HOT NEWS
Main menu
adv

မြစ်ဆုံစီမံကိန်း အပြီးအပြတ် ဖျက်သိမ်းသင့်ပြီ

မြစ်ဆုံသည် မြန်မာနိုင်ငံသားတို့ အစဉ်အဆက်ပိုင်ဆိုင်ခဲ့သော သဘာဝသယံဇာတ ဘိုးဘွားပိုင်အမွေဖြစ် သည်။ ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်ရာ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃ဝ မိနစ်နှင့် မြောက်လတ္တီတွဒ် ၂၅ ဒီဂရီ ၄၂ မိနစ်တွင် မေခနှင့် မလိခမြစ်နှစ်သွယ်တို့ ပေါင်းစည်းရာမှ ဖြစ်တည်လာခဲ့သည်။ မေခ မြစ်သည် အနောက်မြောက်ဘက်သို့ စီးဆင်းလာခဲ့ပြီး မလိခမြစ်သည် မြောက်ဘက်မှ စီးဆင်းလာရာမှ မြစ်ဆုံ အဖြစ် တွေ့ရှိပေါင်းဆည်းကာ ဧရာဝတီမြစ်ကြီးအဖြစ် စီးဆင်းလာသည့် မြန်မာနိုင်ငံ၏ အထင်ရှား ဆုံးပြယုဂ်အဖြစ် ရှေးရှေးပဝေသဏီကပင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

Read more...

Professional ပီသပါစေ

နိုဝင်ဘာလ ၆ ရက် တနင်္ဂနွေနေ့ ညနေက ထမင်းစားသောက်အပြီးတွင် ဘာရယ်မဟုတ် အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်ရင်း စကိုင်းနက်ရုပ်သံလိုင်းကို ဖွင့်လိုက်မိသည်။ ရှေ့က ဘယ်သူကြည့်ပြီး ဘယ်ချန်နယ်ကို ဖွင့်ထား ခဲ့မှန်းမသိ။ မိမိဖွင့်လိုက်စဉ် အော်ဟစ်ဆူညံသံများနှင့်အတူ ဘောလုံးပွဲတစ်ပွဲလာနေသည်ကို တွေ့လိုက်ရသည်။ ဘောလုံပွဲက တိုက်ရိုက် ထုတ်လွှင့်ပြသနေသော ပွဲဖြစ်သည်။

Read more...

e-Government စနစ် တကယ်အောင်မြင်ပါစေ

နိုင်ငံအတော်များများတွင် e-Government စနစ်ကို အသုံးပြုနေသည်မှာနှစ်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သည်။ e-Government စနစ်၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူလူထုအတွက် အဓိက ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ယနေ့ နိုင်ငံတကာတွင်အသုံးပြုနေသည့်e-Government စနစ် သည် အစိုးရအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း၊ဌာနအချင်းချင်း ဆက်သွယ်ရုံမျှမက ပြည်သူလူထုသည် အစိုးရနှင့်ပါ တိုက်ရိုက်ဆက် သွယ်နိုင်ရန်ဖြစ်သည်။ e-Government စနစ်ကို အသုံးပြုခြင်းသည် အချိန်ကုန် ငွေကုန်သက်သာသည့် ဆက်သွယ်ရေး စနစ်တစ်ခုဖြစ်သည်။

Read more...

ချစ်လျက်နှင့် ကွေကွင်းရသောဒုက္ခ

လှည်းတန်းသည် စွဲလမ်းစရာအသင်္ချေနှင့် ဖွဲ့စည်း ထားသော နယ်မြေလေးတစ်ခု ဖြစ်သည်။ လှည်းတန်းတွင် မြကျွန်းသာဟု တင်စားခေါ်ဝေါ်သော ရန်ကုန်တက္ကသိုလ် ရှိသည်။ ယခင်ကဆိုလျှင် (ယခုသမ္မတကြီး၏ဖခင်) ဆရာ ကြီးမင်းသုဝဏ် ခေါင်းချသွားသော သပြေညိုအိမ်ဝိုင်းလေး လည်း ရှိသည်။ ယခုတော့ ထိုနေရာတွင် ကွန်ဒိုတိုက်ကြီး တစ်လုံး ဖြစ်သွားပြီး ဖက်ရှင်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ သင်တန်းတွေနှင့် ပျားပန်းခပ်လျက်ရှိချေသည်။ လှည်းတန်း တွင် ဆရာမောင်ခင်မင်(ဓနုဖြူ)ရှိသည်။

Read more...

ဒေါ်လာဈေး အတက်ကြမ်း အကျနှေးခြင်းကို ထိန်းချုပ်ပါ

မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုကို နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် တွင် စီးပွားရေးလုပ်ငန်းရှင်ကြီး များနှင့် တွေ့ဆုံစဉ် က ပြည် သူလူထု ကို ရိုးသားစွာ ဝန်ခံပြောကြားခဲ့ပြီးဖြစ် သည်။ ယခင်က မြန် မာနိုင်ငံ၏ စီးပွားရေးကျဆင်းခြင်းသည် မြန်မာနိုင်ငံအပေါ် အမေရိ ကန်နိုင်ငံက စီးပွားရေး ဒဏ်ခတ် အရေးယူပိတ်ဆို့သည့် ဆန်ရှင်ကြောင့် ဟု လက်ညှိုးထိုး အပြစ်ဖို့နိုင်ခဲ့သည်။

Read more...
adv

adv

FacebookG+TwitterRSS