Main menu
HOT NEWS
adv

ဂျွန်နီဒက်ဖ်၏ ပဉ္စမမြောက် ဂျက်စပဲရိုး ရုပ်ရှင် ဝင်ငွေ အကောင်းဆုံးဖြစ်နေ

လော့စ်အိန်ဂျလိစ်၊ မေ ၂၉

ဒစ်စနေးရုပ်ရှင်ထုတ်လုပ်ရေး၏ Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားသည် အမေရိကန်ပြည်တွင်းတွင် ရုံဝင်ခအများဆုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း မေ ၂၉ ရက် ရိုက်တာသတင်းကဆိုသည်။ ထိုဇာတ်ကားသည် မင်းသားဂျွန်နီ ဒက်ဖ်အတွက် ဂျက်စပဲရိုးအနေဖြင့် ပဉ္စမအကြိမ်မြောက် ပါဝင်သရုပ် ဆောင်ထားခြင်းဖြစ်သည်။

Read more...

'ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ဇာတ်ညွှန်းတွေပဲ ရေးသားဖြစ်နေတယ်'ဆိုတဲ့ - စာရေးဆရာမ ရွှေရေးထင်ထင်

ရုပ်ရှင်ဇာတ်ကားကြီးများရိုက်ကူးရန်အတွက် ကမ်းလှမ်းမှုများရှိနေသော်လည်း ဇာတ်လမ်းတွဲဇာတ်ညွှန်းရေးသားခြင်းကို ဦးစားပေးလုပ်ကိုင်ဖြစ်နေတယ်ဟု စာရေးဆရာမ ရွှေရေးထင်ထင်က ပြောပြခဲ့ပါတယ် - ''ဒီကာလထဲမှာပဲ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းလာကြပါတယ်။ ဒါပေမဲ့ ရွှေရေးက ဇာတ်ညွှန်းကို လက်ခံထားပြီးသားဖြစ်နေတဲ့အတွက် ဇာတ်ညွှန်းဖန်တီးနေတဲ့အချိန်မှာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ဖို့က ခဲယဉ်းတဲ့ ဇာတ်လမ်းတွဲနဲ့ ဇာတ်ညွှန်းရေးတာက အချိန်အရမ်းပေးရတယ်။ အဲဒါကြောင့် ဇာတ်လမ်းတွဲဇာတ်ညွှန်းရေးနေတဲ့အချိန်မှာတော့ တခြား အလုပ်တွေကို လက်ခံပြီးတော့မလုပ်ဖြစ်ဘဲ ဇာတ်ညွှန်းရေးသားမှုကိုပဲ ဦးစားပေးပြီးတော့လုပ်ဖြစ်တယ်။ ပြီးတော့မှပဲ တခြားအလုပ် တွေကို လက်ခံဖြစ်မယ်''ဟု ပြောပြခဲ့ပါတယ်။

Read more...

ရဲတိုက်နဲ့အတူတူ အနုပညာအလုပ်တွေ တွဲလုပ်ချင်တယ်ဆိုတဲ့ ဆာတိုရီရဲ့ ဒုတိယ စင်တင်မင်းသား ဒေါင်း

ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး ၏ ဒုတိယမြောက်စင်တင်မင်းသား တစ်ဦးဖြစ်သည့် သရုပ်ဆောင်ဒေါင်း ၏ အနုပညာလှုပ်ရှားမှုများနှင့်ပတ် သက်၍ အခုလိုပဲတွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါသည်။

 

မေး - အနုပညာလှုပ်ရှားမှုအနေနဲ့ လတ်တလော ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ - အခုလောလောဆယ်တော့ ရုပ်ရှင်ဇာတ်ကား နောက်ထပ်တစ် ကားရိုက်ဖို့အတွက် ကြိုတင်ပြင်ဆင် နေပါတယ်။ နောက်ပြီးတော့ ကြော်ငြာ တွေ ဓာတ်ပုံတွေရိုက်ဖြစ်နေပါတယ်။

Read more...

'ဗီလိန် လုပ်ချင်တယ်။ လူဆိုး လုပ်ချင်တယ်' သရုပ်ဆောင်/ MC ကျော်ထက်အောင်

Myanmar Idol သီချင်းဆိုပြိုင်ပွဲတွင် MC တစ်ယောက်အဖြစ် ဆောင် ရွက်ရာမှ ပရိသတ်အားပေးမှုများစွာရရှိခဲ့ပြီး သရုပ်ဆောင်နယ်ပယ်သို့ ခြေချလာခဲ့တဲ့ သရုပ်ဆောင်/ MC ကျော်ထက်အောင်နှင့် ခဏတာတွေ့ ဆုံခိုက်.....။

 

မေး-လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ ပြောပြ ပေးပါဦး။

ဖြေ-အခုလောလောဆယ်တော့ ကျွန်တော် ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ဖြစ်နေပါတယ်။ ကျောက်ပန်းတောင်းသွားပြီး တော့ ပညာပေးဇာတ်ကားတစ်ကားသွားရိုက်ဖို့ရှိပါတယ်။

Read more...

စာရေးဆရာမ ကြည်အေးရဲ့ 'မီ' ဝတ္ထုကို ဇာတ်ကားအဖြစ် ပြန်လည် ပုံဖော်ဖို့အတွက် ပြင်ဆင်နေတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

ဒါရိုက်တာဝိုင်း ရိုက်ကူးပုံဖော်ထားသော ''နေဝင်အိပ်တန်းတက်'' ရုပ်ရှင်ဇာတ်ကားကြီးတွင် မေကြာဖြူနေရာက ပါဝင်သရုပ်ဆောင်ထားသော သရုပ်ဆောင်ပိုင်ဖြိုးသုက သူမပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကြောင့် ပရိသတ်တွေမုန်းသွားမှာကိုကြောက်တယ်လို့ဆိုပါတယ်။ ''နေဝင်အိပ်တန်းတက်ဇာတ်ကားထဲက ကာရိုက်တာက သုသုတစ်ခါမှမလုပ်ဖူးတဲ့ ကာရိုက်တာလည်းဖြစ်တယ်။ နောက်အခက် အခဲတွေလည်းရှိပါတယ်။ ကိုပြေတီဦးနဲ့ ကိုဝိုင်းနဲ့က သေချာသင်ပြပေး ပါတယ်။ နောက် ဒီကာရိုက်တာက ပရိသတ်တွေမုန်းမှာလည်းကြောက် ပါတယ်''လို့ပြောပါတယ်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616