Main menu
HOT NEWS
adv
တွစ်တာမှာ Follower  သန်း ၁ဝဝ ပြည့်သွားခဲ့တဲ့ ကယ်တီပယ်ရီ

တွစ်တာမှာ Follower သန်း ၁ဝဝ ပြည့်သွားခဲ့တဲ့ ကယ်တီပယ်ရီ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၇

ကမ္ဘာကျော်အဆိုတော် ကယ်တီပယ်ရီသည် ၎င်း၏ ပဉ္စမမြောက်စတူဒီယိုအယ်လ်ဘမ်ဖြစ်သည့် "Witness" ကိုဖြန့်ချိခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တွစ်တာ၌ Follower အရေအတွက် သန်း ၁ဝဝ ပြည့်ခဲ့သည့်ပထမဆုံးလူပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်းသိရသည်။ အဆိုပါ လူမှုကွန်ရက်မီဒီယာကုမ္ပဏီက ယင်းကဲ့သို့ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ ဂုဏ်ပြုဗီဒီယိုတစ်ခုကိုတင်ခဲ့သည်။


ကယ်တီပယ်ရီသည် ၂ဝဝ၉ခုနှစ် ဖေဖော်ဝါရီလတွင် တွစ်တာကိုစတင်သုံးခွဲခဲ့ပြီး ယခုအချိန်အထိ သတင်းစကား ရှစ်ထောင်ကျော်ကို မျှဝေခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၅ခုနှစ် Super Bowl  ဖျော်ဖြေမှုမှ စတင်ကာ ယခုနောက်ဆုံး "Witness" အယ်လ်ဘမ်ဖြန့်ဝေချိန်အထိ Follower ဦးရေတစ်ဟုန် ထိုးမြင့်တက် လာခြင်းလည်းဖြစ် သည်။ တွစ်တာတွင် Follower  အရေအတွက် အများဆုံးပုဂ္ဂိုလ် စာရင်းတွင် ကယ်တီပယ်ရီ၏နောက်၌ ဂျက်စတင်ဘီဘာက Follower အရေအတွက် ၉၆ဒသမ၇သန်းဖြင့်လည်းကောင်း၊ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားက ၉ဝဒသမ၈သန်းဖြင့်လည်းကောင်း၊ တေလာဆွစ်ဖ်က ၈၅ ဒသမ၁သန်းဖြင့်လည်းကောင်း၊ ရီဟားနားက ၇၄ဒသမ၁သန်းဖြင့်လည်းကောင်း အသီးသီးရပ်တည်နေသည်။


ကယ်တီပယ်ရီသည် တွစ်တာတွင် ယင်းကဲ့သို့ မှတ်တိုင်သစ်စိုက်ထူနိုင်ရုံသာမက ပြီးခဲ့သည့်မေလတွင် "Bon Appetit" ဂီတဗီဒီယိုကိုတင်ခဲ့ရာတွင် ၂၄နာရီအတွင်း ကြည့်ရှုသူ ၁၆ ဒသမ၈သန်းကျော်အထိ ရောက်ရှိခဲ့ပြီး စံချိန်သစ်တစ်ခုကိုလည်းတင်ခဲ့သည်။ ၂ဝ၁၃ခုနှစ်တွင် ဖြန့်ချိခဲ့သည့် "Roar" သီချင်းဗီဒီယိုသည်လည်း အလားတူ ကြည့်ရှုသူအရေအတွက်ကို ၂၄နာရီအတွင်း ရောက်ရှိခဲ့ပြီးဖြစ်သည်။ 

 

Ref: Billboard

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191