Main menu
HOT NEWS
adv

e-Government စနစ် တကယ်အောင်မြင်ပါစေ

နိုင်ငံအတော်များများတွင် e-Government စနစ်ကို အသုံးပြုနေသည်မှာနှစ်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သည်။ e-Government စနစ်၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူလူထုအတွက် အဓိက ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ယနေ့ နိုင်ငံတကာတွင်အသုံးပြုနေသည့်e-Government စနစ် သည် အစိုးရအချင်းချင်း၊ ဝန်ကြီးဌာနအချင်းချင်း၊ဌာနအချင်းချင်း ဆက်သွယ်ရုံမျှမက ပြည်သူလူထုသည် အစိုးရနှင့်ပါ တိုက်ရိုက်ဆက် သွယ်နိုင်ရန်ဖြစ်သည်။ e-Government စနစ်ကို အသုံးပြုခြင်းသည် အချိန်ကုန် ငွေကုန်သက်သာသည့် ဆက်သွယ်ရေး စနစ်တစ်ခုဖြစ်သည်။

Read more...

ချစ်လျက်နှင့် ကွေကွင်းရသောဒုက္ခ

လှည်းတန်းသည် စွဲလမ်းစရာအသင်္ချေနှင့် ဖွဲ့စည်း ထားသော နယ်မြေလေးတစ်ခု ဖြစ်သည်။ လှည်းတန်းတွင် မြကျွန်းသာဟု တင်စားခေါ်ဝေါ်သော ရန်ကုန်တက္ကသိုလ် ရှိသည်။ ယခင်ကဆိုလျှင် (ယခုသမ္မတကြီး၏ဖခင်) ဆရာ ကြီးမင်းသုဝဏ် ခေါင်းချသွားသော သပြေညိုအိမ်ဝိုင်းလေး လည်း ရှိသည်။ ယခုတော့ ထိုနေရာတွင် ကွန်ဒိုတိုက်ကြီး တစ်လုံး ဖြစ်သွားပြီး ဖက်ရှင်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ သင်တန်းတွေနှင့် ပျားပန်းခပ်လျက်ရှိချေသည်။ လှည်းတန်း တွင် ဆရာမောင်ခင်မင်(ဓနုဖြူ)ရှိသည်။

Read more...

ဒေါ်လာဈေး အတက်ကြမ်း အကျနှေးခြင်းကို ထိန်းချုပ်ပါ

မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုကို နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် တွင် စီးပွားရေးလုပ်ငန်းရှင်ကြီး များနှင့် တွေ့ဆုံစဉ် က ပြည် သူလူထု ကို ရိုးသားစွာ ဝန်ခံပြောကြားခဲ့ပြီးဖြစ် သည်။ ယခင်က မြန် မာနိုင်ငံ၏ စီးပွားရေးကျဆင်းခြင်းသည် မြန်မာနိုင်ငံအပေါ် အမေရိ ကန်နိုင်ငံက စီးပွားရေး ဒဏ်ခတ် အရေးယူပိတ်ဆို့သည့် ဆန်ရှင်ကြောင့် ဟု လက်ညှိုးထိုး အပြစ်ဖို့နိုင်ခဲ့သည်။

Read more...

မြို့ပြဖွံ့ဖြိုးမှု အတွက် လိုအပ်ချက်တွေကို ကွက်လပ်ဖြည့်ပါ

မြို့ပြနှင့် ကျေးလက်ဒေသသည် စဉ်ဆက်မပြတ် ဆက်နွှယ်နေသည်။ မြို့ပြဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသမှ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းသာသည့် မြို့ပြဒေသ သို့ ပြောင်းရွှေ့ရောက်ရှိလာကြသည်။ ယင်းတို့ အဆင်ပြေမှုရှိသည်နှင့်အမျှ ကျေးလက်ဒေသမှ မိသားစုများ၏ လူနေမှု ဘဝသည်လည်း တိုးတက်လာသည်။

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၏ ပြယုဂ်သည် မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်ဟု သုတေသီပညာရှင် တချို့က အဆိုအမိန့်ပြုကြသည်။ မြို့ပြ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်နေလူငယ်များ မြို့ပြသို့ လာရောက်အလုပ်လုပ်ကိုင်ရာမှရရှိသည့် ပို့ငွေများကြောင့် မိသားစုများ၏ နေအိမ်အဆောက် အအုံအသစ် ပြန်လည် တည်ဆောက်လာနိုင်ကြသည်။ အသုံးအဆောင်ပစ္စည်းများမှအစ ခေတ်နှင့်အညီ သုံးစွဲလာနိုင်ကြသည်။ ထို့အတူ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးမှအစ လယ်ယာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာစေသည်။ အထူးသဖြင့် ကျေးလက်ဒေသ၏ ဆင်းရဲနွမ်းပါးမှုပြဿနာ လျော့ကျစေရန် မြို့ပြဒေသ၏ဖွံ့ဖြိုးမှုက များစွာ အထောက်အကူပြုပေသည်။

မြို့ပြသို့ ပြောင်းရွှေ့နေထိုင်သူများ၏ အဓိကရည်ရွယ်ချက်မှာ အလုပ်အကိုင်ရရှိရေးပင် ဖြစ်သည်။ ယနေ့ ကျေးလက်ဒေသတွင် နေထိုင်သည့် လူငယ်လူရွယ် များသည် ခေတ်နှင့်အညီ နည်းပညာနယ်ပယ်တွင် စီးမျောရင်း မြို့ပြဒေသများသာမက နိုင်ငံတကာနှင့်ပါ ဆက်သွယ်လာနိုင်ကြသည်။ မြို့ပြဒေသများ၏ ဖွံ့ဖြိုးတိုး တက်မှုကြောင့် ကျေးလက်ဒေသထွက်ကုန်များ ဝယ်လိုအား၊ ရောင်းလိုအား မြင့်တက်လာသည်။ ယင်းအတွက် ကျေးလက်ဒေသရှိ ပြည်သူ အများအတွက် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် များစွာ အထောက်အကူပြုရာ ရောက်ပေသည်။

ယင်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန် လိုအပ် လာပြီဖြစ်သည်။ ယခင် မြို့ပြစီမံကိန်းများ တွင် မြို့နယ်အလိုက် ပန်းခြံများ၊ ဘောလုံးကွင်းများ၊ ကလေးကစားကွင်းများ ရှိခဲ့သော်လည်း ယခုအခါ အများပိုင်မှ ခရိုနီပိုင် အဆောက်အအုံများအဖြစ် ပြောင်းလဲ သွားသည့် ပြဿနာများလည်း ရှိသည်။

ယင်းအတွက် ဆက်လက်တိုးပွားလာမည့် မြို့ပြစီမံကိန်းတွင် မဖြစ်မနေ ပါဝင်ရမည့် ပန်းခြံများ၊ ဘောလုံးကွင်းများနှင့် ကလေးကစားကွင်းများ မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်ပြီး လက်ရှိ ရှိနေသော ပြည်သူလူထု အပန်းဖြေရာနေရာများကို အစဉ်အလာမပျက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူ မြို့ပြဒေသများသည် လူဦးရေထူထပ်များပြားသဖြင့် ပြည်သူလူထုမှာ စိတ်မွန်းကျပ်မှုဒဏ်ကို ခံစားနေကြရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြ ဒေသဖွံ့ဖြိုးမှုအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ရေသန့်ရှင်းမှု၊ ရေဆိုးမြောင်းများ၊ မိလ္လာသန့်ရှင်းမှုစနစ်တို့အပြင် ပြည်သူလူထု အပန်းဖြေရာပန်းခြံများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ချက်မှာ ကွက်လပ်တစ်ခုသဖွယ် ဖြစ်နေသည်ကို အထူးသတိပြုရန်လိုအပ်ကြောင်း တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ(Flower News Journal)

Read more...

ဆေးဝါးအတုအန္တရာယ် ကြိုတင်ကာကွယ်ကြပါစို့

မြန်မာနိုင်ငံသူနိုင်ငံသား အများစုသည် ဆေးရုံဆေးခန်းများတွင်ပြသရန် အလွန်ဝန်လေးကြသည်။ အလိုလိုနေရင်း ကြောက်ရွံ့နေကြသည်။ ကျေးလက်နေ တောင်သူလယ်ယာဦးကြီးအများစု မှာ ဆေးရုံ၊ ဆေးခန်းများ တွင် ပြသခြင်းမရှိဘဲ သေဆုံးကြရသည်။ ထို့အတူ မြို့နေလူတန်းစား အချို့လည်း နားလည်တတ်ကျွမ်းသည့် ဆရာဝန်၊ ဆရာမများနှင့် ပြသလေ့မရှိဘဲ ဆေးဆိုင်၊ ကွမ်းယာဆိုင်များမှ စပ်ဆေးများဖြင့် ရောဂါဝေဒနာ များကို ကုသနေကြသည်က များသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616