Main menu
HOT NEWS
adv

ကောင်းမွေ ဆိုးမွေ

ကနဦးသတင်းက မန္တလေးမြို့ပေါ်တွင် ကားမှန်တွေ အသားလွတ်ရိုက်ခွဲခံနေရသည့်သတင်း ဖြစ်သည်။ ၂ဝ၁၆ ခုနှစ် မေလနှင့် ဇွန်လအတွင်း မန္တလေးမြို့ပေါ်၌ လမ်းဘေးတွင်ရပ်ထားသော အောင်မြေသာစံ မြို့နယ် အတွင်းရှိ ကား ၁၅ စီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း နှစ်စီး၊ မဟာအောင်မြေမြို့နယ်အတွင်း တစ်စီး၊ စုစုပေါင်း ကား ၁၈ စီးတို့၏ ကားမှန်များ ထုခွဲခံခဲ့ရသည်။

Read more...

ထိုင်ခုံပြဿနာ

ခုတစ်ပတ်ထုတ်သတင်းစာနှင့် ဂျာနယ်များတွင် နိုင်ငံ တော်သမ္မတ ဦးထင်ကျော်၏ ထိုင်ခုံကိစ္စက မျက်နှာဖုံးသတင်း၊ ခေါင်းကြီးသတင်းများ ဖြစ်ခဲ့သည်။ ဦးထင်ကျော်သည် သမ္မတအဖြစ်တာဝန်ယူပြီးနောက် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက ပြုလုပ်သည့် အခမ်းအနားတစ်ခုဖြစ်သည့် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပထမဆုံးအကြိမ်အဖြစ် ဇွန် ၅ ရက် နံနက်က တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ၄င်းအတွက် ထိုင်ခုံအား အခမ်းအနားတက်ရောက်သူများ၏ ရှေ့ဆုံးတွင် သီးသန့်ပြင်ဆင် နေရာပေးထားခဲ့သည်။

Read more...

တက္ကသိုလ်ဝင်ခွင့် ဘာသာရပ်များ ရွေးချယ်မှုပြုရာဝယ်

၂ဝ၁၅-၂ဝ၁၆ပညာရေးနှစ်က ဖြေဆိုထားကြသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ယခုဇွန်လအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ အရပ်ခေါ် ဆယ်တန်းအောင်မြင်သူများ ပေါ်ထွက်လာကြပေတော့ မည်။ ထိုသူများသည် တက္ကသိုလ်ဝင်ခွင့်များကို ရွေးချယ်လျှောက်ထား၍ တက္ကသိုလ်ပညာရေးကို ဆက်လက်ဆည်းပူးကြရပေမည်။ ဒီနေရာတွင် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးနှင့်ပတ်သက်၍ အလေးအနက်ထားရန် လိုလာသည့်ကိစ္စတစ်ခုကို ကျောင်း သားများရော၊ မိဘများပါ သတိပြုမိစေချင်ပါသည်။

Read more...

သားရွှေအိုးထမ်းလာမည့် မြင်ကွင်း

ဇာတ်တော်ကြီးဆယ်ဘွဲ့မှ သုဝဏ္ဏသာမဇာတ်တော်ကို ဖတ်ဖူးသည်။ ဇာတ်တော်ထဲတွင် မျက်မမြင် ဒုကုလနှင့် ပါရိက မိဘနှစ်ပါးကို အလုပ်အကျွေးပြုနေသော သားတော်သုဝဏ္ဏသာမသည် တစ်နေ့တွင် သမင်အပေါင်းခြံရံလျက် ရေခပ်ဆင်းလာစဉ် အမဲလိုက်ရန်ထွက်လာသော ဗာရာဏသီပြည့်ရှင် ပီဠိယက္ခမင်းက မြားဖြင့်ပစ်သဖြင့် သဲသောင်ခုံပေါ်တွင်မြား ဒဏ်ရာဖြင့် လဲကျသည်။ ဗာရာဏသီပြည့်ရှင်က မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးနေသူဖြစ်ကြောင်းသိသောအခါ သုဝဏ္ဏသာမကိုယ်စား ¤င်း၏မိဘနှစ်ပါးကိုပြုစုရန် ဆုံးဖြတ်သည်။ သို့သော် မိဘနှစ်ပါးက လက်မခံဘဲ သားတော်သုဝဏ္ဏသာမရှိရာသို့သာ အပို့ခိုင်းရာ သားတော်မှာအသက်မသေ သေးကြောင်း စမ်းသပ်တွေ့ရှိသည်။ ဗဟုသုန္ဒရီနတ်သမီးက သုဝဏ္ဏသာမမှာ မိဘကျေးဇူးပြုနေသူဖြစ်သောကြောင့် မြားဆိပ်များလျော့ကျပြီး အသက်ပြန်ရှင်ရန် သစ္စာဓိဋ္ဌာန်ပြုသောအခါ သုဝဏ္ဏသာမ ပြန်လည်အသက်ရှင်လာသည်။ သိကြားမင်းကပါ ဆုပေးသဖြင့် ဒုကုလနှင့် ပါရိကတို့ပါ မျက်စိအလင်း ပြန်ရခဲ့သည်။

Read more...

သမ္မတ လွန်ဆွဲပွဲ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁ဝ နာရီတွင် လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ် တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ပြီး ပြည်ထောင် စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စ ကား ပြောကြားခဲ့သည်။ အလားတူ နိုင်ငံတော် သမ္မတက ပေး ပို့သော သဝဏ်လွှာကိုလည်း လွှတ်တော်နာယက,က လွှတ် တော်တွင် ဖတ်ကြားတင်ပြခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191