HOT NEWS
Main menu
M ဘွယ်

M ဘွယ်

M-Bwel (Assistance Online Editor)

Website URL:

" အဆိုတော် ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် အနုပညာကို ကောင်းအောင်လုပ်ဖို့ အရည်အချင်း ပြည့်မီတဲ့ အဆိုတော် တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ပဲ လိုတယ်" ရှင်ဖုန်း

အခုလောလောဆယ်တော့ အစ်မရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်ခွေ ထွက်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီအခွေလေးကိုတော့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာထွက်မယ်။ အခွေနာမည်ကတော့ 'မင်းနဲ့အတူတူ'လို့ နာမည်ပေးထားပါတယ်။ ရှင်ဖုန်းအခွေမထွက်ဖြစ်တာ ငါးနှစ်ရှိသွားပါပြီ။ သီချင်းကို မလုပ်တော့ဘူးလို့ စဉ်းစားမိတယ်။ အဲဒါကြောင့် ဘာမှမလုပ်ပဲနေခဲ့တယ်။ ဒါပေမဲ့ ဆိုချင်စိတ် ပြန်ပေါက်လာရင်လည်း သီချင်းပြန်ဆိုလိုက်၊ စိတ်ကအမျိုးမျိုးဖြစ်နေတာပေါ့နော်။

Read more...

ခေတ်အထာ ဗီဒီယို ဇာတ်ကား ရိုက်ကွင်းပေါ်မှ စကားသံများ . .

အောင်သီရိရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာနေလင်း ရိုက်ကူးပုံဖော်နေသော ''ခေတ်အထာ'' ဗီဒီယိုဇာတ်ကားတွင် သရုပ်ဆောင် ညီထွဋ်ခေါင်၊ ရတနာဗိုတို့က အဓိကပါဝင်သရုပ်ဆောင်ကြမည်ဖြစ်သည်။ အဆိုပါဇာတ်ကားရိုက်ကွင်းသို့ သွားရောက်ပြီး ဇာတ်ကားတွင်ပါဝင် သော အနုပညာရှင်အချို့အား မေးမြန်းဖြစ်ခဲ့ရာ။

Read more...

Myanmar Idol Season 2 Top 10 ပြိုင်ပွဲ ဇန်နဝါရီ ၂၆ ရက်မှ စတင်ကာ အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် mntv လ ရုပ်သံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

Myanmar Idol Season 2 Top 10 ပြိုင်ပွဲဝင်များ၏ သီဆိုယှဉ်ပြိုင်မှုများကို ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ Free to air  ချန်နယ်ဖြစ်သော mntv ချန်နယ်တွင် အပတ်စဉ်ကြာသပတေးနှင့် သောကြာနေ့များတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းသိရသည်။ ''ဒီတစ်ပတ် ကြာသ ပတေးနေ့ကစပြီးတော့ Myanmar Idol Season 2 Top 10  တွေရဲ့ပထမဦးဆုံး ယှဉ်ပြိုင်ရမယ့်ပြိုင်ပွဲနေ့ပါ။ သောကြာနေ့ကတော့ ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ခဲ့တာတွေကို အဆုံးအဖြတ်ပေးမယ့်နေ့ပါ။ ပြိုင်ပွဲကိုတော့  ည ၉ နာရီအချိန်တိတိမှာ စတင်ပါမယ်။ ပြိုင်ပွဲရဲ့ အရေးကြီးဆုံးအချက် ကတော့ အပတ်စဉ်ပြိုင်ပွဲတိုင်း မှာ Vote အနည်းဆုံးပြိုင်ပွဲဝင်က အိမ်ပြန်ရမှာပဲဖြစ်ပါတယ်''ဟု Executive Producer  ကိုအန်ဒီအောင် ကပြောသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS