Main menu
HOT NEWS
adv
အနည်းဆုံး အခကြေးငွေနှုန်းထား ဘယ်လိုသတ်မှတ်ကြမလဲ

အနည်းဆုံး အခကြေးငွေနှုန်းထား ဘယ်လိုသတ်မှတ်ကြမလဲ

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ကျဆင်းနေသည်။ နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြနေသည်။ ငွေကြေး ဖောင်းပွမှုနှင့်အတူ ကုန်ဈေးနှုန်းများ မြင့်တက်နေ သည်။ သို့တိုင် နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများ၏ ဝန်ထမ်းများ၏ လုပ်ခလစာ တိုးမြင့်လာခြင်းမရှိ၊ ပိုနေမြဲကျားနေမြဲ ဖြစ်သည်။ ယင်းအတွက် အစိုးရသစ်လက်ထက်၌ပင် အနိမ့်ဆုံးလစာ ထပ်မံသတ်မှတ်ရေးအတွက် ဆန္ဒပြတောင်းဆိုလာကြသည်။ အစိုးရ အဆက်ဆက် ခေတ်အဆက်ဆက်တွင် အနိမ့်ဆုံး လုပ်ခလစာများကို ပြင်ဆင်သတ်မှတ်လာရသည်များ ရှိခဲ့သည်။ ရှိခဲ့ဖူးသည်။

    မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာ အနည်းဆုံးအခကြေး ငွေနှုန်းထားကို ၁၉၇၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ အ နိမ့်ဆုံးလုပ်ခလစာအဖြစ် ကျပ် ၁ဝဝ မှ စတင်သတ်မှတ်ခဲ့သည်။ ယင်းမှာ နိုင်ငံ့ဝန်ထမ်းများ အနိမ့်ဆုံးလုပ်ခလစာကို ပထမဆုံးအကြိမ် စတင်သတ်မှတ်ခဲ့သည်။ နောင် ၁၇ နှစ်ကြာသည့်အခါ ၁၉၈၉ ခုနှစ် ဧပြီ ၁ ရက်တွင် အနိမ့်ဆုံးလုပ်ခလစာကို ကျပ် ၄၅ဝ လေးနှစ်အကြာ ၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ကျပ် ၆ဝဝ အဖြစ်လည်းကောင်း၊ နောက် ခုနစ်နှစ်ကြာ ၂ဝဝဝ ပြည့်နှစ် ဧပြီ ၁ ရက်တွင် ကျပ် ၃ဝဝဝ အဖြစ် လည်းကောင်း၊ နောက်ခြောက်နှစ်ကြာသည့်အခါ ၂ဝဝ၆ ခုနှစ် မတ် ၂၄ ရက်တွင် ကျပ် ၁၅ဝဝဝ အဖြစ်လည်းကောင်း၊ နောက်လေးနှစ် ကြာသည့်အခါ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၃၅ဝဝဝ အဖြစ်လည်းကောင်း၊ နောက်သုံးနှစ် ကြာသည့်အခါ ၂ဝ၁၄ ခုနှစ် ဧပြီလ ၄ ရက်တွင် ကျပ် ၇၅ဝဝဝ အဖြစ်လည်းကောင်း၊ နောက်တစ် နှစ်ကြာသည့်အခါ ၂ဝ၁၅ ခုနှစ် မတ် ၂၅ ရက်တွင် ကျပ် ၁၂ဝဝဝဝ အဖြစ် အစိုးရက အကြိမ်ကြိမ် ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။ အလုပ်သမားများနှင့် ပတ်သက်၍ တစ်နေ့ အနိမ့်ဆုံးလုပ်ခလစာမှာ ကျပ် ၃၆ဝဝ အဖြစ် သတ်မှတ်ပေးခဲ့သည်။

    ယခု နိုင်ငံ့ဝန်ထမ်းများမှ အနိမ့်ဆုံးလစာ ပြင်ဆင်သတ်မှတ် ရေးကို မတောင်းဆိုကြသော်လည်း ပုဂ္ဂလိက စက်ရုံအလုပ်ရုံများ၊ အ လုပ်သမားများက တစ်နေ့ အနိမ့်ဆုံးလုပ်ခလစာကို ကျပ် ၅၆ဝဝ အထိ တိုးမြှင့်ပေးရန် တောင်းဆိုလာကြသည်၊ ဆန္ဒထုတ်ဖော်လာကြသည်။

    ယင်းအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင် ရာ အမျိုးသားကော်မတီတွင် တာဝန်ရှိလာသည်။ အနည်းဆုံး အခ ကြေးငွေ ပြင်ဆင်သတ်မှတ်ရေးအတွက် ယင်းကော်မတီ၏တာဝန် နှင့် လုပ်ပိုင်ခွင့်များအရ ပြင်ဆင်သတ်မှတ်ရာတွင် နိုင်ငံတကာ၏အနည်းဆုံး အခကြေးငွေများ လေ့လာရန်လိုအပ်မည်။ ယင်းသို့လေ့ လာကြည့်လျှင် အနည်းဆုံးအခကြေးကို ထိုနိုင်ငံများမှာ တစ်နာရီနှင့် တွက်ချက်ပြီး အချို့နိုင်ငံများမှာ တစ်ရက်နှုန်းထားနှင့် တွက်ချက်ကြ သည်ကို တွေ့ရှိရမည်ဖြစ်သည်။

    ယနေ့ အစိုးရသစ်လက်ထက် တစ်နေ့ အနည်းဆုံးအခကြေး ငွေကျပ် ၅၆ဝဝ မှာ နိုင်ငံတကာ အနည်းဆုံးအခကြေးငွေ သတ်မှတ် ချက်နှင့် နှိုင်းစာလျှင် များစွာကွာခြားနေသည်ကို တွေ့ရှိရမည်ဖြစ် သည်။ ယင်းအတွက် အလုပ်သမားများ၏ တောင်းဆိုချက်မှာ လျော် ကန်သင့်မြတ်သည့် နှုန်းထားဟု ထင်မြင်ယူဆမိသည်။

    ယင်းအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီအနေအနေဖြင့် အနည်းဆုံးအခကြေးငွေ သတ် မှတ်ရာတွင် အခြေခံရမည့်အချက်များနှင့် စပ်လျဉ်း၍ နယ်မြေဒေသမခွဲ ခြား တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်သာ သတ်မှတ်သင့်သည်။

    ထို့အတူ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး ကော်မ  တီအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် အလုပ်သမားထု တစ်ရပ်လုံး၏အကျိုးကို ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်ကို ရှေးရှု၍ နှစ်နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်မည့် အစီအစဉ်ကို ပြည်ထောင် စုအစိုးရ၏ အတည်ပြုချက်ဖြင့် ကြေညာချက်များ ထုတ်ပြန်နိုင်ရန် ဖလားဝါးနယူးစ်ဂျာနယ်မှ အလေးအနက် တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (Flower News Journal)

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191