Main menu
HOT NEWS
adv

၂၀၁၇ ခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့  ကမ်းလွန် လုပ်ကွက် တွင်းသစ် ၃၇ ခု ထပ်တူးမည်ဟု ဆို

နေပြည်တော်၊ ဇန်န၀ါရီ ၁၄

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် မြန်မာနိုင်ငံ ကမ်းလွန် ရေနံလုပ်ကွက်များအတွင်း ယခု နှစ်တွင်တွင်းသစ် ၃၇ တွင်း တူးဖော်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ တွင် ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ထုတ်ပြန်ကြေညာခဲ့သည်။ “မြန်မာနိုင်ငံ ကမ်းလွန်လုပ်ကွက်များအတွင်းမှာ နိုင်ငံတကာ ကုမ္ပဏီများက ရှာဖွေရေးတွင်းများ တူးဖော်မှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၁၅ တွင်း၊ ၂၀၁၆ ခုနှစ်တွင် ၃၆ တွင်း တူးဖော်ခဲ့ပြီး အခုနှစ်မှာ ၃၇ တွင်း တူးဖော်သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

Read more...

၂ဝ၁၇ ခုနှစ်တွင် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ ပူးပေါင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်သွားမည်

တာချီလိတ်၊ ဒီဇင်ဘာ ၂၈

၂ဝ၁၇ ခုနှစ်တွင် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံလူကုန်ကူးမှုပူးပေါင်းတိုက် ဖျက်ရေးဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ချင်းခေါင်မြို့  Fortune River View ဟိုတယ်အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သော မြန်မာ-ထိုင်း-လာအိုသုံးနိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးနှီး နှောဖလှယ်ပွဲမှ သိရသည်။ နှီးနှောဖလှယ်ပွဲပထမနေ့တွင်  ထိုင်းနိုင်ငံအဖွဲ့ခေါင်းဆောင် ချင်း ခေါင်မြို့နယ်အုပ်ချုပ်ရေးမှူး Mr.Thutchanai Suptapoot ကအဖွင့် အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ၂ဝ၁၆ ခုနှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံအလိုက် ပူးပေါင်းဆောင် ရွက်ခဲ့သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကြသည်။

Read more...

၂ဝ၁၇ နှစ်သစ်ကို အစိုးရသစ်က အပြောင်းအလဲနှင့် ကြိုဆိုသင့်

ကြာမီသောအချိန်ကာလတွင် ၂ဝ၁၆ ခုနှစ် ကုန်ဆုံး ၂ဝ၁၇ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည်ဖြစ်သည်။ အရပ်သားအစိုးရသစ်၏ သက်တမ်းသည်လည်း တစ်နှစ်သက်တမ်းသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ယနေ့ အရပ်သားအစိုးရသစ်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ အရပ်သားအစိုးရသစ်၏ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ပထမဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံထောင့်စုံမှ ကြိုးစားဆောင်ရွက်နေသည်ကို နိုင်ငံသူနိုင်ငံသားအားလုံး မြင်တွေ့နေရသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191