Main menu
HOT NEWS
adv
ကျပ် ၅ဝဝ တန် ထမင်း၊ ဟင်းများကို ရောင်းချပေးမည့် ရွှေအာဟာရ စားဖွယ်စုံ ဆိုင်ခွဲသစ် အရှေ့မြင်းပြိုင်လမ်းတွင် ထပ်မံ ဖွင့်လှစ်

ကျပ် ၅ဝဝ တန် ထမင်း၊ ဟင်းများကို ရောင်းချပေးမည့် ရွှေအာဟာရ စားဖွယ်စုံ ဆိုင်ခွဲသစ် အရှေ့မြင်းပြိုင်လမ်းတွင် ထပ်မံ ဖွင့်လှစ်

ရန်ကုန်


စားဝတ်နေရေးကြပ်တည်း နေသည်ကိုဖြေရှင်းပေးရန် ရည်ရွယ်၍ ကျပ် ၅ဝဝ တန်ထမင်း ၊ဟင်းများကိုရောင်းချပေးမည့် ရွှေအာဟာရ စားဖွယ်စုံဆိုင်ခွဲသစ်ကို တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်လမ်းတွင် ထပ်မံဖွင့်လှစ်ကြောင်းသိရသည်။ အဆိုပါဆိုင်သည် ဒုတိယ မြောက်ဆိုင်ဖြစ်ပြီး ကိုစိုးလှိုင် ဦးနှင့်သရုပ်ဆောင်မရတနာခင် မိသားစုတို့မှ ဖွင့်လှစ်ခြင်း ဖြစ်သည်။


''ဒီဆိုင်ကတော့ ဒုတိယ မြောက်ဆိုင်ပါ။ ပထမဆိုင်က ဗျိုးရေအိုးစင်လမ်းမှာပါ။ အစ်မတို့လင်မယားနှစ် ယောက်ကတော့အခြေခံလူ တန်းစားတွေအဆင်ပြေအောင် ပေါ့နော်။ စားဝတ်နေရေးကြပ်တည်းလို့ရှိရင် အစ်မတို့လူမျိုးတွေ တဖြည်းဖြည်းနဲ့ ကြပ်တည်းတော့ ထွက်ပေါက်အနေနဲ့လူသတ်မှု တွေ၊ လုယက်မှုတွေ၊ ဒုစရိုက်မှုတွေဖြစ်လာတယ်လေ။ အဓိကကစားဝတ် နေရေးမကြပ်တည်းအောင် အစ်မတို့လုပ်ပေးချင်တယ်။ ကိုယ့်နိုင်ငံဆင်းရဲနေတာကို မကြည့်ရက်ဘူး။ သူတို့တွေ အဆင်ပြေပြေလေးမြင်ချင်တယ်''ဟုသရုပ်ဆောင်ရတနာခင်ကပြောသည်။  ရွှေအာဟာရစားဖွယ်စုံဆိုင်တွင် အသားဟင်းတစ်မျိုး၊ အရွက်ကြော်၊ထမင်း၊ ငပိရည် ၊တို့စရာကိုကျပ်၅ဝဝဖြင့် စားသုံးနိုင်ပြီးထမင်း၊ဟင်းများကိုလည်းပါဆယ်ဝယ်ယူစားသုံးနိုင်ကြောင်းသိရသည်။


''အစ်မတို့လိုအပ်ချက်က ပွဲအရေအတွက်များများရောင်းရမှဒီလိုမျိုးဖွင့်နိုင်မှာပေါ့နော်။ ဆိုင်ခတွေစရိတ်တွေအများ ကြီးကုန်ပါတယ်။ ရောင်းရတဲ့ ငွေကဘယ်လောက်မှမကျန်ပါဘူး။ များများရောင်းရမှ ပွဲအရေအတွက် များများရောင်းရမှ အစ်မတို့လည်းရေရှည် ရပ်တည်နိုင်မှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။ အသစ်ဖွင့် လှစ်လိုက်သည့် ရွှေအာဟာရ စားဖွယ်စုံဆိုင်ခွဲသစ်ဖွင့်ပွဲကို ဧပြီ ၅ ရက်တွင် အမှတ်၂၆၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊၁၆၆လမ်းထိပ်၊ တာမွေမြို့နယ်တွင်ဖွင့်လှစ်ခဲ့ပြီး နောက်ထပ်ဆိုင်ခွဲများကိုဆက်လက်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းသိရသည်။

သူသူထက်လွင်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616