သူတို့ချစ်သော ပွင့်လွှာတံခါး များ ဖွင့်ကြစွင့်ကြမည်။ တစ်ခါတစ်ရံ သူတို့မျှော်သော မိုး က ပေါ်မလာတတ်။ မိုးပျောက်မှာကိုတော့ သူတို့စိုးကြောက် ကြသည်။ သင်္ကြန်လက်ဆေး မိုးကလေးနှင့်အတူ အဝါရောင် ပိတောက်ကန့်လန့်ကာကို သူတို့ ဖွင့်ချင်ကြပေလိမ့်မည်။

တစ်လမှ တစ်လ၊ တစ်ရာသီမှ တစ်ရာသီ၊ တစ်နှစ်မှ တစ်နှစ် ပြောင်းလဲသည်မှာ လောကဓမ္မတာ။ သည်သို့ပင်  အဟောင်းမှအသစ် ပြောင်းလဲမှုအစဉ်သည်လည်း ဖြစ်ပေါ် တတ်စမြဲ။ စကားလုံးဝါဒီ မိတ်ဆွေတစ်ဦးကတော့ အပြောင်း အလဲဆိုသော ဝေါဟာရကို နှစ်သက်ဟန်မတူ။ ပြောင်းလဲ တယ်ဆိုတာ ပြောင်းပြီးရင် လဲသွားမှာဗျ..ဟု အနက်ဖွင့် သည်။ အယူသီးသော ထိုမိတ်ဆွေက သူ့ဘာသာသူ ''ကူး ပြောင်းချိန်တန်ပြီ''ဟူသော ဝေါဟာရသစ်ကို ရေးထိုးခဲ့ သည်လားမပြောတတ်။ အကယ်တန္တု ပြောင်းလဲမှုဖြစ်စဉ် များသည် သဘာဝတရားက မွေးဖွားပေးသော အရာတစ် ခုသာလျှင်ဖြစ်သည်။ လောကတွင် ဘယ်အရာမှ တည်မြဲ မနေ။ အသစ်ဆိုသော အရာတစ်ခုသည် ဖြစ်ပျက်သဘာဝ ကို လွန်ဆန်နိုင်ရိုးထုံးစံမရှိဘဲ ကြာလာသည်နှင့်အမျှ အ ဟောင်းဘဝသို့ ပြောင်းလဲသွားတတ်သည်။ ထို့ကြောင့် ပြောင်းလဲတတ်သော သဘာဝသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှ သာ ဖြစ်သည်။ အရေးကြီးသည်က ဟောင်းခြင်း၊ သစ်ခြင်း သည် အဓိကမဟုတ်မူဘဲ ထိုအဟောင်း၊ အသစ်တို့၏ တန် ဖိုးသည်သာ ပဓာနကျသည်ဟုဆိုချင်ပါသည်။ အဟောင်း က ဘယ်လောက်တန်ဖိုးရှိခဲ့လဲ၊ သို့တည်းမဟုတ် အသစ်က ဘယ်မျှ အဖိုးအနဂ္ဃထိုက်တန်သလဲ။ ထိုအပြောင်းအလဲ များကြားတွင် ရှိနေသော တန်ဖိုးဖြင့်သာ အဟောင်းနှင့်အသစ် တို့၏စံကို တိုင်းတာရပေမည်။ ထိုအတွက် အချိန်တစ်ခု တော့ ပေးရပါလိမ့်မည်။

မကြာမီ ရက်ပိုင်းအချိန်သည် တိုင်းပြည်အတွက် အ ရေးကြီးသော ကြားဖြတ်ရွေးကောက်ပွဲဟူသည့် အချိန်အ ပိုင်းအခြားကို ရောက်ရှိတော့မည်ဖြစ်သည်။ ကြားဖြတ်ရွေး ကောက်ပွဲသည် လွှတ်တော်အတွင်း၌ လွတ်လပ်နေသည့် နေရာများတွင်ခန့်ထားရန်အတွက် လွှတ်တော်ကိုယ်စား လှယ်လောင်းကို ရွေးချယ်ရမည့်ပွဲ ဖြစ်သည်။ ထိုတာဝန် ကို ပြည်သူက ယူရမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် အရေးကြီးသော ဥပဒေပြုရေးမဏ္ဍိုင်၏ လစ်လပ်ထိုင်ခုံနေ ရာတွင် ထိုင်မည့်သူကို ပြည်သူက ရွေးချယ်ပေးရမည်ဖြစ် သည်။ ဤနေရာ၌ ရွေးချယ်ပေးရမည့် ပြည်သူများအနေဖြင့် လူရွေးမမှားဘဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးရ မည်ဖြစ်သကဲ့သို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူနှင့် နိုင်ငံအပေါ် တာဝန် ကျေသော အမတ်မင်းများဖြစ်သကဲ့သို့ တိုင်းပြည်၏ ရွဲ့ စောင်းယိမ်းယိုင်နေသော ဥပဒေမဏ္ဍိုင်ကို တည့်မတ် ထိန်း ကျောင်းသွားရမည် ဖြစ်သည်။ ပြည်သူသည် စနစ်ဆိုး၊ အရိပ်ဆိုးအောက်တွင် အနေကြာလှပြီဖြစ်၍ ထိုလောင်းရိပ် အောက်မှ ရုန်းထွက်ချင်နေပြီဖြစ်သည်။ စနစ်သစ်၏ အေး မြသော အရိပ်အာဝါသအောက်တွင် နေချင်ဆန္ဒပြင်းပြနေ ပြီလည်း ဖြစ်သည်။ တစ်ခါ အနာကြီး နာခဲ့ကြပြီးပြီဖြစ်၍ လည်း တိုင်းပြည်နှင့်တူသော မိအေးအနေဖြင့် နောက်တစ်ခါ ထပ်ပြီး မနာချင်တော့။ ထိုအတွက် ''နောက်လာတဲ့ မောင် ပုလဲ ဒိုင်းဝန်ထက်ကဲ'' မဖြစ်ဖို့ လိုအပ်ပါသည်။ ထိုမှသာ လျှင် ပြောင်းလဲခြင်း၏ အဖိုးအနဂ္ဃထိုက်သော တန်ဖိုးကိုရရှိ ခံစား စံစားရမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းမ်က ယောနိ သော မနသိကာရဖြင့် ရေးသားလိုက်ရပါသည်။

အယ်ဒီတာ
Yangon Times Journal

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191