HOT NEWS
Main menu
adv

ပွဲမပြီး မီးမသေ

မြန်မာ့နိုင်ငံရေးမျက်နှာစာတွင် ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးကိစ္စက တစ်ကျော့ပြန် လှုပ်ခတ်လာသည်။ ပွဲမပြီး မီးမသေ ဖြစ်နေသေးသော ရခိုင်အရေးပြဿနာကို ဒီဇင်ဘာလ ၄ ရက်က မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်ကိုယ်တိုင် ဦးဆောင်ပါဝင်သည့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ နှိမ်နင်းခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်း၊ မြန်မာနိုင်ငံတော်အလံကို မီးရှို့ခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံကို မီးရှို့ခြင်းစသည့် လုပ် ရပ်များက မီးမွှေးပေးသကဲ့သို့ ဖြစ်ခဲ့သည်။ ယင်းကဲ့သို့ ပြုမူမှုများသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ရခိုင်ခရီးစဉ်သို့ လာရောက်သည့်အခိုက် အချိန်ကိုက် လုပ်ဆောင်လိုက်ခြင်းလည်းဖြစ်သည်။

Read more...

ငြိမ်းချမ်းရေး လိုချင်က အပစ်အခတ် ချက်ချင်းရပ်

မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းဂိတ်သို့ ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟုခေါ်သည့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြစ် မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတိုင်းရင်းသားများမှာ စစ်ဘေးလွတ်ရာ သို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။ စစ်ဘေးရှောင်စခန်းများသို့ ထွက် ပြေးခိုလှုံခဲ့ကြရသည်။ ယခုစစ်ပွဲသည် မဟာမိတ်အဖွဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ပူးပေါင်း၍ နယ်မြေခံရဲစခန်းများ၊ တပ်မတော် စခန်းများသာမက ဒေသခံမြိုရွာများကိုပါ ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရသည်။ မန္တလေး၊လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမတစ်လျှောက် မော်တော်ယာဉ်များဖြင့် တရုတ်နိုင်ငံနှင့် ကူးသန်းရောင်းဝယ် သွားလာနေသည့် မော်တော်ယာဉ်များကို ဆက်ကြေးကောက် ခြင်းနှင့် အပြစ်မဲ့ပြည်သူတို့အား သတ်ဖြတ်ခဲ့ကြ သည်။

Read more...

တိုက်ပွဲ ၊ သတင်းနှင့် လက်များ

နိုဝင်ဘာ ၂ဝ ရက် နံနက် ၂ နာရီခန့်က မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းများကို KIA, TNLA, MNDDA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့သည်ဆိုသော သတင်းဆိုးကို မကြားချင်၊ မသိချင်သော်လည်း ကြားသိခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူရှစ်ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းထုတ် ပြန်မှုများအရ သိရသည်။

Read more...

မြန်မာ့ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း တိုးတက်အောင် ကြိုးစားကြပါစို့

မြန်မာနိုင်ငံ၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းသည် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း အလွန်တိုးတက်ကောင်းမွန် လာသည့် အနေအထားတွင်ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ အလုပ်အကိုင်နေရာပေါင်း ၃၃၈၅ဝဝ အထိရှာဖွေပေးနိုင်ခဲ့ပြီး ဘဏ္ဍာရေးနှစ်၏ ဂျီဒီပီ ၁ဒသမ၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် ဘဏ္ဍာရေးနှစ်၏ ဂျီဒီပီ ၁ဝ ရာခိုင်နှုန်းတိုးတက်စေရန် မျှော်မှန်းသကဲ့သို့ အလုပ်အကိုင်နေရာပေါင်း ၆၇၁ဝဝဝ ဖန်တီးပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်ခဲ့ရာ အောင်မြင်သည်ဟု ဆိုနိုင်သည်။

Read more...

သေနတ်တစ်လက် ၊ ကြိုးတစ်ချောင်းနှင့်လက်သန်းများ၏ရာဇဝင်

ရှားရှားပါးပါး တန်ဆောင်မုန်းလပြည့်နေ့က တနင်္လာနေ့နှင့်ကြုံသဖြင့် တနင်္ဂနွေ၊ တနင်္လာ ရုံးပိတ်ရက် နှစ်ရက် ဖြစ်သွားသည်။ တနင်္ဂနွေနေ့ကတော့ ဝယ်ထားပြီး မဖတ်ဖြစ်ခဲ့သော ကြည်ဝင်းစိန်၏ ''ကျွန်တော်နှင့်ဗိုလ်ချုပ်များ''ဆိုသည့် စာအုပ်ကို ဖတ်ဖြစ်ခဲ့ သည်။ အမှန်က စာရေးသူ ကြည်ဝင်းစိန်သည် ထိုစာအုပ်ကို ME AND THE GENERALS ဟူ၍ တစ်အုပ်လုံး အစအဆုံး အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး မာလိန်မှူး တင် ထူးစိန်က မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။

Read more...
adv

adv

FacebookG+TwitterRSS