HOT NEWS
Main menu
adv

မြစ်ဆုံ ပြဿနာ တရုတ် ပုစ္ဆာ မြန်မာ အဖြေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် အရပ်သားအစိုးရသစ်လက်ထက် ပထမဦးဆုံးခရီးစဉ်ဖြစ်သည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌအနေဖြင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီးဖြစ်သည်။ ယခုချစ်ကြည်ရေးခရီးစဉ်ကို တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခေ့ချန်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား ကော်ဇောနီခင်း၍ ခမ်းနားထည်ဝါစွာကြိုဆိုခဲ့သည်။ ပေကျင်းမြို့တော် သို့ရောက် ရှိသည့် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စလီခေ့ချန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ''ကျွန်မတို့နိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ပြောင်းလဲတယ်ဆိုတာ ပိုပြီးတော့ေ ကာင်းမွန်ဖို့၊ ပိုပြီးတော့တည်မြဲဖို့၊ ပိုပြီးတော့ အပြောင်းအလဲတွေဖြစ်မယ်လို့ ကျွန်မတို့ယုံကြည် မျှော်လင့်မိပါတယ်''ဟု သံတမန်ကောင်းပီသစွာဖြင့် ပြောကြားခဲ့သည်။

Read more...

အပေါ် နှင့် အောက်

'ဘေးကျပ်နံကျပ်' ဆိုသည့်စကားကို မြန်မာအဘိဓာန်က 'မရှောင်သာ မတိမ်းသာ အောင် အခက်အခဲဝိုင်းရံလျက်'ဟု ဖော်ပြသည်။ ယခုလတ်တလော မြန်မာနိုင်ငံတွင် ဘေး ကျပ်နံကျပ်ဖြစ်နေသူ တော်တော်များများကို တွေ့နေရသည်။ အစိုးရလည်း အစိုးရအလျောက်၊ လုပ်ငန်းရှင်လည်း လုပ်ငန်းရှင်အလျောက်၊ ပြည်သူလည်း ပြည်သူအလျောက် အခက်အခဲများ ဝန်းရံနေလျက်ရှိသည်ကို တွေ့ရသည်။ ယခုလတ်တလော၌ အစိုးရသည် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ညှိနှိုင်းမှုများအား အဆောတလျင်ပြုလုပ် နေရသည်။ ညီလာခံသို့ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တက်ရောက်ခွင့်ပြုရန်အပါအဝင် အဓိကအချက်လေးချက်ကို UPDJC အစည်း အဝေးက ဆုံးဖြတ်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ နေပြည်တော်တွင်ပြု လုပ်သော ယင်းအစည်းအဝေးသို့ သြဂုတ် ၁၅ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်၍ အမှာစကားပြောခဲ့သည်။

Read more...

တကယ်လုပ် အဟုတ်ဖြစ်ရမည်

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ကျော်ခန့်ကပင် စတင်ဆွေးနွေးခဲ့ကြသည်။ သူတို့ ပြန်ကြရှာလေပြီအဆင့်နှင့်သာ ရပ်နားခဲ့ရသည်။ ငြိမ်းချမ်းရေးကား အမှန်တကယ်ရရှိခဲ့ခြင်း မရှိပေ။ ထို့အတူ တပ်မတော် အစိုးရလက်ထက်တွင် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ငြိမ်းချမ်းရေး ရယူခဲ့သလိုမျိုး မဟုတ်သဖြင့်အပေးအယူသဘောမျိုးနှင့်သာ ဆောင်ရွက်ခဲ့သဖြင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ရသည်။   

Read more...

အနာသိလျှင် ဆေးရှိဖို့လိုသည်

သွားလေရော့လဟယ် ဆိုသည့်စကားကို နိုင်ငံ့ဝန်ထမ်းများအကြား ရေပန်းစားခဲ့သည့် လဟယ်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။ နာဂလူမျိုးများ အများစု နေထိုင်ကျက်စားရာ ဒေသတစ်ခုဖြစ်သည်။ ယင်းဒေသသည် အလွန်ဝေးလံခေါင်သီသည့် ခရီးသွားလာရေး လွန်စွာခက်ခဲသော ဒေသဖြစ်သည်။ ဝန်ထမ်းအများစု ငြင်းဆန်လေ့ရှိသော ဒေသ ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများအရ အရေးယူခံရသည့်အခါ ပြောင်းရွှေ့ချထားသည့် မြို့နယ်အဖြစ် သိထား ကြသည်။

Read more...

ငြိမ်းချမ်းရေးရရင် ငါးမူးတန်းကရုပ်ရှင်ကြည့်မယ်

ရှားရှားပါးပါး နားရက်ရသော တနင်္ဂနွေတစ်ရက်တွင် မိသားစုနှင့်အတူ ရုပ်ရှင်ကြည့် ဖြစ်သည်။ ရုပ်ရှင်ရုံ၌ လက်မှတ်ဝယ်သောအခါ အရောင်းစာရေးမလေးက ဘယ်လောက် တန်းက ဝယ်မှာလဲရှင်ဟု ဆိုကာ ကွန်ပျူတာထဲမှ ထိုင်ခုံဇယားကို ဖွင့်ပြသည်။ ဒါက နှစ် ထောင်တန်း၊ ဒါက သုံးထောင့်ငါးရာတန်း၊ ဒါက လေးထောင်တန်း...အစရှိသဖြင့်...။ သည်မှာတင် အမေလုပ်သူက သုံးထောင့်ငါးရာတန်းကဝယ်မည်အလုပ် သမီးဖြစ်သူက ဘာမှမထူးပါဘူးမေမေရာ လေးထောင်တန်းကဝယ်လိုက်ပါဟု ပူဆာသည်။ တစ်ယောက် က ဒီကပဲဝယ်မယ်ဟုပြောသည်။ တစ်ယောက်က ဟိုကပဲယူလိုက်ပါဟု ဆိုပြန်သည်။ သူတို့ နှစ်ယောက် ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ဝယ်နေပုံကို ကြည့်ပြီး မိမိတစ်စုံတစ်ယောက်ကို ဖျတ် ခနဲသတိရမိသွားသည်။ ထိုသူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။

Read more...
adv

adv

FacebookG+TwitterRSS