Main menu
HOT NEWS
adv
အဆိုတော် Psy  က ‘SUMMER SWAG’  အမည်ရှိ ဖျော်ဖြေပွဲ မကြာမီကျင်းပမည်

အဆိုတော် Psy က ‘SUMMER SWAG’ အမည်ရှိ ဖျော်ဖြေပွဲ မကြာမီကျင်းပမည်

ဆိုးလ်၊ ဇွန် ၁၇

Psy ဟု လူသိများသော အဆိုတော်ပတ်ဂျယ်ဆန်သည် ၂ဝ၁၁ခုနှစ် နှင့် ၂ဝ၁၂ခုနှစ်တို့တွင် "SUMMER SWAG" အမည်ဖြင့် ဂီတပွဲတော်များကိုကျင်းပခဲ့သည်။ မကြာသေးမီကပင် အလားတူဖျော်ဖြေပွဲများကို တောင်ကိုရီးယားတွင် ကျင်းပတော့မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ချိန်တွင် ၎င်း၏ပရိသတ်များက အံ့သြဝမ်းမြောက်ခဲ့ကြသည်။ "2017 Psy's SUMMER SWAG"  အမည်ရှိ နွေရာသီဖျော်ဖြေပွဲများကို ဇူလိုင် ၂၉ရက်တွင် ဘူဆန်ကမ္ဘာ့ဖလား အားကစားကွင်း၌လည်းကောင်း၊ သြဂုတ် ၄ရက်မှ ၅ရက်အထိ ဆိုးလ်အားကစား Complex ၌လည်း ကောင်းကျင်းပမည်ဟု YG အင်တာ တိန်းမန့်က အတည်ပြုသည်။


ပြီးခဲ့သည့် မေ၁ဝရက်တွင် PSY က ၎င်း၏ အဋ္ဌမမြောက်စတူဒီယို အယ်လ်ဘမ်ဖြစ်သည့် "4X2=8" ကို ဖြန့်ချိခဲ့သည်။ ယင်းအယ်လ်ဘမ်အတွက် ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ၂ဝ၁၈ခုနှစ်မတိုင်မီ နွေရာသီဖျော်ဖြေပွဲတစ်ခုကို ကျင်းပ ပေးမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ ၎င်းက ''တော်တော်ကြာကြာ လေးအနားယူခဲ့အပြီးမှာ နွေရာသီ ဖျော်ဖြေပွဲတစ်ခုကိုလုပ်ပေးဖို့ ကျွန် တော်စီစဉ်ထားပါတယ်။ ရေဖျန်းတဲ့ ပွဲတော်တစ်ခုရောက်တဲ့အချိန်လို့ စဉ်းစားထားကြပါ''ဟု ပြောကြားခဲ့သည်။

]
၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ၎င်း၏ သတ္တမမြောက်စတူဒီယို အယ်လ်ဘမ်ဖြစ်သော "Chiljip Psyda" ကို ဖြန့်ချိခဲ့ပြီးနောက် တစ်နှစ်ခွဲခန့်အကြာတွင် အခွေသစ်ထပ်မံထုတ်ခဲ့ခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်တွင် "Psy 6 (Six Rules), Part 1" အမည်ရှိ ဆဋ္ဌမမြောက်အယ်လ်ဘမ်ကိုဖြန့်ချိ ခဲ့ရာတွင် အယ်လ်ဘမ်တွင်ပါရှိ သော "Gangnam Style"  သီချင်း ဖြင့် ကမ္ဘာကျော်အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

 

Ref: koreaportal

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616