Main menu
HOT NEWS
adv

လူမှာကတိ မင်းမှာသစ္စာ(အယ်ဒီတာ့အာဘော်)

မစ္စတာကိုဖီအာနန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်ပေးချက်အရ အထူးကိုယ်စားလှယ်တာဝန်ဖြင့် ၁၉၉၄ခုနှစ် မတ်လတွင် စတင်၍ ယူဂိုဆလားဗီးယား ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများကို အောင်မြင်စွာ ဖြေ ရှင်းနိုင်ခဲ့ပြီးနောက် ၁၉၉၇ ခုနှစ် မှ ၂ဝဝ၆ ခုနှစ်အထိ ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်များကို တာဝန် ထမ်း ဆောင်ခဲ့သူဖြစ်သည်။

Read more...

လမ်းစဉ်နှင့် ပဋိပက္ခ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်သည်။ အဆိုပါညီလာခံကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် က ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။ ၂၁ ရာစုပင်လုံညီလာခံသို့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အနိုင်ရပါတီများ၊ အနိုင်မရသည့်ပါတီကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ သံတမန်များအား ဖိတ်ကြားမည်ဟု ကနဦးသတင်းများ အရ သိရသည်။ အထူးဧည့်သည်တော်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်မည်ဟု ဆိုသည်။
 
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့၏ တိုက်ပွဲများကြောင့် တပ်မတော် သားများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပါအဝင် တိုင်းရင်းသားပြည်သူများ၏ အသက်သွေးချွေးများစွာကို ပေးဆပ်ခဲ့ရပြီး ဖြစ်သည်။ လက်နက်တိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများမှာလည်း ဒုနှင့်ဒေး ရှိသည်။ ယင်းတို့မှာ ဆင်းရဲဒုက္ခများစွာ ခါးစည်းခံရင်း မိကွဲဖကွဲနှင့် လူမှုဒုက္ခများကို ခံစားနေကြရသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
 
နယ်စပ်ဒေသရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ၂၁ ရာစုပင်လုံညီလာခံကြီး အောင်မြင်စေကြောင်း ဆုတောင်းနေကြသကဲ့သို့ ပြည်သူပြည်သားအပေါင်းတို့ကလည်း ကြိုဆိုထောက်ခံပွဲများ ကျင်းပ၍ ဆုတောင်းထောမနာပြုလျက် ရှိကြပေသည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမတိုင်မီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်(UPDJC)ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ရေးမူကို ချမှတ်ထားသည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်တက်ရောက်မည်ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNCF), JUDPN အဖွဲ့ ခုနစ်ဖွဲ့ 'ဝ'(UWSA)နှင့် မိုင်းလားအဖွဲ့များလည်း တက်ရောက်မည်ဖြစ်သည်။ နာဂလက်နက်ကိုင်အဖွဲ့အစည်းမှ လေ့လာသူအဖြစ် တက်ရောက် မည်ဖြစ်သည်။
 
သို့သော် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ (MNTJP/ MNDAA)နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တို့မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ တောင်း ဆိုထားသည့် ''လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်၊ ချုပ်ငြိမ်းလိုသည့်ဆန္ဒ အပြည့်အဝရှိပါသည်''တောင်းဆိုချက်အား ယင်း မဟာမိတ်သုံးဖွဲ့မှ လက်နက်ပဋိပက္ခကို အပြီးတိုင်ချုပ်ငြိမ်းရန် ဆန္ဒရှိပါသည်ဆိုသည့် ထုတ်ပြန်ချက်ကိုသာ ထုတ်ပြန်ပေးနိုင်မည်ဟု ဆိုသည်။ ယင်းအချက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ လက်နက်ကိုင်လမ်းစဉ်နှင့် ပဋိပက္ခစကားရပ် ကွဲလွဲမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးမှာ မရေရာမသေချာဖြစ်နေသည်။ ယင်းအတွက် လမ်းစဉ်နှင့် ပဋိပက္ခစကားရပ်အား ပြေလည်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။
 
အယ်ဒီတာ
Read more...

တန်ဖိုးများကို ပြန်လည်ဖော်ထုတ်ခြင်း

သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့်မြေငလျင်သည် မြန်မာ့အသည်းနှလုံးကို ချေမွှပစ်ခဲ့သည်ကို တွေ့ရသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအထွတ်အထိပ်နေရာဖြစ်သောပုဂံအား အကြီးအကျယ် ထိ ခိုက်ပျက်စီးစေခဲ့သည်ကို တွေ့ရသည်။ ပျက်စီးသွားခဲ့သည့် စေတီပုထိုးများကို သီတဂူဆရာတော်ကြီး လှည့်လည်ကြည့်ရှုဖူးမြော်ပြီး ပြုပြင်မွမ်းမံရန် ကျပ်သိန်းတစ်ရာလှူဒါန်းခဲ့သည်။ နိုင်ငံတော် သမ္မတ ဦးထင်ကျော် ယနေ့(သြဂုတ်၂၅ရက်)တွင် ပုဂံသို့သွားရောက်ခဲ့သည်။ သနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး သူရဦးအောင်ကိုလည်း ပုဂံသို့သွားသည့် သတင်းတွေ့ရသည်။ ယူနက်စကိုအဖွဲ့လည်း သွားသည်ဟု သိရသည်။

Read more...

မြစ်ဆုံ ပြဿနာ တရုတ် ပုစ္ဆာ မြန်မာ အဖြေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် အရပ်သားအစိုးရသစ်လက်ထက် ပထမဦးဆုံးခရီးစဉ်ဖြစ်သည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌအနေဖြင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီးဖြစ်သည်။ ယခုချစ်ကြည်ရေးခရီးစဉ်ကို တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခေ့ချန်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား ကော်ဇောနီခင်း၍ ခမ်းနားထည်ဝါစွာကြိုဆိုခဲ့သည်။ ပေကျင်းမြို့တော် သို့ရောက် ရှိသည့် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စလီခေ့ချန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ''ကျွန်မတို့နိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ပြောင်းလဲတယ်ဆိုတာ ပိုပြီးတော့ေ ကာင်းမွန်ဖို့၊ ပိုပြီးတော့တည်မြဲဖို့၊ ပိုပြီးတော့ အပြောင်းအလဲတွေဖြစ်မယ်လို့ ကျွန်မတို့ယုံကြည် မျှော်လင့်မိပါတယ်''ဟု သံတမန်ကောင်းပီသစွာဖြင့် ပြောကြားခဲ့သည်။

Read more...

အပေါ် နှင့် အောက်

'ဘေးကျပ်နံကျပ်' ဆိုသည့်စကားကို မြန်မာအဘိဓာန်က 'မရှောင်သာ မတိမ်းသာ အောင် အခက်အခဲဝိုင်းရံလျက်'ဟု ဖော်ပြသည်။ ယခုလတ်တလော မြန်မာနိုင်ငံတွင် ဘေး ကျပ်နံကျပ်ဖြစ်နေသူ တော်တော်များများကို တွေ့နေရသည်။ အစိုးရလည်း အစိုးရအလျောက်၊ လုပ်ငန်းရှင်လည်း လုပ်ငန်းရှင်အလျောက်၊ ပြည်သူလည်း ပြည်သူအလျောက် အခက်အခဲများ ဝန်းရံနေလျက်ရှိသည်ကို တွေ့ရသည်။ ယခုလတ်တလော၌ အစိုးရသည် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ညှိနှိုင်းမှုများအား အဆောတလျင်ပြုလုပ် နေရသည်။ ညီလာခံသို့ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တက်ရောက်ခွင့်ပြုရန်အပါအဝင် အဓိကအချက်လေးချက်ကို UPDJC အစည်း အဝေးက ဆုံးဖြတ်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ နေပြည်တော်တွင်ပြု လုပ်သော ယင်းအစည်းအဝေးသို့ သြဂုတ် ၁၅ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်၍ အမှာစကားပြောခဲ့သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616